iPhone XS Max အစိတ္အပိုင္းေတြရဲ႕ တန္ဖိုး ၄၄၃ ေဒၚလာဝန္းက်င္သာရွိ

0
1123

Apple အေနနဲ႔ iPhone XS Max ရဲ႕အေျခခံေမာ္ဒယ္ကို $1,099 နဲ႔စတင္ေရာင္းခ်ေနၿပီး 256 GB ဗားရွင္းကိုေတာ့ $1,249 နဲ႔ျဖစ္ကာ  512 GB အတြက္ေတာ့  $1,449 နဲ႔ေရာင္းခ်ေနပါတယ္။ ဒီေန႔ TechInsights ကထြက္လာတဲ့ သတင္းမွာေတာ့ ႀကီးမားတဲ့ iPhone အသစ္ရဲ႕ ထုတ္လုပ္မႈ ကုန္က်စရိတ္ဟာ $443 သာက်သင့္တယ္လို႔ ဆိုပါတယ္။

ဒါဟာ ၿပီးခဲ့တဲ့ ႏွစ္ကထြက္ခဲ့တဲ့  iPhone X ထက္ ေဒၚလာ ၅၀ ဝန္းက်င္သာ ပိုမ်ားတဲ့ ပမာဏ ျဖစ္ပါတယ္။ iPhone Xs Max ထဲမွာပါ၀င္တဲ့ ပစၥည္းေတြမွာေစ်းအၾကီးဆုံးကေတာ့ OLED Panel ပဲျဖစ္ျပီး ဒါကုိထုတ္လုပ္တဲ့ ကုမၸဏီကေတာ့ ျပဳိင္ဘက္ Samsung ပဲျဖစ္ပါတယ္။  ၿပီးခဲ့တဲ့ ႏွစ္ကထြက္ခဲ့တဲ့ ဖုန္းမွာ panel ပိုင္းအတြက္ 5.8”  diagonal ျဖစ္ၿပီး၊ XS Max မွာေတာ့ 6.3” display သုံးလာပါတယ္။

Full graph of the iPhone XS Max component price

ဒုတိယေျမာက္ေစ်းအၾကီးဆုံးပါ၀င္ပစၥည္းကေတာ့ ပရိုဆက္ဆာနဲ႔ Modem ျဖစ္ျပီး ၇၂ေဒၚလာ ရွိတယ္လုိ႔သိရပါတယ္။ iPhone X မွာတုန္းက processor/modem အတြက္ $66 သာ သုံးခဲ့ရပါတယ္။  ျပီးခဲ့တဲ့ႏွစ္ကထြက္ခဲ့တဲ့ iPhone X မွာေတာ့ ၆၆ ေဒၚလာသာေပးရတာေၾကာင့္ ဒီႏွစ္မွာ ေစ်းက ၁၀% တက္သြားတယ္လုိ႔ဆုိႏုိင္ပါတယ္။

TechInsights  ရဲ႕ရွင္းလင္းခ်က္အရ ေဒၚလာ ၄၄၃ ဆုိတာဟာ ဒီစမတ္ဖုန္းမွာပါ၀င္တဲ့ ပါ၀င္ပစၥည္းအၾကမ္းထည္ေတြရဲ႕ေစ်းႏႈန္းပဲျဖစ္ၿပီး ထုတ္လုပ္မႈပိုင္းနဲ႔ သက္ဆိုင္တဲ့ အျခားပိုင္းေတြ ျဖစ္တဲ့ R&D, software, logistics ပိုင္းနဲ႔ ေစ်းကြက္ အသုံးစရိတ္ေတြေၾကာင့္ ဒီဖုန္းကို ေဒၚလာ ၁၀၀၀ ေက်ာ္နဲ႔ ေရာင္းခ်လာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

unicode

Apple အနေနဲ့ iPhone XS Max ရဲ့အခြေခံမော်ဒယ်ကို $1,099 နဲ့စတင်ရောင်းချနေပြီး 256 GB ဗားရှင်းကိုတော့ $1,249 နဲ့ဖြစ်ကာ  512 GB အတွက်တော့  $1,449 နဲ့ရောင်းချနေပါတယ်။ ဒီနေ့ TechInsights ကထွက်လာတဲ့ သတင်းမှာတော့ ကြီးမားတဲ့ iPhone အသစ်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ $443 သာကျသင်တယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့  iPhone X ထက် ဒေါ်လာ ၅၀ ဝန်းကျင်သာ ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။ iPhone Xs Max ထဲမှာပါဝင်တဲ့ ပစ္စည်းတွေမှာဈေးအကြီးဆုံးကတော့ OLED Panel ပဲဖြစ်ပြီး ဒါကိုထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ ပြိုင်ဘက် Samsung ပဲဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နှစ်ကထွက်ခဲ့တဲ့ ဖုန်းမှာ panel ပိုင်းအတွက် 5.8”  diagonal ဖြစ်ပြီး၊ XS Max မှာတော့ 6.3” display သုံးလာပါတယ်။

ဒုတိယမြောက်ဈေးအကြီးဆုံးပါဝင်ပစ္စည်းကတော့ ပရိုဆက်ဆာနဲ့ Modem ဖြစ်ပြီး ၇၂ဒေါ်လာ ရှိတယ်လို့သိရပါတယ်။ iPhone X မှာတုန်းက processor/modem အတွက် $66 သာ သုံးခဲ့ရပါတယ်။  ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ iPhone X မှာတော့ ၆၆ ဒေါ်လာသာပေးရတာကြောင့် ဒီနှစ်မှာ ဈေးက ၁၀% တက်သွားတယ်လို့ဆိုနိုင်ပါတယ်။

TechInsights  ရဲ့ရှင်းလင်းချက်အရ ဒေါ်လာ ၄၄၃ ဆိုတာဟာ ဒီစမတ်ဖုန်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းအကြမ်းထည်တွေရဲ့ဈေးနှုန်းပဲဖြစ်ပြီး ထုတ်လုပ်မှုပိုင်းနဲ့ သက်ဆိုင်တဲ့ အခြားပိုင်းတွေ ဖြစ်တဲ့ R&D, software, logistics ပိုင်းနဲ့ ဈေးကွက် အသုံးစရိတ်တွေကြောင့် ဒီဖုန်းကို ဒေါ်လာ ၁၀၀၀ ကျော်နဲ့ ရောင်းချလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Leave a Reply