Under-Screen Fingerprint သုံးလာမယ္ဆိုတဲ့ Oppo K1

0
645

Oppo အေနနဲ႔ နည္းပညာအေျခခံျမင့္ၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ ဖုန္းေတြကို ေတာက္ေလ်ာက္ ထုတ္လုပ္လာေနပါတယ္။ high-end devices ထဲမွာဆိုရင္ေတာ့  R series ဖုန္းေတြက လူငယ္ေတြအတြက္ အေတာ္ေလး အဆင္ေျပပါတယ္။ အခုလည္း Oppo အေနနဲ႔ ေမာ္ဒယ္အသစ္ျဖစ္တဲ့  PBCM10 PBCM30 ဆိုတဲ့ နာမည္နဲ႔ TENAA မွာစာရင္း တင္ထားပါတယ္။ Oppo K1 လို႔ဖုန္းလို႔ သိရၿပီး ဒီေမာ္ဒယ္မွာ လက္ေဗြဖတ္စနစ္အတြက္ Under-Screen Fingerprint ကိုထည့္သြင္းလာမယ္လို႔ ဆိုပါတယ္။

TENAA မွာျပသထားခ်က္အရ ဖုန္းရဲ႕အေရာင္ကိုေတာ့ ၂ေရာင္စပ္ အေရာင္ေျပပုံစံနဲ႔ ျဖစ္ၿပီး ကင္မရာ ၂ခုရဲ႕ေဘးမွာ Flash ကိုတပ္ဆင္ ေပးထားပါတယ္။ စမတ္ဖုန္းမွာ ပါဝင္တဲ့ လုပ္ေဆာင္ခ်က္ေတြ အေနနဲ႔  6.4 လက္မ AMOLED multi-touch display နဲ႔ျဖစ္ၿပီး ၊မ်က္ႏွာျပင္ ေဖာ္ျပမႈ 2340 x 1080 (FHD+) pixels သုံးထားပါတယ္။

1.95GHz အျမန္ႏႈန္း ပရိုဆက္ဆာကို သုံးလာမယ္လို႔ သိရၿပီး အမ်ိဳးအစားကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ RAM ပိုင္းမွာ 4GB/6GB  နဲ႔ျဖစ္ၿပီး 64GB/ 128GB (4GB+128GB, 6GB+64GB) ဆုိၿပီးသုံးလာမွာပါ။ Android 8.1 Oreo ကိုသုံးလာမွာျဖစ္ၿပီး 3500 mAh ဘက္ထရီ စြမ္းအားနဲ႔ ျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ 16MP+2MP dual  ျဖစ္ၿပီး အေရွ႕ဘက္မွာေတာ့ 25MP ကင္မရာကို LED flash နဲ႔တပ္ဆင္လာမွာပါ။

unicode

Oppo အနေနဲ့ နည်းပညာအခြေခံမြင့်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတွေကို တောက်လျောက် ထုတ်လုပ်လာနေပါတယ်။ high-end devices ထဲမှာဆိုရင်တော့  R series ဖုန်းတွေက လူငယ်တွေအတွက် အတော်လေး အဆင်ပြေပါတယ်။ အခုလည်း Oppo အနေနဲ့ မော်ဒယ်အသစ်ဖြစ်တဲ့  PBCM10 PBCM30 ဆိုတဲ့ နာမည်နဲ့ TENAA မှာစာရင်း တင်ထားပါတယ်။ Oppo K1 လို့ဖုန်းလို့ သိရပြီး ဒီမော်ဒယ်မှာ လက်ဗွေဖတ်စနစ်အတွက် Under-Screen Fingerprint ကိုထည့်သွင်းလာမယ်လို့ ဆိုပါတယ်။

TENAA မှာပြသထားချက်အရ ဖုန်းရဲ့အရောင်ကိုတော့ ၂ရောင်စပ် အရောင်ပြေပုံစံနဲ့ ဖြစ်ပြီး ကင်မရာ ၂ခုရဲ့ဘေးမှာ Flash ကိုတပ်ဆင် ပေးထားပါတယ်။ စမတ်ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အနေနဲ့  6.4 လက်မ AMOLED multi-touch display နဲ့ဖြစ်ပြီး ၊မျက်နှာပြင် ဖော်ပြမှု 2340 x 1080 (FHD+) pixels သုံးထားပါတယ်။

1.95GHz အမြန်နှုန်း ပရိုဆက်ဆာကို သုံးလာမယ်လို့ သိရပြီး အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ RAM ပိုင်းမှာ 4GB/6GB  နဲ့ဖြစ်ပြီး 64GB/ 128GB (4GB+128GB, 6GB+64GB) ဆိုပြီးသုံးလာမှာပါ။ Android 8.1 Oreo ကိုသုံးလာမှာဖြစ်ပြီး 3500 mAh ဘက်ထရီ စွမ်းအားနဲ့ ဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ 16MP+2MP dual  ဖြစ်ပြီး အရှေ့ဘက်မှာတော့ 25MP ကင်မရာကို LED flash နဲ့တပ်ဆင်လာမှာပါ။

Leave a Reply