
0
1764





unicode

Xiaomi Redmi Note 6 Pro ရဲ့ Video ထွက်ပေါ်လာ

Xiaomi Redmi Note 6 Pro ကို တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ Hands-on Video တစ်ခု ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကိုလည်း ဗီဒီယိုမှာ ပြောကြားထားပါတယ်။

သူ့မှာ ၆.၂၆ လက်မ 19:9 Full HD+ Display ထည့်သွင်းထားပါတယ်။ ယခင်သတင်းများလိုပဲ သူ့မှာ Qualcomm Snapdragon 636 Chipset ထည့်သွင်းထားပါတယ်။ 3GB RAM , 32GB Storage များကို ဒီမော်ဒယ်မှာ ထည့်သွင်းထားပါတယ်။ Android 8.1 Oreo အခြေပြု MIUI 9.6 ပါလာပါတယ်။

အနောက်မှာ 12+5MP Dual Camera များ ထည့်သွင်းထားပြီး Dual Pixel AF ပါပါတယ်။ ဆဲလ်ဖီး ကင်မရာကလည်း ၂ လုံး ဖြစ်ပြီး ယခင်မော်ဒယ်များရဲ့ 20MP မှာ 2MP အပိုတစ်လုံး ထည့်ပေးထားပါတယ်။ Video မှာ ဘူးခွံကိုလည်း ပြသထားပြီး 10W Charger , microUSB Cable များကို တွေ့ရပါတယ်။ ဖုန်းရဲ့ ထိပ်မှာ နားကြပ်ပေါက်နဲ့ သူ့အနားမှာ IR Blaster များ ပါပါတယ်။

ယခင် Redmi Note 5 Pro ထက် Note 6 Pro ရဲ့ ထူးခြားချက်မှာ Notch ပါလာသလို ထောင့်ဖြတ်အရွယ်အစားက ပိုကြီးမားလာပါတယ်။ ကင်မရာကလည်း ပိုမို တိုးတက်လာပါတယ်။ အရှေ့မှာ ကင်မရာ အပိုတစ်လုံး ပါပါတယ်။ ဒါပေမယ့် Note 5 Pro ရဲ့ အနိမ့်ဆုံး မော်ဒယ်မှာ 4/64GB များ ထည့်ထားတဲ့အတွက် ဒီအပိုင်းမှာ Note 6 Pro က အားနည်းပါတယ်။

Leave a Reply