NUBIA DUAL-SCREEN ဖုန္းတြင္ 18W FAST CHARGE ေထာက္ပံ့လာမည္

0
1476

Nubia ရဲ႕ dual-screen စမတ္ဖုန္းဟာ model နံပါတ္ NX616J အေနနဲ႔  TENAA ရဲ႕အသိအမွတ္ျပဳမႈကို ရရွိထားၿပီ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္နဲ႔ပတ္သတ္တဲ့ ဓာတ္ပုံေတြဟာ အြန္လိုင္းမွာ ပ်ံ႔ႏွံ႕လ်က္ရွိေနပါတယ္။ သူ႕ရဲ႕ အဓိကဒီဇုိင္းပိုင္းအေနနဲ႔ dual-screen design လို႔သာဆိုရပါလိမ့္မယ္။ မ်က္ႏွာျပင္ ႏွစ္ခုပါလာမယ့္ ZTE Nubia Z18S ရဲ႕ ဗီဒီယိုတစ္ခု မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းအရ စမတ္ဖုန္းသစ္မွာ 18W fast charge ေထာက္ပံ့လာမယ္ ဆိုတာပါ။  သတင္းေတြအရ Nubia Z18S ရဲ႕ အေနာက္ဘက္မွာ ေရာင္စံု ျပသေပးတဲ့ OLED Display ကို ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ အဓိကအေရွ႕ဘက္မွာေတာ့ ၆.၂၆ လက္မ 1080x2280p LCD Display နဲ႔ ျဖစ္ၿပီး ေနာက္ေက်ာဘက္မွာေတာ ၅.၁ လက္မ 720x1520p OLED Display မ်ားျဖစ္ၾကပါတယ္။

ပရိုက္ဆက္ဆာပိုင္းအတြက္ Snapdragon 845  နဲ႔အတူ 6RAM (သို႔) 8GB RAM သုံးလာမွာ ျဖစ္ၿပီး အခ်က္အလက္သိုေလွာင္ႏုိင္စြမ္းအတြက္လည္း  64 (သုိ႔) 128GB Storage မ်ားနဲ႔ ထြက္လာမွာပါ။ ကင္မရာပိုင္းမွာလည္း အေျပာင္းအလဲ ျဖစ္လာမယ္လို႔ ဆိုထားၿပီး အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။ လက္ရွိထြက္ထားတဲ့ သတင္းေတြကေတာ့ Geekbench စာရင္းမွာ ထြက္ခဲ့တဲ့ အခ်က္အလက္ေတြနဲ႔ ကြာျခားေနပါတယ္။

unicode

Nubia ရဲ့ dual-screen စမတ်ဖုန်းဟာ model နံပါတ် NX616J အနေနဲ့  TENAA ရဲ့အသိအမှတ်ပြုမှုကို ရရှိထားပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်နဲ့ပတ်သတ်တဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိနေပါတယ်။ သူ့ရဲ့ အဓိကဒီဇိုင်းပိုင်းအနေနဲ့ dual-screen design လို့သာဆိုရပါလိမ့်မယ်။ မျက်နှာပြင် နှစ်ခုပါလာမယ့် ZTE Nubia Z18S ရဲ့ ဗီဒီယိုတစ်ခု မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းအရ စမတ်ဖုန်းသစ်မှာ 18W fast charge ထောက်ပံ့လာမယ် ဆိုတာပါ။ လက်ရှိထွက်နေတဲ့ သတင်းတွေအရ Nubia Z18S ရဲ့ အနောက်ဘက်မှာ ရောင်စုံ ပြသပေးတဲ့ OLED Display ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အဓိကအရှေ့ဘက်မှာတော့ ၆.၂၆ လက်မ 1080x2280p LCD Display နဲ့ ဖြစ်ပြီး နောက်ကျောဘက်မှာတော ၅.၁ လက်မ 720x1520p OLED Display များဖြစ်ကြပါတယ်။

ပရိုက်ဆက်ဆာပိုင်းအတွက် Snapdragon 845  နဲ့အတူ 6RAM (သို့) 8GB RAM သုံးလာမှာ ဖြစ်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက်လည်း  64 (သို့) 128GB Storage များနဲ့ ထွက်လာမှာပါ။ ကင်မရာပိုင်းမှာလည်း အပြောင်းအလဲ ဖြစ်လာမယ်လို့ ဆိုထားပြီး အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ လက်ရှိထွက်ထားတဲ့ သတင်းတွေကတော့ Geekbench စာရင်းမှာ ထွက်ခဲ့တဲ့ အချက်အလက်တွေနဲ့ ကွာခြားနေပါတယ်။

Leave a Reply