ဟိုတယ္မ်ားမွာ ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးမယ့္ အလီဘာဘာရဲ႕ စက္ရုပ္

0
921

တရုတ္ အေျခစိုက္ အလီဘာဘာဟာ ကမာၻ႕ အႀကီးမားဆံုး အြန္လိုင္း စတိုးျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ သူ႔ရဲ႕ ေရာင္းအားဟာ Walmart, Amazon နဲ႔ eBay တို႔ရဲ႕ အားလံုးေပါင္း ေရာင္အားထက္ေတာင္ မ်ားျပားခဲ့ပါတယ္။ အလီဘာဘာဟာ အျခား စီးပြားေရး နယ္ပယ္မ်ားကိုလည္း ေျခဆန္႔ေနပါတယ္။ အခုလည္း သူက ဟိုတယ္မ်ားမွာ ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးမယ့္ စက္ရုပ္ကို ျပသလိုက္ပါတယ္။ စက္ရုပ္ အမည္က Space Egg ျဖစ္ပါတယ္။

စက္ရုပ္ကို တရုတ္ႏုိင္ငံ ဟန္ဇူးမွာ က်င္းပတဲ့ Computing Conference တစ္ခုမွာ ေၾက်ညာခဲ့တာ ျဖစ္ပါတယ္။ လာမယ့္လမွာ စက္ရုပ္ဟာ ဟိုတယ္တစ္ခုမွာ ပထမဆံုး အလုပ္လုပ္မွာပါ။ စက္ရုပ္ရဲ႕ ဘီးမ်ားကို အလူမီနီယမ္ ကိုယ္ထည္ျဖင့္ ဖံုးအုပ္ထားပါတယ္။ ဟိုတယ္ထဲမွာ သြားလာဖို႔အတြက္ သူက ကင္မရာမ်ားနဲ႔ ေလဆာမ်ားကို အသံုးျပဳထားပါတယ္။ သူ႔ရဲ႕ အျမင့္က ၃ မီတာေအာက္သာ ရွိပါတယ္။ တစ္စကၠန္႔လွ်င္ တစ္မီတာႏႈန္းျဖင့္ သြားလာႏုိင္ပါတယ္။

ပစၥည္းမ်ားကို သယ္ယူပို႔ေဆာင္ေပးေနတဲ့ စက္ရုပ္မ်ားကို ယခင္ကလည္း ျမင္ခဲ့ၾကရၿပီးပါၿပီ။ Savioke က ဟိုတယ္မ်ားအတြက္ Botlr ၊ Panasonic က ေဆးရံုမ်ားမွာ ပစၥည္းမ်ား သယ္ယူေပးတဲ့ HOSPI နဲ႔ LG က ေလဆိပ္မွာ ပစၥည္းမ်ား သယ္ေပးတဲ့ CLOi တို႔ကို ဖန္တီးထားပါတယ္။ အလီဘာဘာရဲ႕ စက္ရုပ္မွာ Tmall Genie ကိုယ္ပိုင္ AI Assistant ထည့္သြင္းထားပါတယ္။ ဧည့္သည္မ်ားက အစားအစာမ်ား မွာယူဖို႔ စက္ရုပ္အား အသံအမိန္႔မ်ားျဖင့္ ခိုင္းေစႏုိင္ပါတယ္။

အလီဘာဘာဟာ စက္ရုပ္နယ္ပယ္မွာ အေတြ႕အၾကံမ်ားရွိပါတယ္။ သူ႔ရဲ႕ ကုန္ေလွာင္ရံုမ်ားမွာ စက္ရုပ္မ်ားကို အသံုးျပဳထား်ပါတယ္။ ဒါ့အျပင္ အလီဘာဘာရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက ေဆးရံုမ်ားမွာ ေဆး၀ါးမ်ား ၊ ပစၥည္းမ်ား သယ္ေဆာင္ေပးမယ့္ စက္ရုပ္မ်ားကိုလည္း အနာဂတ္မွာ ဖန္တီးမယ္လို႔ ေျပာပါတယ္။

unicode

ဟိုတယ်များမှာ ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမယ့် အလီဘာဘာရဲ့ စက်ရုပ်

တရုတ် အခြေစိုက် အလီဘာဘာဟာ ကမ္ဘာ့ အကြီးမားဆုံး အွန်လိုင်း စတိုးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ရောင်းအားဟာ Walmart, Amazon နဲ့ eBay တို့ရဲ့ အားလုံးပေါင်း ရောင်အားထက်တောင် များပြားခဲ့ပါတယ်။ အလီဘာဘာဟာ အခြား စီးပွားရေး နယ်ပယ်များကိုလည်း ခြေဆန့်နေပါတယ်။ အခုလည်း သူက ဟိုတယ်များမှာ ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမယ့် စက်ရုပ်ကို ပြသလိုက်ပါတယ်။ စက်ရုပ် အမည်က Space Egg ဖြစ်ပါတယ်။

စက်ရုပ်ကို တရုတ်နိုင်ငံ ဟန်ဇူးမှာ ကျင်းပတဲ့ Computing Conference တစ်ခုမှာ ကြျေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့်လမှာ စက်ရုပ်ဟာ ဟိုတယ်တစ်ခုမှာ ပထမဆုံး အလုပ်လုပ်မှာပါ။ စက်ရုပ်ရဲ့ ဘီးများကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားပါတယ်။ ဟိုတယ်ထဲမှာ သွားလာဖို့အတွက် သူက ကင်မရာများနဲ့ လေဆာများကို အသုံးပြုထားပါတယ်။ သူ့ရဲ့ အမြင့်က ၃ မီတာအောက်သာ ရှိပါတယ်။ တစ်စက္ကန့်လျှင် တစ်မီတာနှုန်းဖြင့် သွားလာနိုင်ပါတယ်။

ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေတဲ့ စက်ရုပ်များကို ယခင်ကလည်း မြင်ခဲ့ကြရပြီးပါပြီ။ Savioke က ဟိုတယ်များအတွက် Botlr ၊ Panasonic က ဆေးရုံများမှာ ပစ္စည်းများ သယ်ယူပေးတဲ့ HOSPI နဲ့ LG က လေဆိပ်မှာ ပစ္စည်းများ သယ်ပေးတဲ့ CLOi တို့ကို ဖန်တီးထားပါတယ်။ အလီဘာဘာရဲ့ စက်ရုပ်မှာ Tmall Genie ကိုယ်ပိုင် AI Assistant ထည့်သွင်းထားပါတယ်။ ဧည့်သည်များက အစားအစာများ မှာယူဖို့ စက်ရုပ်အား အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။

အလီဘာဘာဟာ စက်ရုပ်နယ်ပယ်မှာ အတွေ့အကြံများရှိပါတယ်။ သူ့ရဲ့ ကုန်လှောင်ရုံများမှာ စက်ရုပ်များကို အသုံးပြုထားျပါတယ်။ ဒါ့အပြင် အလီဘာဘာရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဆေးရုံများမှာ ဆေးဝါးများ ၊ ပစ္စည်းများ သယ်ဆောင်ပေးမယ့် စက်ရုပ်များကိုလည်း အနာဂတ်မှာ ဖန်တီးမယ်လို့ ပြောပါတယ်။

Leave a Reply