Samsung ရဲ့ Galaxy J4+ နဲ့ Galaxy J6+
0
1568
Zawgyi version
Unicode version
Samsung က အသစ်ဖြစ်တဲ့ Galaxy J4+ နဲ့ Galaxy J6+ တို့ကို မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။
Galaxy J4+ ကတော့ Snapdragon 425 chipset ကိုအသုံးပြုထားပြီး မျက်နှာပြင်ကတော့ ၆လက်မရှိပါတယ်။ ဘေးဘောင်တွေက ကွေးညွတ်ပြီး မျက်နှာပြင်အပြည့်နီးပါးပုံစံပြုလုပ်ထားပါတယ်။ Samsung ရဲ့ flagship ဖြစ်တဲ့ Galaxy S9/S9+ တွေနဲ့ ပုံစံတူပါတယ်။ သူက 2GB RAM ရှိပြီး internal storage ကတော့ 32GB နဲ့လာမှာဖြစ်ပါတယ်။ microSD card ကိုလဲ ထပ်စိုက်လို့ရပါယ်။
ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ ကင်မရာက 13MP f/1.9 aperture နဲ့ ရှေ့ selfie ကင်မရာကတော့ 5MP ပဲဖြစ်ပါတယ်။ သူကတော့ Android 8.1 Oreo ပေါ်မှာ run မှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ သိပ်အားမရပါဘူး။ 3,300 mAh ပဲပါရှိပါတယ်။
ဖုန်းရဲ့ နောက်ကျောဘက်ကိုတော့ ပလတ်စတစ်နဲ့ပြုလုပ်ထားပါတယ်။ သူ့ရဲ့ထွက်ရှိမယ့်အရောင်တွေကတော့ ရွှေရောင်၊ ပန်းရောင်နဲ့ အနက်ရောင် တို့ဖြစ်ကြပါတယ်။ သူတို့က အခုချိန်မှာတော့ pre-order အဆင့်ပဲရှိပါသေးတယ်။ ဘယ်အချိန်မှာ ထွက်ရှိမယ်ဆိုတာကိုတော့ သတင်းမကြားသေးပါဘူး။
Samsung Galaxy J6+ ရဲ့ chipset ကလဲ Samsung Galaxy J4+ နဲ့တူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ထက်ပိုကောင်းသွားတာက RAM က 3GB ဖြစ်လာပြီး ရှေ့ selfie ကင်မရာကတော့ 8MP ပဲဖြစ်သွားပါတယ်။ သူကတော့ နောက်ကျောဘက်မှာ ကင်မရာ ၂ လုံးပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ဗွေစနစ်ရောပါဝင်လာမှာဖြစ်ပါတယ်။ main ကင်မရာကတော့ 13MP f/1.9 ပဲဖြစ်ပါတယ်။ သူ့ကိုတော့ မီးခိုးရောင်၊ အနီရောင်နဲ့ အနက်ရောင်ဆိုပြီး ထွက်ရှိမှာပဲဖြစ်ပါတယ်။
Leave a Reply