Google Maps feature အသစ်လေးက သူငယ်ချင်းတွေနဲ့ event တစ်ခုပျော်ရွှင်စွာဖန်တီးစေနိုင်
0
1848
Zawgyi Version
Unicode Version
အုပ်စုလိုက်အပြင်သွားဖို့လုပ်တယ်ဆိုတာကတော့ event တွေအစီအစဉ်ချချိန်မှာ စိတ်ပျက်စရာကောင်းပါတယ်။ နေရာရွေးရတယ်၊ တိုင်ပင်ရတယ်ဆိုတာ မလွယ်ကြောပဲလေ။ ကျေးဇူးတင်လိုက်ပါ။ Google က ဖြေရှင်းပေးမှာပါ။ Maps feature အသစ်လေးမှာ event planning ကို ကူညီပေးပြီးတော့ ပျော်ရွှင်စရာဖြစ်အောင် လုပ်ပေးမှာပါ။ feature အသစ်လေးကတော့ Android နဲ့ iPhone အတွက် အသုံးပြုနိုင်မှာပါ။ စားသောက်ဆိုင်၊ ဘားနဲ့ စွဲဆောင်မှုရှိတဲ့နေရာတွေကို အလွယ်တကူရှာတွေ့နိုင်စေပြီးတော့ group ထဲကိုလည်း share လို့ရပါတယ်။ လူတိုင်းကမြင်ရပြီးတော့ vote တွေနဲ့ suggestions ပေးလို့လည်း ရပါသေးတယ်။ ဒီတော့ သင့်ရဲ့အချိန်ကုန်သက်သာစေမယ့် ဒီမိုကရေစီနည်းလမ်းလေးလို့ ပြောရမှာပါ။
အဲဒီ feature လေးကတော့ messaging app ထဲကို သွားလိုက်ပြန်လိုက်နဲ့ လင့်တွေပို့ရတာ သက်သာစေမှာပါ။ ရိုးရှင်းစွာနဲ့လုပ်ဆောင်နိုင်ပါပြီ။ ကြည့်လိုက်ရအောင်လားဗျာ။
Google Maps အတွင်းထဲမှာ shortlist အဖြစ်နဲ့ ထည့်သွင်းနိုင်ပြီးတော့ ပတ်ဝန်းကျင်မှာလည်း ဘာတွေရှိလဲဆိုတာ ကြည့်နိုင်ဦးမှာပါ။
ရွေးချယ်ပြီးသွားတာနဲ့ group ထဲကို share လိုက်ရုံပါပဲ။
လူတိုင်းက နေရာတွေကို add or delete လုပ်နိုင်ပါတယ်။ ကိုယ်ကြိုက်တာကိုလည်း vote နိုင်ပါတယယ်။
အပေါ်မှာ မြင်ရတဲ့အတိုင်းပဲ suggestions လေးတွေကို map ပေါ်မှာ ပြနေပြီးတော့ အသုံးဝင်တာကို ပြောပြနေစရာလိုမယ်မထင်ပါဘူး။ ဒီတော့ စားသောက်ဆိုင်ဘယ်နားမှာလဲ မေးနေစရာမလိုသလို တိုက်ရိုက်တွေ့မြင်နိုင်မှာပါ။
Google Maps ကို iPhone or Android device လေးမှာ သွင်းပြီးတော့ အသုံးပြုလိုက်ပါတယ်။ ပြီးရင်တော့ Google account ချိတ်ဖို့တော့ လိုမယ်နော။
Leave a Reply