
0
1745





unicode

TENAA ကို ရောက်လာတဲ့ Huawei Y9(2019)

Huawei က တန်ဖိုးစံလင်တဲ့ စမတ်ဖုန်း အမျိုးအစားများစွာကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှာ JKM-AL00 Device ကို မှတ်ပုံတင်လိုက်ပါတယ်။ သူဟာ Huawei Y9(2019) ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ Specs များကိုလည်း အဲဒီမှာ ဖော်ပြထားပါတယ်။ သူဟာ Kirin 710 Chipset ထည့်ထားတဲ့ တန်ဖိုးသင့် ဖုန်း ဖြစ်ပါတယ်။

သူ့မှာ 2.2GHz Octa-Core CPU ပါပါတယ်။ 4GB or 6GB RAM နဲ့ 64GB or 128GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ microSD Card Slot ပါပါတယ်။ ၆.၅ လက်မ Full HD+ Display ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 20MP Main Camera နဲ့ 2MP Camera ၂ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ Portrait Photo များ ဖမ်းယူပေးပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Android 8.1 Oreo အခြေပြု EMUI 8.1 ထည့်သွင်းထားပါတယ်။

အရွယ်အစား မတူတဲ့ အတွက် သူဟာ Honor 8X ရဲ့ မော်ဒယ်ခွဲ တစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 162.4 x 77.1 mm x 8 mm ဖြစ်ပြီး အလေးချိန်မှာ ၇၃ ဂရမ် ဖြစ်ပါတယ်။ ဘက်ထရီက 3900mAh ဖြစ်ပါတယ်။

Leave a Reply