Smartphone Trending

10GB RAM နဲ႔ထြက္လာအုံးမယ့္ Oppo Find X

Oppo ရဲ႕ Find X စမတ္ဖုန္းဟာ ဒီဇုိင္းပိုင္းမွာေရာ ကင္မရာပိုင္းမွာ အေတာ္ေလးဆန္းသစ္တဲ့ ဖုန္းလို႔သတ္မွတ္ ႏိုင္ပါတယ္။ အဲ့ဒီဖုန္းကို ယခုႏွစ္ ဇူလိုင္လက မိတ္ဆက္ထားခဲ့ၿပီး အခုဆိုရင္ ျပည္တြင္းေစ်းကြက္မွာေတာင္ ဝယ္ယူႏုိင္ေနၿပီ ျဖစ္ပါတယ္။ မေန႔ကေတာ့ TENAA ရဲ႕စာရင္းမွာ 10GB  RAM သုံးလာမယ့္ ဖုန္းအသစ္ရဲ႕ အခ်က္အလက္ေတြ ထြက္လာပါတယ္။

စမတ္ဖုန္းတစ္လုံးအတြက္ 10GB  RAM  လိုအပ္မလားဆိုတာကေတာ့ ေမးခြန္းထုတ္စရာပါ။ TENAA စာရင္းမွာ ျမင္ေတြ႕မႈအရ စမတ္ဖုန္းသစ္ဟာ RAM ပိုင္းမွာသာ တိုးျမင့္လာမွာျဖစ္ၿပီး အျခားအခ်က္အလက္ ပိုင္းမွာေတာ့ ယခင္ထြက္ထားတဲ့ ဗားရွင္းေတြနဲ႔ တူညီမွာ ျဖစ္ပါတယ္။

Find X စမတ္ဖုန္းမွာ စိတ္ဝင္စားစရာအေကာင္းဆုံးနဲ႔ စိတ္လႈပ္ရွားစရာ ထည့္သြင္းေပးထားတာကေတာ့ ကင္မရာဒီဇုိင္းပဲ ျဖစ္ပါတယ္။ ကင္မရာကိုဖုန္းကိုယ္ထည္ထဲမွာ ျမဳပ္ႏွံထားတာျဖစ္ပါတယ္။ camera app ကိုဖြင္လိုက္တဲ့အခ်ိန္မွသာ ကင္မရာ ဟာထိပ္ဘက္ေနထိုးထြက္လာမွာ ျဖစ္ပါတယ္။ သူ႕မွာ ႀကီးမားတဲ့ 6.4 display နဲ႔ဆိုေပမယ့္ ရွည္ေမ်ာေမ်ာဒီဇုိင္းေၾကာင့္ လက္တဖက္တည္းနဲ႔ ကိုင္တြယ္ႏုိင္ပါလိမ့္မယ္။

မ်က္ႏွာျပင္ display ဟာကိုယ္ထည္တခုလုံးရဲ႕ 92.25 ရာခိုင္ႏႈန္း အထိ ရယူထားပါတယ္။ ဖုန္းရဲ႕အေရွ႕ဘက္ေရာ အေနာက္ဘက္ ၂ခုလုံးကို Gorilla Glass 5 အၾကမ္းခံဖန္သားနဲ႔ ဖုံးအုပ္ကာကြယ္ေပးထားၿပီးaluminum ကိုယ္ထည္နဲ႔ ျဖစ္ပါတယ္။

အေရွ႕ဘက္မွာ 25-megapixel (f/2.0)ကင္မရာကို တပ္ဆင္ေပး ထားၿပီး 3D facial scanning စနစ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ အေနာက္ဘက္ျခမ္း မွာေတာ့ 16-megapixel + 20-megapixel ကို dual တပ္ဆင္ထားၿပီး Oppo ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ ဖုန္းကို unlock ျပဳလုပ္ဖုိ႔ၾကာ ခ်ိန္ဟာ 0.5 သာရွိမယ္လို႔ ဆိုပါတယ္။

