ေအာက္တိုဘာ ၁၇ရက္ေန႔မွာ မိတ္ဆက္မွာေသခ်ာၿပီျဖစ္တဲ့ ONEPLUS 6T

0
1548

ONEPLUS 6T စမတ္ဖုန္းဟာ ေအာက္တိုဘာ ၁၇ရက္ေန႔မွာ တရားဝင္ မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။ အိႏၵိယစမတ္ဖုန္းေစ်းကြက္နဲ႔အတူ ကမၻာ႔စမတ္ဖုန္း ေစ်းကြက္ကို အတြက္ ထြက္ရွိလာေတာ့မွာ ျဖစ္ၿပီး ဒီေန႔မွာေတာ့မိတ္ဆက္ပြဲအတြက္ ဖိတ္စာေပါက္ၾကား ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ “Unlock the speed” လို႔ ဖိတ္စာမွာ ေရးထားၿပီး ပဲြက်င္းပမယ့္ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

OnePlus 6T မွာ ၆.၄ လက္မ 1080x2340p Optic AMOLED Display ထည့္သြင္းထားႏိုင္ၿပီး Notch လည္း ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chipset ေမာင္းႏွင္ထားႏိုင္ပါတယ္။ Face Unlock လည္း ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ တရုတ္ လူမႈကြန္ရက္ Weibo မွာ OnePlus 6T ရဲ႕ ဘူးခြံ ဓါတ္ပံုမ်ား ထြက္ေပၚခဲ့ဖူးပါတယ္။

မၾကာခင္ကလည္း EEC (Eurasian Economic Commission) မွာ သူ႔ကို မွတ္ပံုတင္ထားပါတယ္။ သူ႔ရဲ႕ ေမာ္ဒယ္အမည္မွာ S6013 ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အစိတ္အပိုင္းမ်ားရဲ႕ သတင္းကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။

ဒါေပမယ့္ OnePlus Device မ်ားဟာ Oppo R Series မ်ားနဲ႔ ဆင္တူတဲ့အတြက္ သူ႔မွာ မၾကာခင္က ေၾကညာထားတဲ့ Oppo R17 Pro မွ ဟာ့ဒ္၀ဲမ်ား၊ လုပ္ေဆာင္ခ်က္မ်ားနဲ႔ ဒီဇိုင္းကို သံုးထားႏုိင္ပါတယ္။ Oppo SuperVOOC ကို အေျချပဳထားတဲ့ Dash Charge က ပိုမိုတိုးတက္လာမွာပါ။ နားၾကပ္ေပါက္ ပါ၀င္လာမွာ မဟုတ္ဘဲ မ်က္ႏွာျပင္ ႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္နည္းပညာ သုံးလာႏိုင္ပါတယ္။ ေအာက္တိုဘာလ ထဲမွာပဲ Razer, LG, Huawei, Google နဲ႔ Samsung တို႔ဟာ သူတို႔ရဲ႕ စမတ္ဖုန္းသစ္ေတြကို မိတ္ဆက္လာမွာ ျဖစ္ပါတယ္။

unicode

ONEPLUS 6T စမတ်ဖုန်းဟာ အောက်တိုဘာ ၁၇ရက်နေ့မှာ တရားဝင် မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယစမတ်ဖုန်းဈေးကွက်နဲ့အတူ ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ကို အတွက် ထွက်ရှိလာတော့မှာ ဖြစ်ပြီး ဒီနေ့မှာတော့မိတ်ဆက်ပွဲအတွက် ဖိတ်စာပေါက်ကြား ထွက်ရှိလာပြီ ဖြစ်ပါတယ်။ “Unlock the speed” လို့ ဖိတ်စာမှာ ရေးထားပြီး ပွဲကျင်းပမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

OnePlus 6T မှာ ၆.၄ လက်မ 1080x2340p Optic AMOLED Display ထည့်သွင်းထားနိုင်ပြီး Notch လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Face Unlock လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ တရုတ် လူမှုကွန်ရက် Weibo မှာ OnePlus 6T ရဲ့ ဘူးခွံ ဓါတ်ပုံများ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မကြာခင်ကလည်း EEC (Eurasian Economic Commission) မှာ သူ့ကို မှတ်ပုံတင်ထားပါတယ်။ သူ့ရဲ့ မော်ဒယ်အမည်မှာ S6013 ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိတ်အပိုင်းများရဲ့ သတင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဒါပေမယ့် OnePlus Device များဟာ Oppo R Series များနဲ့ ဆင်တူတဲ့အတွက် သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ ဟာ့ဒ်ဝဲများ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။ Oppo SuperVOOC ကို အခြေပြုထားတဲ့ Dash Charge က ပိုမိုတိုးတက်လာမှာပါ။ နားကြပ်ပေါက် ပါဝင်လာမှာ မဟုတ်ဘဲ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ်နည်းပညာ သုံးလာနိုင်ပါတယ်။ အောက်တိုဘာလ ထဲမှာပဲ Razer, LG, Huawei, Google နဲ့ Samsung တို့ဟာ သူတို့ရဲ့ စမတ်ဖုန်းသစ်တွေကို မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

Leave a Reply