Notch နဲ႔ Dual Camera ပါတဲ့ တန္ဖိုးနည္း Honor 8C ကို ေၾကညာေတာ့မည္

0
734

ဟြာေ၀းက ေအာက္တိုဘာလ ၁၁ ရက္ေန႔မွာ ေၾကညာမယ့္ Honor 8C အတြက္ ဖိတ္စာမ်ားကို ျဖန္႔ေ၀လိုက္ပါတယ္။ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာ TENAA မွာ ထြက္ေပၚခဲ့ၿပီးပါၿပီ။ သူဟာ ေမလက ေၾကညာခဲ့တဲ့ Honor 7C ရဲ႕ မ်ိဳးဆက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ေအာက္တိုဘာလ ၁၁ ရက္ေန႔မွာ ဥေရာပတြင္ ေရာင္းမယ့္ Honor 8X ရဲ႕ အရြယ္ေသး တန္ဖိုးနည္း ေမာ္ဒယ္လို႔လည္း ေျပာႏုိင္ပါတယ္။

Honor 8C မွာ ၆.၂၈ လက္မ LCD (720×1520) Display ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္း ျဖစ္ပါတယ္။ RAM ကိုေတာ့ 4GB သို႔ တိုးျမွင့္ထားပါတယ္။ Storage မ်ားအတြက္ 32GB or 64GB မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။

အေနာက္ဘက္မွာ 13+2MP Dual Camera နဲ႔ အေရွ႕ဘက္မွာ 8MP Camera မ်ား ပါပါတယ္။ ဒါဟာ Honor 7C ရဲ႕ ကင္မရာမ်ားနဲ႔ တူညီပါတယ္။ Honor 8X ေလာက္ေတာ့ မေကာင္းပါဘူး။ Honor 8C မွာ သူ႔ ေမာ္ဒယ္ခြဲမ်ားမွာထက္ ပိုမိုႀကီးမားတဲ့ 3900mAh Battery ထည့္သြင္းထားပါတယ္။ 7C ထက္ 900mAh ပိုမ်ားလာပါတယ္။ ဖိတ္စာမွာ Charging Up Tagline ပါေပမယ့္ သူ႔မွာ 10W Charger သာပါလာတဲ့အတြက္ လွ်င္ျမန္စြာ အားသြင္း နည္းပညာ မပါလာပါဘူး။ 7C ရဲ႕ အေျခခံ ေမာ္ဒယ္ကို လြန္ခဲ့တဲ့ ၄ လက ၁၃၇ ေဒၚလာျဖင့္ ေရာင္းခ်ေပးခဲ့ပါတယ္။ အဲဒီအတြက္ Honor 8C ကလည္း ဒီေစ်းေလာက္ပဲ ျဖစ္ႏုိင္ပါတယ္။

unicode

Notch နဲ့ Dual Camera ပါတဲ့ တန်ဖိုးနည်း Honor 8C ကို ကြေညာတော့မည်

ဟွာဝေးက အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကြေညာမယ့် Honor 8C အတွက် ဖိတ်စာများကို ဖြန့်ဝေလိုက်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များဟာ TENAA မှာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ သူဟာ မေလက ကြေညာခဲ့တဲ့ Honor 7C ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဥရောပတွင် ရောင်းမယ့် Honor 8X ရဲ့ အရွယ်သေး တန်ဖိုးနည်း မော်ဒယ်လို့လည်း ပြောနိုင်ပါတယ်။

Honor 8C မှာ ၆.၂၈ လက်မ LCD (720×1520) Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ RAM ကိုတော့ 4GB သို့ တိုးမြှင့်ထားပါတယ်။ Storage များအတွက် 32GB or 64GB များ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ 13+2MP Dual Camera နဲ့ အရှေ့ဘက်မှာ 8MP Camera များ ပါပါတယ်။ ဒါဟာ Honor 7C ရဲ့ ကင်မရာများနဲ့ တူညီပါတယ်။ Honor 8X လောက်တော့ မကောင်းပါဘူး။ Honor 8C မှာ သူ့ မော်ဒယ်ခွဲများမှာထက် ပိုမိုကြီးမားတဲ့ 3900mAh Battery ထည့်သွင်းထားပါတယ်။ 7C ထက် 900mAh ပိုများလာပါတယ်။ ဖိတ်စာမှာ Charging Up Tagline ပါပေမယ့် သူ့မှာ 10W Charger သာပါလာတဲ့အတွက် လျှင်မြန်စွာ အားသွင်း နည်းပညာ မပါလာပါဘူး။ 7C ရဲ့ အခြေခံ မော်ဒယ်ကို လွန်ခဲ့တဲ့ ၄ လက ၁၃၇ ဒေါ်လာဖြင့် ရောင်းချပေးခဲ့ပါတယ်။ အဲဒီအတွက် Honor 8C ကလည်း ဒီဈေးလောက်ပဲ ဖြစ်နိုင်ပါတယ်။

Leave a Reply