ထိပ္တန္း Android Phone မ်ားေလာက္ ဘက္ထရီ သက္တမ္း မေကာင္းတဲ့ iPhone XS နဲ႔ XS Max

0
1782

သုေတသန တစ္ခုအရ iPhone XS နဲ႔ XS Max တို႔ဟာ ထိပ္တန္း Android Phone မ်ားေလာက္ ဘက္ထရီ သက္တမ္း မေကာင္းဘူးလို႔ သိရပါတယ္။ Tom’s Guide က ဒီ စစ္တမ္းကို ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး တူညီတဲ့ စမ္းသပ္မႈကို စမတ္ဖုန္း ၉ လံုးမွာ ျပဳလုပ္ခဲ့တာပါ။ ဖုန္း အားလံုးမွာ Screen Brightness ကို 150 nits နဲ႔ အင္တာနက္ကို 4G ျဖင့္ တူညီစြာ ခ်ိန္ညွိ၍ စမ္းသပ္ခဲ့တာပါ။ iPhone XS ရဲ႕ ဘက္ထရီ သက္တမ္းဟာ ၉ နာရီ ၄၁ မိနစ္နဲ႔ XS Max ဟာ ၁၀ နာရီ ၃၈ မိနစ္ၾကာျမင့္ပါတယ္။

Apple iPhone အသစ္မ်ားထက္ ဘက္ထရီ သက္တမ္းပိုေကာင္းတဲ့ အန္းဒရြိဳက္ ဖုန္းမ်ားက OnePlus 6 (11:22), Samsung Galaxy Note 9 (11:26), Google Pixel 2 XL (12:09) နဲ႔ Huawei P20 (14:13) ျဖစ္ပါတယ္။ TechRadar ရဲ႕ အိုင္ဖုန္း အသစ္မ်ားအတြက္ Review မွာလည္း ဘက္ထရီ သက္တမ္းဟာ သိပ္မေကာင္းေၾကာင္း ေရးသားထားပါတယ္။

ဒါေပမယ့္ ဒါဟာ စမ္းသပ္မႈ အမ်ိဳးအစား တစ္ခုသာ ျဖစ္ပါတယ္။ မတူညီတဲ့ အျခား စမ္းသပ္မႈမ်ားမွာေတာ့ ရလဒ္မ်ားက ေျပာင္းလဲသြားႏုိင္ပါတယ္။ ဒါေပမယ့္ ယခု စမ္းသပ္မႈဟာ Android နဲ႔ iOS Devices အားလံုးမွာ မွန္ကန္တဲ့ ရလဒ္မ်ား ထြက္ေပၚေစမယ့္ Benchmark ျဖစ္ပါတယ္။

Apple က အိုင္ဖုန္း အသစ္မ်ား မိတ္ဆက္ပြဲမွာ RAM နဲ႔ ဘက္ထရီ ပမာဏမ်ားကို မေျပာသြားခဲ့ပါဘူး။ မၾကာခင္က တရုတ္ ဆက္သြယ္ေရး ေကာ္မရွင္ (TENAA) ကေန ဘက္ထရီ ပမာဏမ်ားကို သိလိုက္ရပါၿပီ။ iPhone XS မွာ 2658mAh Battery ထည့္သြင္းထားၿပီး ယခင္မ်ိဳးဆက္ iPhone X ရဲ႕ 2716mAh Battery ထက္ အနည္းငယ္ ေသးငယ္သြားပါတယ္။ iPhone XS Max မွာ ထြက္ရွိၿပီးသမွ် အိုင္ဖုန္း အားလံုးထဲမွာ အႀကီးမားဆံုး ဘက္ထရီ ထည့္သြင္းထားၿပီး 3174mAh Battery ျဖစ္ပါတယ္။ iPhone XR မွာ 2942mAh Battery ပါပါတယ္။ Apple က အိုင္ဖုန္း အသစ္အားလံုးထဲမွာ iPhone XR ရဲ႕ ဘက္ထရီ သက္တမ္းဟာ အေကာင္းဆံုးလို႔ ညႊန္းထားပါတယ္။

unicode

ထိပ်တန်း Android Phone များလောက် ဘက်ထရီ သက်တမ်း မကောင်းတဲ့ iPhone XS နဲ့ XS Max

သုတေသန တစ်ခုအရ iPhone XS နဲ့ XS Max တို့ဟာ ထိပ်တန်း Android Phone များလောက် ဘက်ထရီ သက်တမ်း မကောင်းဘူးလို့ သိရပါတယ်။ Tom’s Guide က ဒီ စစ်တမ်းကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး တူညီတဲ့ စမ်းသပ်မှုကို စမတ်ဖုန်း ၉ လုံးမှာ ပြုလုပ်ခဲ့တာပါ။ ဖုန်း အားလုံးမှာ Screen Brightness ကို 150 nits နဲ့ အင်တာနက်ကို 4G ဖြင့် တူညီစွာ ချိန်ညှိ၍ စမ်းသပ်ခဲ့တာပါ။ iPhone XS ရဲ့ ဘက်ထရီ သက်တမ်းဟာ ၉ နာရီ ၄၁ မိနစ်နဲ့ XS Max ဟာ ၁၀ နာရီ ၃၈ မိနစ်ကြာမြင့်ပါတယ်။

Apple iPhone အသစ်များထက် ဘက်ထရီ သက်တမ်းပိုကောင်းတဲ့ အန်းဒရွိုက် ဖုန်းများက OnePlus 6 (11:22), Samsung Galaxy Note 9 (11:26), Google Pixel 2 XL (12:09) နဲ့ Huawei P20 (14:13) ဖြစ်ပါတယ်။ TechRadar ရဲ့ အိုင်ဖုန်း အသစ်များအတွက် Review မှာလည်း ဘက်ထရီ သက်တမ်းဟာ သိပ်မကောင်းကြောင်း ရေးသားထားပါတယ်။

ဒါပေမယ့် ဒါဟာ စမ်းသပ်မှု အမျိုးအစား တစ်ခုသာ ဖြစ်ပါတယ်။ မတူညီတဲ့ အခြား စမ်းသပ်မှုများမှာတော့ ရလဒ်များက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ယခု စမ်းသပ်မှုဟာ Android နဲ့ iOS Devices အားလုံးမှာ မှန်ကန်တဲ့ ရလဒ်များ ထွက်ပေါ်စေမယ့် Benchmark ဖြစ်ပါတယ်။

Apple က အိုင်ဖုန်း အသစ်များ မိတ်ဆက်ပွဲမှာ RAM နဲ့ ဘက်ထရီ ပမာဏများကို မပြောသွားခဲ့ပါဘူး။ မကြာခင်က တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) ကနေ ဘက်ထရီ ပမာဏများကို သိလိုက်ရပါပြီ။ iPhone XS မှာ 2658mAh Battery ထည့်သွင်းထားပြီး ယခင်မျိုးဆက် iPhone X ရဲ့ 2716mAh Battery ထက် အနည်းငယ် သေးငယ်သွားပါတယ်။ iPhone XS Max မှာ ထွက်ရှိပြီးသမျှ အိုင်ဖုန်း အားလုံးထဲမှာ အကြီးမားဆုံး ဘက်ထရီ ထည့်သွင်းထားပြီး 3174mAh Battery ဖြစ်ပါတယ်။ iPhone XR မှာ 2942mAh Battery ပါပါတယ်။ Apple က အိုင်ဖုန်း အသစ်အားလုံးထဲမှာ iPhone XR ရဲ့ ဘက်ထရီ သက်တမ်းဟာ အကောင်းဆုံးလို့ ညွှန်းထားပါတယ်။

Leave a Reply