NCVM coating နည်းပညာနှင့် ပြုလုပ်ထားသော Huawei Nova 3 နှင့် 3i ၏ gradient color များ အကြောင်း

0
3722

၂၀၁၈ ခုနှစ်အတွက် အရောင်က အပြာရောင်ကို အခြေခံတဲ့ ခရမ်းရောင် (Ultra Violet) ဖြစ်ပါတယ်ဆိုပြီး အရောင်နဲ့ပတ်သက်လာရင် ခိုင်လုံတဲ့ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားတဲ့ Pantone က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် Huawei Nova 3 နဲ့ 3i ကို အဲ့အရောင်တွေပေါ်မှာ အခြေခံပြီးတော့ စမတ်ဖုန်းရဲ့ နောက်ကျောကို အလင်းရောက်ထိတဲ့ အခါ မနက်ပိုင်းအလင်းရောင်ထွက်ခါစ ကောင်းကင်အရောင်လို အပြာနဲ့ ခရမ်းကြား အရောင်ပြေးလေးဖြစ်အောင် ပြုလုပ် တီထွင်ထားတာကို တွေ့ရမှာဖြစ်ပြီ အဲ့ဒီအရောင်ကို Iris Purple ဆိုပြီး ခေါ်ဆိုခဲ့ပါတယ်။

အခုလို စမတ်ဖုန်းရဲ့ ကိုယ်ထည်အပေါ်မှာ ပိုမိုစိန်လှုပ်ရှားဖွယ်ကောင်းတဲ့ စမတ်ဖုန်းရဲ့ ကျောမျက်နှာပြင် ကိုယ်ထည်ကို ပြောင်းလဲပေးနိုငါငည့် NCVM coating နည်းပညာတွေအာရုံစိုက်လာတဲ့ အကြောင်းက စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ၂၀၁၇ ခုနှစ်မှာ ဘေးဘောင်အနည်းဆုံးဒီဇိုင်းတွေကို တီထွင်ခဲ့ပေမယ့်လဲ နည်းပညာကို ဆက်လက်ချဲ့ထွင်ဖို့ အခက်အခဲတွေကြုံနေရလို့ ဖြစ်ပါတယ်။ အဲ့အချိန်မှာ မျက်နှာပြင်မှာရှိတဲ့ အရောင်အမှန်ကို သာမန်အမြင်နဲ့ကြည့်တဲ့အခါ ရှုထောင့်အမျိုးမျိုးကနေကြည့်ရှုတဲ့အခါ  အရောင်ပြောင်းလဲမှုရှိတဲ့ အံ့သြဖွယ် structural color ကို ထည့်သွင်းခဲ့တယ်ရလို့ ယူဆရပါတယ်။

Nova 3i နှင့် 3 Series မှာ အရောင်ပြေးဟာ structural color သဘောတရားပေါ်မှာအခြေခံပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲ့လိုပြုလုပ်ထားတဲ့အတွက် စမတ်ဖုန်းမျက်နှာပြင်ပေါ် အလင်းရောင်ကျရောက်တဲ့ အခါမှာ nano coating လို့ခေါ်တဲ့ အလွှာငါးလွှာကို ဖြတ်ကျော်ပြီး အလင်းရောင်စဉ်တန်းခွဲခြင်း၊ အလင်းယိုင်ခြင်း၊ အလင်းပြန်ခြင်းနဲ့ အချင်းချင်းရိုက်ခက်ခြင်း လိုမျိုး ဖြစ်စဉ်တွေကို ကျော်ဖြတ်ပြီး အနီ၊ လိမ္မော် နဲ့ အစိမ်းရောင် လှိုင်းနှုန်းတွေကို စုပ်ယူလိုက်ပါတယ်။ ရလဒ်အနေနဲ့ကတော့ အရောင်အသွေးအရမ်းလှပြီး ရွှန်းစိုတောက်ပတဲ့ အပြာနဲ့ ခရမ်း အရောင်ပြေးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက် မျက်နှာပြင်ကို ရှုထောင့်အမျိုးမျိုးက ကြည့်တဲ့အခါမှာ structural color ကြောင့် မတူညီတဲ့ အရောင်အမျိုးမျိုးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Huawei Nova 3 နှင့် 3i တွင်ပါဝင်တဲ့ Structural color ဟာဂသိပ္ပံပညာရှင်များကပိုးတောင်မာများရဲ့ ရွှန်းစိုတောက်ပတဲ့ သတ္တုအရောင်၊ ပိုးမွှားမအကောင်များရဲ့ မျက်လုံးတွေနဲ့ တောက်ပနေတဲ့ ခရုခွံရဲ့ သက်တံလို အရောင်တွေကို စနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ ထုတ်ကုန်များဖြစ်ပါတယ်။

အခုလို ပြုလုပ်တီထွင်တဲ့နေရာမှာ အရမ်းကို အနုစိပ်ပြီး ခက်ခဲတဲ့နည်းပညာကို Mid-range smartphone တွေ မှာ Huawei ကထည့်သွင်းပေးခဲ့တာ အလွန်အံ့သြစရာ ကောင်းပါတယ်။ နောက်ကျောမျက်နှာပြင်မှာ structural color ကိုထည့် သွင်းတဲ့အခါမှာ ပတ်ဝန်းကျင် လေထုမှာ အမှုန်အမွှားနဲ့ ဖုန်မှုန့်လေးတွေ လုံးဝ ကင်းစင်နေရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်မှုန့်တစ်ခု ကပ်သွားတာနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ကစ္စည်းတစ်ခုလုံး ပျက်ဆီးသွားမှာ ဖြစ်ပါတယ်။

အခုလို အသေးစိတ် ဂရုတစ်စိုက် လုပ်ဆောင်ရတဲ့အတွက်လဲ ပုံမှန် smartphone တွေသုံးနေကြ မှင်သားနဲ့ နှိုင်ယှဉ်မယ်ဆို သိသိသာသာကွားခြားနေမှာပါ။ NCVM နည်းပညာနဲ့ ပြုလုပ်ထားတဲ့အတွက် အရောင်ပြေးက ပိုမိုတိကျ တောက်ပပြီး shade အမျိုးမျိုးကို ပြောင်းလဲတာလွယ်ပါတယ်။ ဒါအပြင် echo friendly ဖြစ်တဲ့အပြင် အရောင်လွင့်ပျယ်တာတွေ လုံးဝမရှိဘဲ သင်ဟာ Huawei Nova 3 နဲ့ 3i ရဲ့ gradient color စမတ်ဖုန်းတွေကို ကိုင်ထားမယ်ဆိုရင်တော့ နေ့ခင်းဘက်နေရောင်အောက်မှာပါ ထင်းနေရုံတင်မဟုတ်ဘဲ ညဘက် မီးရောင်အောက်တွေ night out တွေသွားတဲ့အခါမှာပါ တဖြတ်ဖြတ်တောက်ပနေမှာဖြစ်ပါတယ်။

Leave a Reply