Xiaomi က Mi Band 3 နဲ႔ Mi Air Purifier 2S ကို ေၾကညာ

0
428

ေရွာင္မီက အိႏၵိယမွာ Mi Band 3 နဲ႔ Mi Air Purifier 2S ကို ေၾကညာလိုက္ပါတယ္။ Mi Band 3 မွာ OLED Touchscreen ထည့္သြင္းထားၿပီး ဖုန္းမွ Notifications မ်ားကို ျပသေပးထားပါတယ္။ ေရအနက္ ၅၀ မီတာ အထိ ၀တ္ဆင္ႏိုင္ပါတနယ္။ ရူပီး ၁၉၉၉ ( ၂၇ ေဒၚလာ ၀န္းက်င္) ျဖင့္ Amazon India နဲ႔ Mi.com ကေန ေရာင္းခ်ေပးလိုက္ပါတယ္။

Mi Air Purifier 2S မွာလည္း ေလရဲ႕ အရည္အေသြး ၊ ေလရဲ႕ အပူခ်ိန္နဲ႔ ေလထု စိုထိုင္းမႈကို ျပသေပးတဲ့ OLED Display တပ္ဆင္ထားပါတယ္။ ပတ္၀န္းက်င္မွ အလင္းေရာင္ အေပၚ မူတည္ၿပီး သူက Brightness ကို ခ်ိန္ညွိေပးပါတယ္။ 0.3 μm အထိ ေသးငယ္တဲ့ အမႈန္မ်ားကို ဆန္ဆာက တိုင္းတာေပးပါတယ္။ ၁၀ မိနစ္အတြင္းမွာ အခန္းတစ္ခုရဲ႕ ေလထုကိုသန္႔ရွင္းေပးႏိုင္ပါတယ္။ သူ႔မွာ အလႊာ ၃ ခုပါတဲ့ ေလသန္႔စင္ စနစ္ပါပါတယ္။

သူ႔ကို သင့္ဖုန္းမွ Mi Home App သို႔မဟုတ္ Amazon Alexa နဲ႔ Google Assistant တို႔လို Voice Assistant မ်ားကေန ထိန္းခ်ဳပ္ႏုိင္ပါတယ္။ ရူပီး ၈၉၉၉ ျဖင့္ Mi.com , Amazon India , Flipkart ကေန ေရာင္းခ်ေပးထားပါတယ္။

Mi Home Security Camera 360 Degree 1080P ကေတာ့ ေနအိမ္ ေထာက္လွမ္းေရး စနစ္ ျဖစ္ပါတယ္။ သူ႔မွာ Night Vision ပါပါတယ္။ ဥာဏ္ရည္ျမင့္ လႈပ္ရွားမႈကို အာရံုခံတဲ့ နည္းပညာ ၊ 1080p Video မ်ား ဖမ္းယူျခင္းမ်ား ပါရွိပါတယ္။ ရူပီး ၂၆၉၉ သတ္မွတ္ထားပါတယ္။

unicode

Xiaomi က Mi Band 3 နဲ့ Mi Air Purifier 2S ကို ကြေညာ

ရှောင်မီက အိန္ဒိယမှာ Mi Band 3 နဲ့ Mi Air Purifier 2S ကို ကြေညာလိုက်ပါတယ်။ Mi Band 3 မှာ OLED Touchscreen ထည့်သွင်းထားပြီး ဖုန်းမှ Notifications များကို ပြသပေးထားပါတယ်။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်ပါတနယ်။ ရူပီး ၁၉၉၉ ( ၂၇ ဒေါ်လာ ဝန်းကျင်) ဖြင့် Amazon India နဲ့ Mi.com ကနေ ရောင်းချပေးလိုက်ပါတယ်။

Mi Air Purifier 2S မှာလည်း လေရဲ့ အရည်အသွေး ၊ လေရဲ့ အပူချိန်နဲ့ လေထု စိုထိုင်းမှုကို ပြသပေးတဲ့ OLED Display တပ်ဆင်ထားပါတယ်။ ပတ်ဝန်းကျင်မှ အလင်းရောင် အပေါ် မူတည်ပြီး သူက Brightness ကို ချိန်ညှိပေးပါတယ်။ 0.3 μm အထိ သေးငယ်တဲ့ အမှုန်များကို ဆန်ဆာက တိုင်းတာပေးပါတယ်။ ၁၀ မိနစ်အတွင်းမှာ အခန်းတစ်ခုရဲ့ လေထုကိုသန့်ရှင်းပေးနိုင်ပါတယ်။ သူ့မှာ အလွှာ ၃ ခုပါတဲ့ လေသန့်စင် စနစ်ပါပါတယ်။

သူ့ကို သင့်ဖုန်းမှ Mi Home App သို့မဟုတ် Amazon Alexa နဲ့ Google Assistant တို့လို Voice Assistant များကနေ ထိန်းချုပ်နိုင်ပါတယ်။ ရူပီး ၈၉၉၉ ဖြင့် Mi.com , Amazon India , Flipkart ကနေ ရောင်းချပေးထားပါတယ်။

Mi Home Security Camera 360 Degree 1080P ကတော့ နေအိမ် ထောက်လှမ်းရေး စနစ် ဖြစ်ပါတယ်။ သူ့မှာ Night Vision ပါပါတယ်။ ဉာဏ်ရည်မြင့် လှုပ်ရှားမှုကို အာရုံခံတဲ့ နည်းပညာ ၊ 1080p Video များ ဖမ်းယူခြင်းများ ပါရှိပါတယ်။ ရူပီး ၂၆၉၉ သတ်မှတ်ထားပါတယ်။

Leave a Reply