၂၆ရက္ေန႔မွာ Amazon ကေနမိတ္ဆက္ ေရာင္းခ်လာမယ့္ vivo V9 Pro

0
1154

vivo အေနနဲ႔ လြန္ခဲ့တဲ့ ဇြန္လေလာက္က 6GB RAM နဲ႔ V9 စမတ္ဖုန္းကို အင္ဒိုနီးရွားေစ်းကြက္မွာ ျဖန္႔ခ်ိေပးခဲ့ပါတယ္။ အခုေတာ့ ပိုျမန္တဲ့ ဗားရွင္းသစ္ကို ထုတ္ေပးပါေတာ့မယ္။ vivo ရဲ႕ V9 Pro စမတ္ဖုန္းကို လာမယ့္ ရက္ပိုင္းအတြင္း Amazon ကေနမိတ္ဆက္ ေရာင္းခ်လာေတာ့မွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းနဲ႔ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။ ဒီဖုန္းမွာ ပိုၿပီးသြက္လက္ျမန္ဆန္တဲ့ RAM နဲ႔ပရိုဆက္ဆာ သုံးလာမွာပါ။

ပုံမွန္ vivo V9 တုန္းက  Snapdragon 626 SoC ကိုသုံးခဲ့ၿပီး၊ အခုပရိုဗားရွင္းမွာေတာ့ Snapdragon 660 chipset ကိုထည့္သြင္းလာမွာပါ။ ဒီလိုေျပာင္းလဲမႈကိုပဲ Pro ဆိုၿပီး ထုတ္လိုက္တာပါ။ vivo V9  ျဖစ္တဲ့ 6GB RAM ဗားရွင္းနဲ႔အရြယ္အစားတူညီၿပီး camera setups ပိုင္းမွာလည္း ကြဲျပားအုံးမွာပါ။ ဖုန္းအသစ္မွာေတာ့ 13 MP f/2.2  အဓိကကင္မရာနဲ႔ depth sensing အတြက္ 2MP ဒုတိယကင္မရာငယ္ကို သုံးလာပါတယ္။ selfie ပိုင္းမွာေတာ့ 12 MP နဲ႔ပါ။

အရင္ထြက္ခဲ့တဲ့ V9 မွာေတာ့ 16 MP + 5 MP ေနာက္ေက်ာဘက္ ကင္မရာကို သုံးခဲ့ၿပီး အေရွ႕ကင္မရာမွာေတာ့ 24 MP ကိုသုံးခဲ့ပါတယ္။  V9 ဖုန္းနဲ႔ ဒီဇုိင္းပိုင္းမွာ ကြဲျပားမႈ မရွိဘူးဆိုတာေၾကာင့္ 6.3 လက္မမ်က္ႏွာျပင္နဲ႔ Funtouch OS 4.0 သံုးလာမွာပါ။ ကင္မရာပိုင္းအတြက္ Dual-LED flash ကိုတပ္ဆင္ေပးထားမွာ ျဖစ္ၿပီး လက္ေဗြဖတ္စနစ္ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားမွာပါ။ အင္ဒိုနီးရွားနဲ႔ အိႏိၵယေစ်းကြက္အတြက္ ဝင္လာမွာျဖစ္ၿပီး ေစ်းႏႈန္းကေတာ့ ေဒၚလာ ၃၀၀ ေက်ာ္ ဝန္းက်င္ေလာက္ ရွိလာႏုိင္ပါတယ္။

unicode

vivo အနေနဲ့ လွန်ခဲ့တဲ့ ဇွန်လလောက်က 6GB RAM နဲ့ V9 စမတ်ဖုန်းကို အင်ဒိုနီးရှားဈေးကွက်မှာ ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ ပိုမြန်တဲ့ ဗားရှင်းသစ်ကို ထုတ်ပေးပါတော့မယ်။ vivo ရဲ့ V9 Pro စမတ်ဖုန်းကို လာမယ့် ရက်ပိုင်းအတွင်း Amazon ကနေမိတ်ဆက် ရောင်းချလာတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ အချိန်ကိုတော့ မသိရသေးပါဘူး။ ဒီဖုန်းမှာ ပိုပြီးသွက်လက်မြန်ဆန်တဲ့ RAM နဲ့ပရိုဆက်ဆာ သုံးလာမှာပါ။

ပုံမှန် vivo V9 တုန်းက  Snapdragon 626 SoC ကိုသုံးခဲ့ပြီး၊ အခုပရိုဗားရှင်းမှာတော့ Snapdragon 660 chipset ကိုထည့်သွင်းလာမှာပါ။ ဒီလိုပြောင်းလဲမှုကိုပဲ Pro ဆိုပြီး ထုတ်လိုက်တာပါ။ vivo V9  ဖြစ်တဲ့ 6GB RAM ဗားရှင်းနဲ့အရွယ်အစားတူညီပြီး camera setups ပိုင်းမှာလည်း ကွဲပြားအုံးမှာပါ။ ဖုန်းအသစ်မှာတော့ 13 MP f/2.2  အဓိကကင်မရာနဲ့ depth sensing အတွက် 2MP ဒုတိယကင်မရာငယ်ကို သုံးလာပါတယ်။ selfie ပိုင်းမှာတော့ 12 MP နဲ့ပါ။

အရင်ထွက်ခဲ့တဲ့ V9 မှာတော့ 16 MP + 5 MP နောက်ကျောဘက် ကင်မရာကို သုံးခဲ့ပြီး အရှေ့ကင်မရာမှာတော့ 24 MP ကိုသုံးခဲ့ပါတယ်။  V9 ဖုန်းနဲ့ ဒီဇိုင်းပိုင်းမှာ ကွဲပြားမှု မရှိဘူးဆိုတာကြောင့် 6.3 လက်မမျက်နှာပြင်နဲ့ Funtouch OS 4.0 သုံးလာမှာပါ။ ကင်မရာပိုင်းအတွက် Dual-LED flash ကိုတပ်ဆင်ပေးထားမှာ ဖြစ်ပြီး လက်ဗွေဖတ်စနစ်ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားမှာပါ။ အင်ဒိုနီးရှားနဲ့ အိန္ဒိယဈေးကွက်အတွက် ဝင်လာမှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ကျော် ဝန်းကျင်လောက် ရှိလာနိုင်ပါတယ်။

Leave a Reply