Sony က ေဒၚလာ ၁၀၀ တန္ PlayStation Classic ကို မိတ္ဆက္

0
1227

Sony က အရြယ္ေသး PlayStation Classic ကို ေၾကညာလိုက္ပါတယ္။ သူဟာ CD-ROMs မ်ားကို ဖတ္ႏုိင္ၿပီး ကမာၻအ၀န္းမွာ အလံုးေရ သန္း ၁၀၀ ၀န္းက်င္ ေရာင္းခ်ႏုိင္ခဲ့တဲ့ ပထမမ်ိဳးဆက္ PlayStation အရြယ္အစားရဲ႕ ထက္၀က္နီးပါးသာ ရွိပါတယ္။ PlayStation Classic မွာ Final Fantasy VII, Jumping Flash, Ridge Racer Type 4, Tekken 3, Wild Arms တို႔ အပါအ၀င္ နာမည္ေက်ာ္ ဂိမ္းေပါင္း ၂၀ ထည့္သြင္းထားပါတယ္။

သူ႔ကို တီဗီနဲ႔ ခ်ိတ္ဆက္ဖို႔အတြက္ HDMI Cable နဲ႔ မူလ PlayStation နဲ႔ တူတဲ့ Controller ၂ ခု ပါပါတယ္။ Game Progress မ်ားကို သိမ္းဆည္းထားႏုိင္တဲ့ Virtual Memory Card ပါပါတယ္။ သူ႔ကို ဒီဇင္ဘာလ ၃ ရက္ေန႔မွာ ေဒၚလာ ၁၀၀ ျဖင့္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဆိုနီက မၾကာခင္မွာ သူ႔မွာ ထည့္သြင္းေပးမယ့္ ဂိမ္း အသစ္မ်ားနဲ႔ အျခား ေရာင္းခ်မယ့္ ႏုိင္ငံမ်ားကို ေၾကညာမွာ ျဖစ္ပါတယ္။

အခုဆိုရင္ ေရြးခ်ယ္စရာ Retro Consoles မ်ား မ်ားျပားလာပါၿပီ။ Nintendo က NES Classic ကို ေရာင္းခ်ထားပါတယ္။ ဧၿပီလမွာ Sega က Mega Drive Mini ကို ေရာင္းခ်ခဲ့ပါတယ္။ Atari ကလည္း လာမယ့္ႏွစ္ ဇူလိုင္လမွာ ေရာင္းခ်မယ့္ VCS အတြက္ ႀကိဳတင္မွာယူခြင့္မ်ားကို ျပဳလုပ္ေပးထားပါတယ္။ သင့္ ပီစီနဲ႔ မိုဘိုင္း ကိရိယာမ်ားမွာ Emulators မ်ားနဲ႔ အဲဒီ ဂိမ္းမ်ားကို ကစားႏုိင္ေပမယ့္ Controllers မ်ားပါတဲ့ ဂိမ္းစက္မ်ားျဖင့္ကစားရတာကေတာ့ ပိုေကာင္းပါတယ္။

Unicode

Sony က ဒေါ်လာ ၁၀၀ တန် PlayStation Classic ကို မိတ်ဆက်

Sony က အရွယ်သေး PlayStation Classic ကို ကြေညာလိုက်ပါတယ်။ သူဟာ CD-ROMs များကို ဖတ်နိုင်ပြီး ကမ္ဘာအဝန်းမှာ အလုံးရေ သန်း ၁၀၀ ဝန်းကျင် ရောင်းချနိုင်ခဲ့တဲ့ ပထမမျိုးဆက် PlayStation အရွယ်အစားရဲ့ ထက်ဝက်နီးပါးသာ ရှိပါတယ်။ PlayStation Classic မှာ Final Fantasy VII, Jumping Flash, Ridge Racer Type 4, Tekken 3, Wild Arms တို့ အပါအဝင် နာမည်ကျော် ဂိမ်းပေါင်း ၂၀ ထည့်သွင်းထားပါတယ်။

သူ့ကို တီဗီနဲ့ ချိတ်ဆက်ဖို့အတွက် HDMI Cable နဲ့ မူလ PlayStation နဲ့ တူတဲ့ Controller ၂ ခု ပါပါတယ်။ Game Progress များကို သိမ်းဆည်းထားနိုင်တဲ့ Virtual Memory Card ပါပါတယ်။ သူ့ကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ ဆိုနီက မကြာခင်မှာ သူ့မှာ ထည့်သွင်းပေးမယ့် ဂိမ်း အသစ်များနဲ့ အခြား ရောင်းချမယ့် နိုင်ငံများကို ကြေညာမှာ ဖြစ်ပါတယ်။

အခုဆိုရင် ရွေးချယ်စရာ Retro Consoles များ များပြားလာပါပြီ။ Nintendo က NES Classic ကို ရောင်းချထားပါတယ်။ ဧပြီလမှာ Sega က Mega Drive Mini ကို ရောင်းချခဲ့ပါတယ်။ Atari ကလည်း လာမယ့်နှစ် ဇူလိုင်လမှာ ရောင်းချမယ့် VCS အတွက် ကြိုတင်မှာယူခွင့်များကို ပြုလုပ်ပေးထားပါတယ်။ သင့် ပီစီနဲ့ မိုဘိုင်း ကိရိယာများမှာ Emulators များနဲ့ အဲဒီ ဂိမ်းများကို ကစားနိုင်ပေမယ့် Controllers များပါတဲ့ ဂိမ်းစက်များဖြင့်ကစားရတာကတော့ ပိုကောင်းပါတယ်။

Leave a Reply