Huawei Nova 3i အတြက္ အနီေရာင္ ထြက္ၿပီ

0
769

ဟြာေ၀းက ဇူလိုင္လမွာ Nova 3i ကို ေၾကညာခဲ့ၿပီး အနက္၊ ခရမ္းနဲ႔ အျဖဴေရာင္မ်ား မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ဥေရာပမွာ Huawei P Smart+ အမည္နဲ႔ ေရာင္းခ်ေပးခဲ့ၿပီး အခုေတာ့ Acacia Red လို႔ ေခၚတဲ့ အနီေရာင္ကို ေရာင္းခ်ေပးလိုက္ပါတယ္။

အနီေရာင္အတြက္ 4/128 GB နဲ႔ 6/64 GB မ်ား ထုတ္လုပ္ေပးထားၿပီး ၂၉၀ နဲ႔ ၃၂၀ ေဒၚလာမ်ား အသီးသီး က်သင့္ပါတယ္။ သူဟာ P20 Lite ရဲ႕ ေမာ္ဒယ္ခြဲတစ္ခုျဖစ္ပါတယ္။ သူ႔မွာ ၆.၃ LCD FullHD+ Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ သူဟာ HiSilicon ရဲ႕ 12nm Process ျဖင့္ တည္ေဆာက္ထားတဲ့ Kirin 710 SoC အသစ္ကို သံုးထားတဲ့ ပထမဆံုး ဖုန္း ျဖစ္ပါတယ္။ 1.7GHz Cortex-A53 ၄ လံုးနဲ႔ 2.2GHz Cortex-A73 ၄ လံုး ပါတဲ့ Chipset ျဖစ္ပါတယ္။

အေနာက္ဘက္မွာ 16+2MP Back Camera နဲ႔ အေရွ႕ဘက္မွာ 24MP+2MP Selfie Camera မ်ား ပါလာပါတယ္။ 256GB microSD Card စိုက္ႏုိင္ပါတယ္။ Android Oreo 8.1 နဲ႔ Huawei EMUI 8.1 ကို ေပါင္းစပ္ ထည့္သြင္းထားပါတယ္။

ဖုန္းရဲ႕ စြမ္းရည္ကို ျမွင့္တင္ေပးတဲ့ GPU Trubo နဲ႔ ဥာဏ္ရည္တု နည္းပညာမ်ား ပါပါတယ္။ ဘက္ထရီက 3340mAh ျဖစ္ၿပီး ဆက္သြယ္မႈအပိုင္းမွာ Wi-FI 802.11b/g/n at 2.4 GHz နဲ႔ Bluetooth 4.2 မ်ားကို အသံုးျပဳႏုိင္ပါတယ္။

unicode

Huawei Nova 3i အတွက် အနီရောင် ထွက်ပြီ

ဟွာဝေးက ဇူလိုင်လမှာ Nova 3i ကို ကြေညာခဲ့ပြီး အနက်၊ ခရမ်းနဲ့ အဖြူရောင်များ မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ဥရောပမှာ Huawei P Smart+ အမည်နဲ့ ရောင်းချပေးခဲ့ပြီး အခုတော့ Acacia Red လို့ ခေါ်တဲ့ အနီရောင်ကို ရောင်းချပေးလိုက်ပါတယ်။

အနီရောင်အတွက် 4/128 GB နဲ့ 6/64 GB များ ထုတ်လုပ်ပေးထားပြီး ၂၉၀ နဲ့ ၃၂၀ ဒေါ်လာများ အသီးသီး ကျသင့်ပါတယ်။ သူဟာ P20 Lite ရဲ့ မော်ဒယ်ခွဲတစ်ခုဖြစ်ပါတယ်။ သူ့မှာ ၆.၃ LCD FullHD+ Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ သူဟာ HiSilicon ရဲ့ 12nm Process ဖြင့် တည်ဆောက်ထားတဲ့ Kirin 710 SoC အသစ်ကို သုံးထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 1.7GHz Cortex-A53 ၄ လုံးနဲ့ 2.2GHz Cortex-A73 ၄ လုံး ပါတဲ့ Chipset ဖြစ်ပါတယ်။

အနောက်ဘက်မှာ 16+2MP Back Camera နဲ့ အရှေ့ဘက်မှာ 24MP+2MP Selfie Camera များ ပါလာပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။ Android Oreo 8.1 နဲ့ Huawei EMUI 8.1 ကို ပေါင်းစပ် ထည့်သွင်းထားပါတယ်။

ဖုန်းရဲ့ စွမ်းရည်ကို မြှင့်တင်ပေးတဲ့ GPU Trubo နဲ့ ဉာဏ်ရည်တု နည်းပညာများ ပါပါတယ်။ ဘက်ထရီက 3340mAh ဖြစ်ပြီး ဆက်သွယ်မှုအပိုင်းမှာ Wi-FI 802.11b/g/n at 2.4 GHz နဲ့ Bluetooth 4.2 များကို အသုံးပြုနိုင်ပါတယ်။

Leave a Reply