
0
193




unicode

8GB RAM , Snapdragon 660 ပါတဲ့ Realme 2 Pro ကို ကြေညာပြီ

Oppo က တတိယမြောက် Realme Phone ကို ကြေညာလိုက်ပါတယ်။ Realme 2 Pro မှာ ၆.၃ လက်မ Full HD+ Display နဲ့ Waterdrop Notch ပါပါတယ်။ ကုမ္ပဏီကတော့ Dewdrop လို့ ခေါ်ပါတယ်။ Snapdragon 660 Chipset များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16+2MP Camera နဲ့ အရှေ့ဘက်မှာ 16MP Camera များ ပါပါတယ်။ ဘဲဥပုံ လက်ဗွေရာ ဆန်ဆာကို အနောက်မှာ မြှပ်နှံထားပါတယ်။ ဒါပေမယ့် Realme 1 နဲ့ 2 တို့မှာလို အနောက်ဘက်မှာ Diamond Pattern မပါပါဘူး။

သူ့မှာ Android 8.1 အခြေပြု ColorOS 5.2 ထည့်ထားပါတယ်။ Easy Screenshot , Clone Phone နဲ့ ဖုန်းထဲက ဗီဒီယိုများကို နောက်ခံမှာ Play လုပ်ပေးတဲ့ Smart Play ဆော့ဖ်ဝဲ လုပ်ဆောင်ချက်များ ပါပါတယ်။ ဘက်ထရီက 3500mAh ဖြစ်ပါတယ်။ လျှင်မြန်စွာ အားသွင်း နည်းပညာတော့ မပါပါဘူး။

4/64 GB, 6/64 GB, 8/128 GB များ ထုတ်လုပ်ထားပြီး ၁၉၂ ဒေါ်လာ ၊ ၂၂၀ ဒေါ်လာနဲ့ ၂၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အနက်၊ အပြာရင့်၊ အပြာဖျော့ရောင်များ ရွေးချယ်နိုင်ပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့မှာ Flipkart ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူဟာ အိန္ဒိယ ပြင်ပမှာ ရောင်းချမယ့် ပထမဆုံး Realme Phone ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ရောင်းချမယ့် နိုင်ငံများကို ကြေညာမှာပါ။

Leave a Reply