ကင္မရာေတြရဲ႕ စြမ္းေဆာင္ခ်က္ေတြအေနနဲ႔ ေနာက္ေက်ာဘက္မွာေတာ့ 16 MP (f/2.0, 1/2.6″, 1.22µm, PDAF, OIS) + 20 MP (f/2.0, 1/2.8″, 1.0µm) ျဖစ္ၿပီး phase detection autofocus, dual-LED dual-tone flash ေတြေထာက္ပံ့ေပးထားပါတယ္။

unicode

Oppo ရဲ့ Find X စမတ်ဖုန်းဟာ ဒီဇိုင်းပိုင်းမှာရော ကင်မရာပိုင်းမှာ အတော်လေးဆန်းသစ်တဲ့ ဖုန်းလို့သတ်မှတ် နိုင်ပါတယ်။ အဲ့ဒီဖုန်းကို ယခုနှစ် ဇူလိုင်လက မိတ်ဆက်ထားခဲ့ပြီး အခုဆိုရင် ပြည်တွင်းဈေးကွက်မှာတောင် ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ မနေ့ကတော့ TENAA ရဲ့စာရင်းမှာ 10GB  RAM သုံးလာမယ့် ဖုန်းအသစ်ရဲ့ အချက်အလက်တွေ ထွက်လာပါတယ်။

စမတ်ဖုန်းတစ်လုံးအတွက် 10GB  RAM  လိုအပ်မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ TENAA စာရင်းမှာ မြင်တွေ့မှုအရ စမတ်ဖုန်းသစ်ဟာ RAM ပိုင်းမှာသာ တိုးမြင့်လာမှာဖြစ်ပြီး အခြားအချက်အလက် ပိုင်းမှာတော့ ယခင်ထွက်ထားတဲ့ ဗားရှင်းတွေနဲ့ တူညီမှာ ဖြစ်ပါတယ်။

Find X စမတ်ဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ ထည့်သွင်းပေးထားတာကတော့ ကင်မရာဒီဇိုင်းပဲ ဖြစ်ပါတယ်။ ကင်မရာကိုဖုန်းကိုယ်ထည်ထဲမှာ မြုပ်နှံထားတာဖြစ်ပါတယ်။ camera app ကိုဖွင်လိုက်တဲ့အချိန်မှသာ ကင်မရာ ဟာထိပ်ဘက်နေထိုးထွက်လာမှာ ဖြစ်ပါတယ်။ သူ့မှာ ကြီးမားတဲ့ 6.4 display နဲ့ဆိုပေမယ့် ရှည်မျောမျောဒီဇိုင်းကြောင့် လက်တဖက်တည်းနဲ့ ကိုင်တွယ်နိုင်ပါလိမ့်မယ်။

မျက်နှာပြင် display ဟာကိုယ်ထည်တခုလုံးရဲ့ 92.25 ရာခိုင်နှုန်း အထိ ရယူထားပါတယ်။ ဖုန်းရဲ့အရှေ့ဘက်ရော အနောက်ဘက် ၂ခုလုံးကို Gorilla Glass 5 အကြမ်းခံဖန်သားနဲ့ ဖုံးအုပ်ကာကွယ်ပေးထားပြီးaluminum ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။

အရှေ့ဘက်မှာ 25-megapixel (f/2.0)ကင်မရာကို တပ်ဆင်ပေး ထားပြီး 3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။ အနောက်ဘက်ခြမ်း မှာတော့ 16-megapixel + 20-megapixel ကို dual တပ်ဆင်ထားပြီး Oppo ကုမ္ပဏီရဲ့ပြောကြားချက်အရ ဖုန်းကို unlock ပြုလုပ်ဖို့ကြာ ချိန်ဟာ 0.5 သာရှိမယ်လို့ ဆိုပါတယ်။

ကင်မရာတွေရဲ့ စွမ်းဆောင်ချက်တွေအနေနဲ့ နောက်ကျောဘက်မှာတော့ 16 MP (f/2.0, 1/2.6″, 1.22µm, PDAF, OIS) + 20 MP (f/2.0, 1/2.8″, 1.0µm) ဖြစ်ပြီး phase detection autofocus, dual-LED dual-tone flash တွေထောက်ပံ့ပေးထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.