Android 8.1 Oreo သာထည့္သြင္းလာမယ့္ LG V40 ThinQ

0
558

Android 9.0 Pie ထြက္ထားတာ လအနည္းငယ္ရွိၿပီ ဆိုေပမယ့္ လက္ရွိအခ်ိန္ထိ စမတ္ဖုန္း အမ်ားစုမွာ ထည့္သြင္းေပးထားျခင္း မရွိေသးပါဘူး။ ဒီေန႔မွာလည္း LG ရဲ႕အသစ္ထြက္လာမယ့္ စမတ္ဖုန္းသစ္ျဖစ္တဲ့ V40 ThinQ ရဲ႕ အခ်က္အလက္ ေပါက္ၾကားမႈအရ ေအာက္တိုဘာမွာ မိတ္ဆက္လာမယ့္ အဲ့ဒီဖုန္းသစ္မွာ

Android 8.1 Oreo ကိုသာ သုံးႏုိင္အုံးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Geekbench ထြက္လာတဲ့စာရင္းအရ သိလိုက္ရတာျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ LGE LM- V405 ဆိုၿပီးတင္ထားတာပါ။ Geekbench score မွာေတာ့ ဒီဖုန္းဟာ Single-Core မွာ 2397 နဲ႔ Multi-Core မွာ 8054 ရထားပါတယ္။

ဒီဖုန္းမွာ ပါဝင္လာမယ့္ အခ်က္အလက္ေတြအေနနဲ႔ ကင္မရာ၅လုံးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ ၃လုံးနဲ႔ အေရွ႕ဘက္မွာ ၂လုံးတပ္ဆင္လာမယ္လို႔ သိရပါတယ္။ V40 ThinQ မွာမ်က္ႏွာျပင္ပိုင္းအတြက္ 6.5 inches ျဖစ္တဲ့ P-OLED ကိုသုံးလာမွာျဖစ္ၿပီး Corning Gorilla Glass 5 နဲ႔ကာကြယ္ေပးပါလိမ့္မယ္။

Dolby Vision/HDR10 compliant တို႔ေထာက္ပံ့ေပးၿပီး Android 8.1 (Oreo) အေျချပဳ LG UX 7.0+ ကိုသုံးလာဖို႔ မ်ားပါတယ္။ Qualcomm Snapdragon 845 ပရိုဆက္ဆာနဲ႔ျဖစ္ၿပီး Adreno 630 ဂရပ္ဖစ္ ေပါင္းစပ္မႈပါ။

ကင္မရာပိုင္းအတြက္ လက္ရွိထြက္ထားတဲ့ အခ်က္အလက္ေတြမွာေတာ့ 16 MP, f/1.6 + 13 MP, f/1.9 + 8 MP, 80mm (telephoto) တို႔သုံးလာမယ္လို႔ သိရၿပီး ကင္မရာေတြကို အလ်ားလိုက္ တပ္ဆင္ထားမွာပါ။ 24-bit/192kHz stereo sound ေထာက္ပံ့မႈနဲ႔အတူ ဗီဒီယိုရုိက္မယ္ဆိုရင္ 2160p@30fps, 1080p@30/60fps, 720p@120fps ႏႈန္းနဲ႔ ရရွိမွာပါ။ Quick Charge 3.0 သာသုံးႏိုင္အုံးမွာျဖစ္ၿပီး ဘက္ထရီကလည္း Li-Po 3300 mAh စြမ္းအားသာ ထည့္ေပးထားပါတယ္။

unicode

Android 9.0 Pie ထွက်ထားတာ လအနည်းငယ်ရှိပြီ ဆိုပေမယ့် လက်ရှိအချိန်ထိ စမတ်ဖုန်း အများစုမှာ ထည့်သွင်းပေးထားခြင်း မရှိသေးပါဘူး။ ဒီနေ့မှာလည်း LG ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းသစ်ဖြစ်တဲ့ V40 ThinQ ရဲ့ အချက်အလက် ပေါက်ကြားမှုအရ အောက်တိုဘာမှာ မိတ်ဆက်လာမယ့် အဲ့ဒီဖုန်းသစ်မှာ

Android 8.1 Oreo ကိုသာ သုံးနိုင်အုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Geekbench ထွက်လာတဲ့စာရင်းအရ သိလိုက်ရတာဖြစ်ပြီး မော်ဒယ်နံပါတ် LGE LM- V405 ဆိုပြီးတင်ထားတာပါ။ Geekbench score မှာတော့ ဒီဖုန်းဟာ Single-Core မှာ 2397 နဲ့ Multi-Core မှာ 8054 ရထားပါတယ်။

ဒီဖုန်းမှာ ပါဝင်လာမယ့် အချက်အလက်တွေအနေနဲ့ ကင်မရာ၅လုံးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး နောက်ကျောဘက်မှာ ၃လုံးနဲ့ အရှေ့ဘက်မှာ ၂လုံးတပ်ဆင်လာမယ်လို့ သိရပါတယ်။ V40 ThinQ မှာမျက်နှာပြင်ပိုင်းအတွက် 6.5 inches ဖြစ်တဲ့ P-OLED ကိုသုံးလာမှာဖြစ်ပြီး Corning Gorilla Glass 5 နဲ့ကာကွယ်ပေးပါလိမ့်မယ်။

Dolby Vision/HDR10 compliant တို့ထောက်ပံ့ပေးပြီး Android 8.1 (Oreo) အခြေပြု LG UX 7.0+ ကိုသုံးလာဖို့ များပါတယ်။ Qualcomm Snapdragon 845 ပရိုဆက်ဆာနဲ့ဖြစ်ပြီး Adreno 630 ဂရပ်ဖစ် ပေါင်းစပ်မှုပါ။

ကင်မရာပိုင်းအတွက် လက်ရှိထွက်ထားတဲ့ အချက်အလက်တွေမှာတော့ 16 MP, f/1.6 + 13 MP, f/1.9 + 8 MP, 80mm (telephoto) တို့သုံးလာမယ်လို့ သိရပြီး ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားမှာပါ။ 24-bit/192kHz stereo sound ထောက်ပံ့မှုနဲ့အတူ ဗီဒီယိုရိုက်မယ်ဆိုရင် 2160p@30fps, 1080p@30/60fps, 720p@120fps နှုန်းနဲ့ ရရှိမှာပါ။ Quick Charge 3.0 သာသုံးနိုင်အုံးမှာဖြစ်ပြီး ဘက်ထရီကလည်း Li-Po 3300 mAh စွမ်းအားသာ ထည့်ပေးထားပါတယ်။

Leave a Reply