Nokia 5.1 Plus ကို အိန္ဒိယတွင် မိတ်ဆက်

0
1167

Zawgyi version





Unicode version

Nokia ကတော့ သူ့ရဲ့ ထပ်မံထွက်ရှိမယ့် Nokia 5.1 Plus ကို အိန္ဒိယမှာ မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ တရုတ်မှာတော့ Nokia X5 ဆိုပြီး ခေါ်ကြပါတယ်။ သူ့ကိုတော့ အောက်တိုဘာ ၁ ရက်နေ့ကနေစပြီး Nokia.com ကနေ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $151 နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။
သူကတော့ mid-range စီးရီးဖြစ်ပြီး သိပ်မကြာခင်မှာပဲ မိတ်ဆက်ခဲ့တဲ့
Nokia 6.1 Plus နဲ့ ပုံစံဆင်ပါတယ်။ အပြင်ပန်းပုံစံလေးကတော့ အနည်းငယ်ပြောင်းလဲသွားပါတယ်။
Nokia 5.1 Plus က ၅.၈လက်မ LCD နဲ့ ပြုလုပ်ထားပြီး resolution ကတော့ 1520×720 ပဲဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ထိပ်မှာတော့ notch ပါဝင်ပြီး အရွယ်အစားက Nokia 6.1 Plus ထက်အနည်းငယ် ကြီးပါတယ်။
ဖုန်းရဲ့အတွင်းပိုင်းမှာတော့ MediaTekHelio P60 ကိုအသုံးပြုထားပြီး
RAM 3GB နဲ့ storage က 32GB ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့
နောက်ကျောဘက်မှာ ကင်မရာ ၂ လုံးပါဝင်မှာဖြစ်ပြီး တစ်ခုက f2.0 13MP ဖြစ်ပြီး နောက်တစ်ခုက 5MP ပဲဖြစ်ပါတယ်။ ရှေ့ selfie ကင်မရာကတော့ f2.2 8MP ပဲဖြစ်ပါတယ်။
ဘက်ထရီပိုင်းကတော့ 3,060mAh ပဲဆိုတော့ အနည်းငယ် အားနည်းတယ်လို့ ပြောလို့ရပါတယ်။ သူကတော့ Android 8.1 Oreo ပေါ်မှာ run မှာပဲဖြစ်ပါတယ်။ ရရှိနိုင်မယ့်အရောင်တွေကတော့ Gloss Black နဲ့ Gloss Midnight Blue ဆိုပြီး ၂ မျိုးထွက်ရှိမှာပဲဖြစ်ပါတယ်။

Leave a Reply