OnePlus 6T မွာသုံးလာမယ့္ ဘက္ထရီပမာဏသိရၿပီ

0
581

OnePlus 6T စမတ္ဖုန္းကို ေအာက္တိုဘာလထဲမွာ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဒီဖုန္းသစ္နဲ႔ ပတ္သတ္လို႔ ဓာတ္ပံု၊ ဗီဒီယုိေတြ ထြက္ရွိေနၿပီး အဲ့ဒီကေနမွာ သူ႕မွာပါဝင္လာမယ့္ အခ်က္အလက္ေတြကို သိေနရပါၿပီ။ ဒီဖုန္းသစ္မွာ in-display fingerprint scanner သုံးလာမယ္လို႔ေတာင္ ဆိုပါတယ္။ စမတ္ဖုန္းသစ္ျဖစ္တဲ့ OnePlus 6T မွာ Dash Charge အားသြင္းစနစ္ကိုသာ ျပန္လည္သုံးသြားမွာျဖစ္ၿပီး ဒီေန႔မွာေတာ့ ဖုန္းမွာထည့္သြင္းလာမယ့္ ဘက္ထရီပမာဏကို သိလုိက္ရပါတယ္။

တရုတ္လူမႈကြန္ရက္ ျဖစ္တဲ့  Weibo မွာ leakster တစ္ဦးကတင္လိုက္တာ ျဖစ္ၿပီး သူ႕မွာ  OnePlus 6 ဘက္ထရီထက္ ၁၀ရာခိုင္ႏႈန္း ပိုႀကီးမားတဲ့ 3,700 mAh သုံးလာမယ္ဆုိတာပါ။ ဘက္ထရီ power cell ေပၚမွာ ေရးသားထားခ်က္အရ  typical capacity မွာ 3,700 mAh ျဖစ္ၿပီး ၊ rated capacity မွာေတာ့  3,610 mAh ျဖစ္ပါတယ္။

သူနဲ႔ပတ္သတ္လို႔ ထြက္ထားတဲ့ အျခားအခ်က္အလက္ေတြကေတာ့ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားႏိုင္ၿပီး Notch လည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ Oppo R17 Pro မွ Hardware မ်ား၊ လုပ္ေဆာင္ခ်က္မ်ားနဲ႔ ဒီဇိုင္းကို သံုးထားႏုိင္ပါတယ္။ Oppo SuperVOOC ကို အေျချပဳထားတဲ့ Dash Charge က ပိုမိုတိုးတက္လာမွာပါ။ နားၾကပ္ေပါက္ ပါ၀င္လာမွာ မဟုတ္ဘဲ မ်က္ႏွာျပင္ ႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္နည္းပညာ သုံးလာႏိုင္ပါတယ္။ ေအာက္တိုဘာ ၁၇ရက္ေန႔မွာ မိတ္ဆက္လာမွာပါ။

unicode

OnePlus 6T စမတ်ဖုန်းကို အောက်တိုဘာလထဲမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီဖုန်းသစ်နဲ့ ပတ်သတ်လို့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ထွက်ရှိနေပြီး အဲ့ဒီကနေမှာ သူ့မှာပါဝင်လာမယ့် အချက်အလက်တွေကို သိနေရပါပြီ။ ဒီဖုန်းသစ်မှာ in-display fingerprint scanner သုံးလာမယ်လို့တောင် ဆိုပါတယ်။ စမတ်ဖုန်းသစ်ဖြစ်တဲ့ OnePlus 6T မှာ Dash Charge အားသွင်းစနစ်ကိုသာ ပြန်လည်သုံးသွားမှာဖြစ်ပြီး ဒီနေ့မှာတော့ ဖုန်းမှာထည့်သွင်းလာမယ့် ဘက်ထရီပမာဏကို သိလိုက်ရပါတယ်။

တရုတ်လူမှုကွန်ရက် ဖြစ်တဲ့  Weibo မှာ leakster တစ်ဦးကတင်လိုက်တာ ဖြစ်ပြီး သူ့မှာ  OnePlus 6 ဘက်ထရီထက် ၁၀ရာခိုင်နှုန်း ပိုကြီးမားတဲ့ 3,700 mAh သုံးလာမယ်ဆိုတာပါ။ ဘက်ထရီ power cell ပေါ်မှာ ရေးသားထားချက်အရ  typical capacity မှာ 3,700 mAh ဖြစ်ပြီး ၊ rated capacity မှာတော့  3,610 mAh ဖြစ်ပါတယ်။

သူနဲ့ပတ်သတ်လို့ ထွက်ထားတဲ့ အခြားအချက်အလက်တွေကတော့ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားနိုင်ပြီး Notch လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ Hardware များ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။ Oppo SuperVOOC ကို အခြေပြုထားတဲ့ Dash Charge က ပိုမိုတိုးတက်လာမှာပါ။ နားကြပ်ပေါက် ပါဝင်လာမှာ မဟုတ်ဘဲ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ်နည်းပညာ သုံးလာနိုင်ပါတယ်။ အောက်တိုဘာ ၁၇ရက်နေ့မှာ မိတ်ဆက်လာမှာပါ။

Leave a Reply