FCC အသိအမွတ္ျပဳရရွိၿပီ ျဖစ္တဲ့ Apple iPhone XR

0
705

Apple အေနနဲ႔ စမတ္ဖုန္းသစ္ ၃မ်ိဳးကို မိတ္ဆက္ထားၿပီး အဓိကစီးရီးလို႔ ေခၚႏုိင္တဲ့ iPhone XS နဲ႔ Xs Max ကိုေတာ့ ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ တန္ဘိုးနည္း ဖုန္းလို႔ ဆိုရမယ့္ iPhone XR ကိုေတာ့ ေရာင္းခ်ျခင္း မရွိေသးပါဘူး။ ဘာေၾကာင့္လဲဆိုရင္ iPhone XR ဖုန္းအေနနဲ႔ FCC ရဲ႕စည္းမ်ဥ္းသတ္မွတ္ခ်က္ေတြကို ေစာင့္ေနရတဲ့ အတြက္ ျဖစ္ပါတယ္။ အခုေတာ့ အဲ့ဒီဖုန္းသစ္ဟာ FCC ရဲ႕အသိအမွတ္ျပဳမႈကို model number BCG-E3220A နဲ႔ရရွိခဲ့တာပါ။ ပရီေအာ္ဒါစတင္ေပးထားတာ ၃ပတ္ဝန္းက်င္ေလာက္ရွိေနၿပီး ေအာက္တိုဘာ ၂၆ရက္ေန႔မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

iPhone XR ဟာ  iPhone XS နဲ႔ iPhone XS Max  ဖုန္းေတြထက္ ေစ်းႏႈန္းပိုင္းမွာ ပိုသက္သာၿပီး “Liquid Retina” display  ကိုသုံးထားပါတယ္။ ေစ်းႏႈန္းကေတာ့ $749 စတင္ေရာင္းခ်မွာပါ။ XR ဖုန္းဟာ iPhone XS ထက္ပိုႀကီးမားတဲ့ Display နဲ႔ျဖစ္ၿပီး အလူမီနီယမ္ကိုယ္ထည္နဲ႔ ျဖစ္ပါတယ္။ သူ႕မွာ water & dust ကာကြယ္ႏိုင္စြမ္းအတြက္ IP67 ကိုေထာက္ပံ့ထားပါတယ္။

သူ႕မွာ Haptic touch စနစ္ကိုသုံးလာၿပီး A12 Bionic processor နဲ႔ျဖစ္ပါတယ္။ iPhone XR မွာ ကင္မရာပိုင္းအေနနဲ႔ ေနာက္ေက်ာဘက္မွာ 12-megapixel wide-angle ကင္မရာကိုသာ တပ္ဆင္ေပးထားပါတယ္။ ကင္မရာ တစ္လုံး ထဲဆိုေပမယ့္ portrait mode နဲ႔ blurred background effect ေတြဖန္တီးႏုိင္ပါလိမ့္မယ္။  front-facing ကင္မရာပိုင္း မွာေတာ့  Apple ရဲ႕ TrueDepth system နဲ႔  7-megapixel sensor ကိုသုံးႏုိင္မွာပါ။

unicode

Apple အနေနဲ့ စမတ်ဖုန်းသစ် ၃မျိုးကို မိတ်ဆက်ထားပြီး အဓိကစီးရီးလို့ ခေါ်နိုင်တဲ့ iPhone XS နဲ့ Xs Max ကိုတော့ ရောင်းချနေပြီ ဖြစ်ပါတယ်။ တန်ဘိုးနည်း ဖုန်းလို့ ဆိုရမယ့် iPhone XR ကိုတော့ ရောင်းချခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုရင် iPhone XR ဖုန်းအနေနဲ့ FCC ရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေကို စောင့်နေရတဲ့ အတွက် ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီဖုန်းသစ်ဟာ FCC ရဲ့အသိအမှတ်ပြုမှုကို model number BCG-E3220A နဲ့ရရှိခဲ့တာပါ။ ပရီအော်ဒါစတင်ပေးထားတာ ၃ပတ်ဝန်းကျင်လောက်ရှိနေပြီး အောက်တိုဘာ ၂၆ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

iPhone XR ဟာ  iPhone XS နဲ့ iPhone XS Max  ဖုန်းတွေထက် ဈေးနှုန်းပိုင်းမှာ ပိုသက်သာပြီး “Liquid Retina” display  ကိုသုံးထားပါတယ်။ ဈေးနှုန်းကတော့ $749 စတင်ရောင်းချမှာပါ။ XR ဖုန်းဟာ iPhone XS ထက်ပိုကြီးမားတဲ့ Display နဲ့ဖြစ်ပြီး အလူမီနီယမ်ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ သူ့မှာ water & dust ကာကွယ်နိုင်စွမ်းအတွက် IP67 ကိုထောက်ပံ့ထားပါတယ်။

သူ့မှာ Haptic touch စနစ်ကိုသုံးလာပြီး A12 Bionic processor နဲ့ဖြစ်ပါတယ်။ iPhone XR မှာ ကင်မရာပိုင်းအနေနဲ့ နောက်ကျောဘက်မှာ 12-megapixel wide-angle ကင်မရာကိုသာ တပ်ဆင်ပေးထားပါတယ်။ ကင်မရာ တစ်လုံး ထဲဆိုပေမယ့် portrait mode နဲ့ blurred background effect တွေဖန်တီးနိုင်ပါလိမ့်မယ်။  front-facing ကင်မရာပိုင်း မှာတော့  Apple ရဲ့ TrueDepth system နဲ့  7-megapixel sensor ကိုသုံးနိုင်မှာပါ။

Leave a Reply