YouTube က iPhone XS နဲ႔ XS Max အတြက္ HDR Support ထည့္သြင္းေပး

0
1294

AppleInsider က iOS အတြက္ YouTube က ဗားရွင္း အသစ္တစ္ခု ျဖန္႔ခ်ီေပးလိုက္ၿပီး iPhone XS နဲ႔ XS Max တို႔အတြက္ HDR Support ပါလာတယ္လို႔ ေရးသားထားပါတယ္။ အိုင္ဖုန္း အသစ္မ်ားကို ေသာၾကာေန႔က ေရာင္းခ်ေပးလိုက္တာ ျဖစ္ၿပီး Users မ်ားက YouTube Video မ်ားကို HDR ျဖင့္ ၾကည့္မရဘူးလို႔ ေျပာပါတယ္။ iPhone X, 8 Plus, 8, iPad Pro မ်ားမွာ HDR ျဖင့္ ၾကည့္ႏိုင္ေနတာပါ။

YouTube က ေသာၾကာေန႔ အမွီ အိုင္ဖုန္း အသစ္မ်ားအတြက္ HDR ကို မထည့္သြင္းေပးခဲ့ပါဘူး။ ဒါေပမယ့္ သိပ္မၾကာတဲ့ အခ်ိန္မွာပဲ ထည့္သြင္းေပးခဲ့တာက အိုင္ဖုန္း အသစ္ပိုင္ရွင္မ်ားအတြက္ ၀မ္းသာစရာပါ။ HDR Video မ်ားဟာ အေရာင္၊ ၾကည္လင္ေတာက္ပမႈ အပိုင္းမ်ားမွာ အလြန္ လန္းပါတယ္။ YouTube က HDR ေထာက္ပံ့မႈကို အန္းဒရြိဳက္မ်ားအတြက္ ယခင္ႏွစ္ စက္တင္ဘာလက ထည့္သြင္းခဲ့ပါတယ္။ ယခုႏွစ္ ေမလက်မွ ၂၀၁၇ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားအတြက္ ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ iPhone XS Model မ်ားဟာ YouTube ကေန အျမင့္ဆံုး Resolution အေနနဲ႔ 1080p ကိုသာ ရရွိႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ YouTube က သူ႔ ပလက္ေဖာင္းမွ ဗီဒီယိုမ်ားကို အရည္အေသြး အျမင့္ဆံုးျဖင့္ ၾကည့္ရႈႏုိင္တဲ့ စမတ္ဖုန္းမ်ားကို ေဖာ္ျပတဲ့ Signature Device Program ကို ေၾကညာခဲ့ပါတယ္။ လက္ရွိမွာေတာ့ အန္းဒရြိဳက္ စမတ္ဖုန္းမ်ားဟာ iOS Device မ်ားထက္ YouTube Video မ်ားကို ၾကည့္ရႈရာမွာ ပိုမို ေကာင္းမြန္ပါတယ္။ ဒါဟာ Apple က VP9 Codec ကို ထည့္သြင္းထားျခင္း မရွိလို႔ျဖစ္ပါတယ္။

အဲဒီ Codec ဟာ High-Resolution Video မ်ားအတြက္ Bandwidth ကို သာမာန္ထက္ နည္းပါးစြာ လိုအပ္ပါတယ္။ ဒါေပမယ့္ Apple က သူ႔ကို iOS, macOS , Apple TV တို႔မွာ ထည့္သြင္းထားျခင္း မရွိတဲ့အတြက္ Apple TV 4K အပါအ၀င္ Apple Device မ်ားဟာ 1080p ျဖင့္သာ ၾကည့္ႏုိင္ပါတယ္။ ေအာက္ပါ 4K Video ကို Macs မွ Chrome မွာ 1080p ျဖင့္သာ ၾကည့္ႏုိင္ပါတယ္။

unicode

YouTube က iPhone XS နဲ့ XS Max အတွက် HDR Support ထည့်သွင်းပေး

AppleInsider က iOS အတွက် YouTube က ဗားရှင်း အသစ်တစ်ခု ဖြန့်ချီပေးလိုက်ပြီး iPhone XS နဲ့ XS Max တို့အတွက် HDR Support ပါလာတယ်လို့ ရေးသားထားပါတယ်။ အိုင်ဖုန်း အသစ်များကို သောကြာနေ့က ရောင်းချပေးလိုက်တာ ဖြစ်ပြီး Users များက YouTube Video များကို HDR ဖြင့် ကြည့်မရဘူးလို့ ပြောပါတယ်။ iPhone X, 8 Plus, 8, iPad Pro များမှာ HDR ဖြင့် ကြည့်နိုင်နေတာပါ။

YouTube က သောကြာနေ့ အမှီ အိုင်ဖုန်း အသစ်များအတွက် HDR ကို မထည့်သွင်းပေးခဲ့ပါဘူး။ ဒါပေမယ့် သိပ်မကြာတဲ့ အချိန်မှာပဲ ထည့်သွင်းပေးခဲ့တာက အိုင်ဖုန်း အသစ်ပိုင်ရှင်များအတွက် ဝမ်းသာစရာပါ။ HDR Video များဟာ အရောင်၊ ကြည်လင်တောက်ပမှု အပိုင်းများမှာ အလွန် လန်းပါတယ်။ YouTube က HDR ထောက်ပံ့မှုကို အန်းဒရွိုက်များအတွက် ယခင်နှစ် စက်တင်ဘာလက ထည့်သွင်းခဲ့ပါတယ်။ ယခုနှစ် မေလကျမှ ၂၀၁၇ ခုနှစ်ထုတ် အိုင်ဖုန်းများအတွက် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ iPhone XS Model များဟာ YouTube ကနေ အမြင့်ဆုံး Resolution အနေနဲ့ 1080p ကိုသာ ရရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ YouTube က သူ့ ပလက်ဖောင်းမှ ဗီဒီယိုများကို အရည်အသွေး အမြင့်ဆုံးဖြင့် ကြည့်ရှုနိုင်တဲ့ စမတ်ဖုန်းများကို ဖော်ပြတဲ့ Signature Device Program ကို ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ အန်းဒရွိုက် စမတ်ဖုန်းများဟာ iOS Device များထက် YouTube Video များကို ကြည့်ရှုရာမှာ ပိုမို ကောင်းမွန်ပါတယ်။ ဒါဟာ Apple က VP9 Codec ကို ထည့်သွင်းထားခြင်း မရှိလို့ဖြစ်ပါတယ်။

အဲဒီ Codec ဟာ High-Resolution Video များအတွက် Bandwidth ကို သာမာန်ထက် နည်းပါးစွာ လိုအပ်ပါတယ်။ ဒါပေမယ့် Apple က သူ့ကို iOS, macOS , Apple TV တို့မှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် Apple TV 4K အပါအဝင် Apple Device များဟာ 1080p ဖြင့်သာ ကြည့်နိုင်ပါတယ်။ အောက်ပါ 4K Video ကို Macs မှ Chrome မှာ 1080p ဖြင့်သာ ကြည့်နိုင်ပါတယ်။

Leave a Reply