အောက်တိုဘာလကုန်လောက်မှာ အကြို ရောင်းချမှု ပြုလုပ်လာမယ့် HTC Blockchain စမတ်ဖုန်း

0
1463




unicode

ဒီနှစ်ဟာ Android စမတ်ဖုန်း ထုတ်လုပ်မှုတွေရဲ့ ၁၀နှစ်ပြည့်မြောက်တဲ့ နှစ်လို့ဆိုရပါလိမ့်မယ်။ 2008 စက်တင်ဘာ 23 ရက်နေ့က ထုတ်ခဲ့တဲ့ HTC ရဲ့  HTC Dream ဖုန်းဟာ ပထမဆုံး Android စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ကိုတခြားအမည်လွှဲ အနေနဲ့ T-Mobile G1 လို့လည်း ခေါ်ပါသေးတယ်။ Android စမတ်ဖုန်းတွေရဲ့ ဦးဆောင်သူလို့ သတ်မှတ်နိုင်တဲ့ HTC ဟာနောက်ပိုင်းမှာ စမတ်ဖုန်းဈေးကွက်ကနေ တဖြည်းဖြည်း ဝေးကွာလာတာကို တွေ့ရပါတယ်။

အခုတော့ HTC အနေနဲ့ နောက်ထပ် နည်းပညာတစ်ခုကို ထပ်မံယူဆောင်လာ ပါပြီ။ အဲ့ဒါကတော့ Blockchain  စမတ်ဖုန်းပါ။ ံHTC အနေနဲ့ အဲ့ဒီစမတ်ဖုန်းသစ်ကို အောက်တိုဘာလကုန်ပိုင်းလောက်မှာ ထိုင်ဝမ်၊အမေရိကန်နဲ့ အခြားမိုဘိုင်း ဈေးကွက်အနည်းငယ်မှာ မိတ်ဆက်လာမယ်လို့ ဆိုပြီး အကြိုရောင်းချမှုတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ရှိမှာပါ။

Exodus လို့နာမည်ပေးထားတဲ့ ဒီဖုန်းဟာ key recover နဲ့လာပြီး bitcoin / litecoin စတဲ့ cryptocurrency တွေ သိမ်းနိုင်တဲ့ ပထမဆုံး cold wallet ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ Exodus ဟာ CryptoKitties တို့လို Decentralized app (DApps) တွေအတွက်လည်း သီးသန့်ပံ့ပိုးမှုပါတဲ့ ဖုန်းဖြစ်ပြီး cryptocurrency ဆိုင်ရာ protocols တွေအများကြီးနဲ့ကိုက်ညီသလို အပြန်အလှန်လည်း လုပ်ဆောင်နိုင်စွမ်းလည်း ထည့်ပေးထားတယ်လို့ဆိုပါတယ်။

Leave a Reply