iOS 12 run ထားတဲ့ iPhone XS ကို Jailbreak လုပ္ျခင္း

0
896

Zawgyi Version

Apple ရဲ႕ iPhone XS ကေတာ့ ေၾကညာထားတာ တစ္ပတ္ေတာင္မျပည့္ေသးပါဘူး။ hardware ေတြကေတာ့ အရမ္းမုိက္ေနတဲ့အတြက္ေၾကာင့္ Pangu ကလြဲျပီး အျခားသူေတြ Jailbreak မလုပ္ႏုိင္ေလာက္ပါဘူး။
Twitter ေပၚမွာေတာ့ Min Zheng ဟာ Pangu အဖြဲ႕၀င္ေတြအေနနဲ႕ Apple ရဲ႕ iPhone XS ကို jailbreak လုပ္ျပီးသြားေၾကာင္း တင္ထားပါတယ္။ သူတို႕ဟာ A12 Bionic chip ေလးကို bypassing PAC mitigation နဲ႕ ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ Zheng ကေတာ့ iPhone XS hardware မွာ root access လုပ္ထားတဲ့ screenshot ေလးကို ျပထားခဲ့ပါတယ္။ ဒီေတာ့ ေအာင္ျမင္စြာနဲ႕ jailbreak လုပ္ထားတယ္ဆုိတဲ့သေဘာပါပဲ။
iPhone XS မွာ iOS 12 Jailbreak ကို @PanguTeam ေတြ လုပ္ထားခဲ့ပါတယ္။ Bypass PAC mitigation ကို A12 chip မွာ လုပ္ႏုိင္တာ အံ့ၾသစရာပါပဲ။
သီအိုရီအရေတာ့ iPhone XS Max လည္း လုပ္ႏုိင္မွာပါပဲ။ ဒီေတာ့ iPhone XS Max ကို မလုပ္ခဲ့တာက မလုပ္ႏုိင္လို႕လည္း ျဖစ္ပါလိမ့္မယ္။


ဒါေပမယ့္လည္း အမ်ားကိုခ်ျပမလားဆိုတာကေတာ့ မေျပာႏုိင္ေသးပါဘူး။ ဒါေပမယ့္လည္း သူတို႕အတြက္ေတာ့ ယံုၾကည္မႈေကာင္းေကာင္းရွာႏုိင္ခဲ့တယ္လို႕ေျပာရမွာေပါ့။


Apple ကေတာ့ ေက်နပ္မွာမဟုတ္ပါဘူး။ iOS 12 ကို stable ျဖစ္ေအာင္ လုပ္ထားရတာေလ။ ဒီေတာ့ jailbreak ျမန္ျမန္ေပါက္သြားတယ္ဆုုုိတာ မလြယ္တဲ့ျဖစ္ရပ္ပါပဲ။ ဒီေတာ့ update ေတြ ဆက္ထြက္လာပါလိမ့္မယ္။ ေစာင့္ၾကည့္လုိက္ပါဦး။

Unicode Version

Apple ရဲ့ iPhone XS ကတော့ ကြေညာထားတာ တစ်ပတ်တောင်မပြည့်သေးပါဘူး။ hardware တွေကတော့ အရမ်းမိုက်နေတဲ့အတွက်ကြောင့် Pangu ကလွဲပြီး အခြားသူတွေ Jailbreak မလုပ်နိုင်လောက်ပါဘူး။
Twitter ပေါ်မှာတော့ Min Zheng ဟာ Pangu အဖွဲ့ဝင်တွေအနေနဲ့ Apple ရဲ့ iPhone XS ကို jailbreak လုပ်ပြီးသွားကြောင်း တင်ထားပါတယ်။ သူတို့ဟာ A12 Bionic chip လေးကို bypassing PAC mitigation နဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် Zheng ကတော့ iPhone XS hardware မှာ root access လုပ်ထားတဲ့ screenshot လေးကို ပြထားခဲ့ပါတယ်။ ဒီတော့ အောင်မြင်စွာနဲ့ jailbreak လုပ်ထားတယ်ဆိုတဲ့သဘောပါပဲ။
iPhone XS မှာ iOS 12 Jailbreak ကို @PanguTeam တွေ လုပ်ထားခဲ့ပါတယ်။ Bypass PAC mitigation ကို A12 chip မှာ လုပ်နိုင်တာ အံ့သြစရာပါပဲ။
သီအိုရီအရတော့ iPhone XS Max လည်း လုပ်နိုင်မှာပါပဲ။ ဒီတော့ iPhone XS Max ကို မလုပ်ခဲ့တာက မလုပ်နိုင်လို့လည်း ဖြစ်ပါလိမ့်မယ်။


ဒါပေမယ့်လည်း အများကိုချပြမလားဆိုတာကတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူတို့အတွက်တော့ ယုံကြည်မှုကောင်းကောင်းရှာနိုင်ခဲ့တယ်လို့ပြောရမှာပေါ့။


Apple ကတော့ ကျေနပ်မှာမဟုတ်ပါဘူး။ iOS 12 ကို stable ဖြစ်အောင် လုပ်ထားရတာလေ။ ဒီတော့ jailbreak မြန်မြန်ပေါက်သွားတယ်ဆိုတာ မလွယ်တဲ့ဖြစ်ရပ်ပါပဲ။ ဒီတော့ update တွေ ဆက်ထွက်လာပါလိမ့်မယ်။ စောင့်ကြည့်လိုက်ပါဦး။

 

Leave a Reply