သင့္ ေဒတာမ်ား အခိုးခံရရင္ အသိေပးမယ့္ Firefox Monitor

0
3042

Mozilla က အြန္လိုင္းမွာ သင့္ ေဒတာမ်ား အခုိးခံရရင္ သင့္အား အသိေပးမယ့္ Firefox Monitor Service ကို ျပဳလုပ္ေပးလိုက္ပါတယ္။ သူ႔ရဲ႕ ၀က္ဘ္ဆိုက္မွာ သင့္ရဲ႕ အီးေမးလိပ္စာကို ထည့္သြင္းၿပီး Scan ခလုတ္ကို ႏွိပ္လိုက္တာနဲ႔ သင့္ရဲ႕ ေဒတာမ်ား ေပါက္ၾကားျခင္း ရွိ၊ မရွိ စစ္ေဆးေပးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ ၀က္ဘ္ဆိုက္မွာ သင့္ အီးေမးျဖင့္ မွတ္ပံုတင္ထားရင္ အနာဂတ္မွာ အြန္လိုင္းတြင္ သင့္ေဒတာမ်ား ေပါက္ၾကားသြားတာနဲ႔ သင့္ကို သတိေပးမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင့္ရဲ႕ အြန္လိုင္း အေကာင့္မ်ားမွ Password မ်ား ေပါက္ၾကားသြားရင္ သူက သင့္အား လွ်င္ျမန္စြာ အသိေပးမွာ ျဖစ္ၿပီး သင္က Password မ်ားကို လွ်င္ျမန္စြာ ေျပာင္းလဲႏုိင္မွာ ျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္ ကတည္းက ဒီလို ၀န္ေဆာင္မႈမ်ိဳးကို ျပဳလုပ္ေပးေနတဲ့ ၀က္ဘ္ဆိုက္တစ္ခု ျဖစ္တဲ့ Have I Been Pwned နဲ႔ ပူးေပါင္း၍ Firefox Monitor ကို ျပဳလုပ္ေပးထားတာ ျဖစ္ပါတယ္။ အြန္လိုင္းမွာ ေဒတာမ်ား ေပါက္ၾကားမႈမ်ား မၾကာခဏ ဆိုသလို ျဖစ္ေပၚေနပါတယ္။ အဲဒီအတြက္ ယခုလို ၀န္ေဆာင္မႈမ်ားကို အသံုးျပဳသင့္ပါတယ္။ ဒါ့အျပင္ အြန္လိုင္း အေကာင့္မ်ားမွာ မတူညီတဲ့ Password မ်ားကို အသံုးျပဳသင့္ပါတယ္။ ေဖာက္ထြင္းရ ခက္ခဲၿပီး အားေကာင္းတဲ့ Password မ်ားကိုလည္း အသံုးျပဳသင့္ပါတယ္။ ဒီလို အားေကာင္းတဲ့ Password မ်ားကို ဖန္တီးေပးတဲ့ Last Pass လို Password Manager မ်ားကိုလည္း အသံုးျပဳသင့္ပါတယ္။

ယခုႏွစ္ ဇြန္လမွာ Mozilla နဲ႔ Have I Been Pwned (HIBP) ကို ဖန္တီးသူ Troy Hunt တို႔က Firefox မွာ HIBP ရဲ႕ ေဒတာေဘ့စ္မ်ားကို ထည့္သြင္းဖို႔ ပူးေပါင္းထားတယ္လို႔ ေၾကညာခဲ့ပါတယ္။ https://monitor.firefox.com/ မွာ Firefox Monitor ကို အသံုးျပဳႏုိင္ပါတယ္။

unicode

သင့် ဒေတာများ အခိုးခံရရင် အသိပေးမယ့် Firefox Monitor

Mozilla က အွန်လိုင်းမှာ သင့် ဒေတာများ အခိုးခံရရင် သင့်အား အသိပေးမယ့် Firefox Monitor Service ကို ပြုလုပ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ သင့်ရဲ့ အီးမေးလိပ်စာကို ထည့်သွင်းပြီး Scan ခလုတ်ကို နှိပ်လိုက်တာနဲ့ သင့်ရဲ့ ဒေတာများ ပေါက်ကြားခြင်း ရှိ၊ မရှိ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ ဝက်ဘ်ဆိုက်မှာ သင့် အီးမေးဖြင့် မှတ်ပုံတင်ထားရင် အနာဂတ်မှာ အွန်လိုင်းတွင် သင့်ဒေတာများ ပေါက်ကြားသွားတာနဲ့ သင့်ကို သတိပေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင့်ရဲ့ အွန်လိုင်း အကောင့်များမှ Password များ ပေါက်ကြားသွားရင် သူက သင့်အား လျှင်မြန်စွာ အသိပေးမှာ ဖြစ်ပြီး သင်က Password များကို လျှင်မြန်စွာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ကတည်းက ဒီလို ဝန်ဆောင်မှုမျိုးကို ပြုလုပ်ပေးနေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ Have I Been Pwned နဲ့ ပူးပေါင်း၍ Firefox Monitor ကို ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ဒေတာများ ပေါက်ကြားမှုများ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေပါတယ်။ အဲဒီအတွက် ယခုလို ဝန်ဆောင်မှုများကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် အွန်လိုင်း အကောင့်များမှာ မတူညီတဲ့ Password များကို အသုံးပြုသင့်ပါတယ်။ ဖောက်ထွင်းရ ခက်ခဲပြီး အားကောင်းတဲ့ Password များကိုလည်း အသုံးပြုသင့်ပါတယ်။ ဒီလို အားကောင်းတဲ့ Password များကို ဖန်တီးပေးတဲ့ Last Pass လို Password Manager များကိုလည်း အသုံးပြုသင့်ပါတယ်။

ယခုနှစ် ဇွန်လမှာ Mozilla နဲ့ Have I Been Pwned (HIBP) ကို ဖန်တီးသူ Troy Hunt တို့က Firefox မှာ HIBP ရဲ့ ဒေတာဘေ့စ်များကို ထည့်သွင်းဖို့ ပူးပေါင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ https://monitor.firefox.com/ မှာ Firefox Monitor ကို အသုံးပြုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.