ကင်မရာ ၅ လုံးနဲ့ ထွက်ရှိလာဦးမယ့် LG V40
0
619
Zawgyi version
Unicode version
LG က နောက်ဆုံးပေါ် flagship ဖြစ်တဲ့ LG V40 ကို မကြာသေးခင်ကပဲ မိတ်ဆက် ခဲ့ပါတယ်။ သူက အမှန်တကယ်ပဲ notch ပါဝင်မှာလား။ ဖုန်း နောက်ကျောဘက် ကင်မရာက ၃ လုံးလားဆိုတာတော့ မေးစရာတွေ ထွက်လာပါတယ်။ တကယ်တမ်းထွက်ရှိလာရင်လဲ အဲ့ဒါတွေ အကုန်လုံး ပါဝင်လာမှာပါ။
ပုံထဲမှာပြထားတဲ့ပုံအရဆိုရင် notch ကိုလိုအပ်သလို ဖျောက်ထားနိုင်ပါတယ်။
သူက ဖျောက်လိုက်ရင်တော့ အပေါ်မှာ အနက်ရောင် bar လေးအဖြစ်ရှိနေမှာပါ။
သူက Performance ကောင်းမွန်တဲ့ Snapdragon 845 processor ကိုအသုံးပြုထားပြီး မျက်နှာပြင်ကတော့ ၆.၃ လက်မရှိပါတယ်။
ကင်မရာပိုင်းအရပြောရမယ်ဆိုရင်လဲ ကင်မရာ ၃ လုံးပါဝင်မယ်လို့ အစက ကောလဟာလတွေ ထွက်ရှိခဲပါသေးတယ်။ အမှန်တကယ်လဲ ရှေ့မှာ dual-lens shooter တပ်ဆင်ပေးထားပြီး ဖုန်းနောက်ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်မှာပါ။ ဒါပေမယ့် သူများတွေနဲ့ မတူတာက the Huawei P20 Pro နဲ့ Samsung Galaxy A7 (2018) တွေမှာလိုမျိုး ကင်မရာ ၃ လုံးချင်းပါတာ တူသော်လည်းပဲ သူတို့ရဲ့ ကင်မရာ ၃ လုံးက ဒေါင်လိုက်အနေအထားနဲ့ တပ်ဆင်ထားပါတယ်။
ခု LG V40 မှာတော့ ကင်မရာ ၃ လုံးကို အလျားလိုက် ရေပြင်ညီအနေအထားနဲ့ တပ်ဆင်ပေးထားတာပါ။
ဒါ့အပြင် သူ့မှာ Google Assistant ကိုအသုံးပြုနိုင်မယ့် ဖုန်းရဲ့ဘေးမှာ button တစ်ခုလဲ ပါဝင်ပါသေးတယ်။ ထွက်ရှိလာမယ့် အရောင်တွေကတော့ Platinum Grey, Moroccan Blue နဲ့ Carmine Red ဆိုပြီး အရောင် ၃ ရောင်နဲ့ ထွက်ရှိလာမှာပါ။
Leave a Reply