iPhone အသစ္မ်ားအတြက္ Modem နည္းပညာကို ခုိးယူလို႔ တရားစြဲခံလိုက္ရတဲ့ Apple

0
1283

Qualcomm က Apple ဟာ သူ႔ထံမွ Modem နည္းပညာမ်ားကို ရယူၿပီး Intel ကို ေပးအပ္ခဲ့တယ္လို႔ တရားရံုးမွာ တုိင္ၾကားလိုက္ပါတယ္။ အဲဒီ မိုဒမ္ နည္းပညာကို အသစ္ထြက္ iPhone XS, XS Max နဲ႔ XR မ်ားမွာ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Qualcomm က Apple ဟာ ႏွစ္မ်ားစြာၾကာ သူ႔ရဲ႕ ႀကိဳးမဲ့ နည္းပညာမ်ားကို ခိုးယူေနခဲ့တာ ျဖစ္ၿပီး အခုလည္း မိုဒမ္ အျမန္ႏႈန္း တိုးတက္ေစမယ့္ သူ႔ရဲ႕ နည္းပညာမ်ားကို Intel အားေပးခဲ့တယ္လို႔ ေျပာပါတယ္။

Qualcomm ရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ Donald Rosenberg က “ Qualcomm ရဲ႕ အဖိုးျဖတ္မရတဲ့ လွ်ိဳ႕၀ွက္ခ်က္ေတြကို ေပးအပ္ျခင္းေၾကာင့္ ၿပိဳင္ဖက္ ကုမၸဏီဟာ သူ႔ကို အမွီလိုက္လာဖို႔ ကူညီေပးသလိုပါပဲ။ ဒါဟာ ဘယ္လိုမွ ျပန္ျပင္လို႔ မရေတာ့ပါဘူး။ “ ေျပာပါတယ္။

Qualcomm နဲ႔ Apple တို႔ဟာ ယခင္ကတည္းက အျခား တရားရင္ဆိုင္မႈမ်ား ရွိခဲ့ပါတယ္။ သူတို႔ရဲ႕ အမႈမ်ားဟာ အလြန္ ရႈပ္ေထြးၾကပါတယ္။ နည္းပညာမ်ားကို အျပန္အလွန္ ခိုးယူမႈေၾကာင့္ အမႈမ်ား ျဖစ္ပြားေနျခင္း ျဖစ္ပါတယ္။ Qualcomm က သူ႔ရဲ႕ Source Code နဲ႔ Tools မ်ားအား ကာကြယ္ထားလားဆိုတာ စစ္ေဆးဖို႔ သူ ရရွိထားတဲ့ ခြင့္ျပဳခ်က္ကို Apple က ခ်ိဳးဖ်က္ခဲ့တယ္ဆိုၿပီး ယခင္ႏွစ္ ႏုိ၀င္ဘာလမွာ တရားစြဲခဲ့ပါတယ္။

Apple ကလည္း Qualcomm ဟာ သူ႔ရဲ႕ Patent အသံုးျပဳမႈအတြက္ အခေၾကးေငြကို စဥ္ဆက္မျပတ္ တိုးျမွင့္လာတဲ့အတြက္ ေဒၚလာ ၁ ဘီလီယမ္ ရရွိလိုေၾကာင္း တရားစြဲထားပါတယ္။ Apple နဲ႔ Qualcomm တို႔ရဲ႕ အမႈမ်ားဟာ ဘယ္လို ျဖစ္လာမလဲ ဆိုတာ စိတ္၀င္စားစရာ ေကာင္းပါတယ္။

unicode

iPhone အသစ်များအတွက် Modem နည်းပညာကို ခိုးယူလို့ တရားစွဲခံလိုက်ရတဲ့ Apple

Qualcomm က Apple ဟာ သူ့ထံမှ Modem နည်းပညာများကို ရယူပြီး Intel ကို ပေးအပ်ခဲ့တယ်လို့ တရားရုံးမှာ တိုင်ကြားလိုက်ပါတယ်။ အဲဒီ မိုဒမ် နည်းပညာကို အသစ်ထွက် iPhone XS, XS Max နဲ့ XR များမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Qualcomm က Apple ဟာ နှစ်များစွာကြာ သူ့ရဲ့ ကြိုးမဲ့ နည်းပညာများကို ခိုးယူနေခဲ့တာ ဖြစ်ပြီး အခုလည်း မိုဒမ် အမြန်နှုန်း တိုးတက်စေမယ့် သူ့ရဲ့ နည်းပညာများကို Intel အားပေးခဲ့တယ်လို့ ပြောပါတယ်။

Qualcomm ရဲ့ ပြောရေးဆိုခွင့် ရှိသူ Donald Rosenberg က “ Qualcomm ရဲ့ အဖိုးဖြတ်မရတဲ့ လျှို့ဝှက်ချက်တွေကို ပေးအပ်ခြင်းကြောင့် ပြိုင်ဖက် ကုမ္ပဏီဟာ သူ့ကို အမှီလိုက်လာဖို့ ကူညီပေးသလိုပါပဲ။ ဒါဟာ ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ပါဘူး။ “ ပြောပါတယ်။

Qualcomm နဲ့ Apple တို့ဟာ ယခင်ကတည်းက အခြား တရားရင်ဆိုင်မှုများ ရှိခဲ့ပါတယ်။ သူတို့ရဲ့ အမှုများဟာ အလွန် ရှုပ်ထွေးကြပါတယ်။ နည်းပညာများကို အပြန်အလှန် ခိုးယူမှုကြောင့် အမှုများ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ Qualcomm က သူ့ရဲ့ Source Code နဲ့ Tools များအား ကာကွယ်ထားလားဆိုတာ စစ်ဆေးဖို့ သူ ရရှိထားတဲ့ ခွင့်ပြုချက်ကို Apple က ချိုးဖျက်ခဲ့တယ်ဆိုပြီး ယခင်နှစ် နိုဝင်ဘာလမှာ တရားစွဲခဲ့ပါတယ်။

Apple ကလည်း Qualcomm ဟာ သူ့ရဲ့ Patent အသုံးပြုမှုအတွက် အခကြေးငွေကို စဉ်ဆက်မပြတ် တိုးမြှင့်လာတဲ့အတွက် ဒေါ်လာ ၁ ဘီလီယမ် ရရှိလိုကြောင်း တရားစွဲထားပါတယ်။ Apple နဲ့ Qualcomm တို့ရဲ့ အမှုများဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Leave a Reply