စိတ်ဝမ်းတွေကွဲနေပြီဖြစ်တဲ့ Facebook အုပ်စု
0
2028
Zawgyi Version
Unicode Version
ဘရိုင်ယန် အက်တန်ကတော့ မတ်လတုန်းက သုံးစွဲသူတွေကို “#deletefacebook” လုပ်ဖို့အတွက် တွစ်တာမှာ ရေးသားခဲ့ပါတယ်။
WhatsApp ရဲ့ တွဲဖက်တည်ထောင်သူ ဘရိုင်ယန် အက်တန်ဟာ Facebook မှ သူ့ရဲ့ WhatsApp ကို ၂၀၁၄ခုနှစ်မှာ ဒေါ်လာ၂၂သန်းနဲ့ဝယ်လိုက်တဲ့အခါမှာတော့ မာတီဘီလျံနာဖြစ်လာခဲ့ပါတယ်။
၂၀၁၇ခုနှစ်မှာတော့ WhatsApp ကန ထွက်ခွာခဲ့ပြီး စီအီးအို ဂျန်ကိုအန်ကလည်း သြဂုတ်လမှာ ထွက်ခဲ့ပါတယ်။ အက်တန်ထွက်သွားခဲ့ပေမယ့်လည်း Facebook stock ကို ဒေါ်လာ၈၅၀မီလျံ ရင်းနှီးထားခဲ့ပါတယ်။
Facebook ဟာ သုံးစွဲသူ၁.၅သန်းရှိတဲ့ messaging app လေးကို ငွေကြေးဖန်တီးမှုများနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ကိုအန်နဲ့ အက်တန်ကတော့ Facebook က advertising model ကို ကန့်ကွက်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို သုံးစွဲမယ့်အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း Facebook CEO မက်ဇူကာဘတ်နဲ့ COO ဆန်းဘတ်တို့အကြား တင်းမာမှုတွေဖြစ်လာခဲ့ပါတယ်။
“အကျိုးအမြတ်ကြီးရဖို့ သုံးစွဲသူဒေတာတွေကို ကျွန်တော်ရောင်းစားခဲ့တယ်” လို့ အက်တန်က Forbes ကို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ရွေးချယ်ခဲ့တယ်။ သဘောတူညီမှုတွေလုပ်ခဲ့တယ်။ အဲဒါတွေနဲ့ နေ့တိုင်းရှင်သန်ခဲ့ရတယ်။”
Facebook ကတော့ ပြန်လည်ချေပတာမျိုး မရှိသေးပါဘူး။
Cambridge Analytica အရှုပ်တော်ပုံပြီးသွားတဲ့နောက်မှာတော့ သုံးစွဲသူအချက်အလက်ပေါင်း ၈၇သန်းကို အလွဲသုံးစားလုပ်ခဲ့ကြောင်း ပေါ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အက်တန်က “It is time. #deletefacebook.” ဆိုပြီးတော့ ဖေ့စ်ဘွတ်ကိုဖျက်လိုက်ဖို့အချိန်ကျပြီလို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အက်တန်ရဲ့ကွန်မန့်တွေအရတော့ Instagram ရဲ့ တွဲဖက်တည်ထောင်သူ ကယ်ဗင်ဆိုင်စရွန်းနဲ့ မိုက် ကရီဂျာတို့လည်း ထွက်သွားကြောင်း သိရပါတယ်။ သူတို့ထွက်သွားတဲ့အတွက်ကြောင့် ဇူကာဘတ်ကို ပျာသွားခဲ့ပါတယ်။
ဒေးဗစ်မားကပ်ဆိုတဲ့ Facebook ရဲ့ blockchain division ခေါင်းဆောင်ကတော့ အက်တန်ကို ပြန်လည်ချေပထားပါတယ်။ “ကိုယ့်ကို ဘီလျံနာတစ်ယောက်ဖြစ်အောင်လုပ်ခဲ့တဲ့ လူတွေနဲ့ company ကို တိုက်ခိုက်နေတဲ့သူကို တွေ့နေရတယ်။ နှစ်ပေါင်းမာျးစွာကြာအောင် ကာကွယ်ပေးထားတဲ့ဟာကိုမှမထောက်၊ အဆင့်အတန်းမရှိလိုက်တာ”လို့ facebook post မှာ ရေးသားထားပါတယ်။ “အဆင့်အတန်းမရှိဘူးဆိုတဲ့ စံနှုန်းတောင် သူ့အတွက် အသစ်ထွင်ရမလိုပဲ။”
Leave a Reply