
0
734




unicode

Google Pixel Stand Charger ရဲ့ သတင်းထွက်ပေါ်လာ

Google က Pixel 3 နဲ့ Pixel 3XL တို့ကို အောက်တိုဘာလ ၉ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ Pixel Stand အမည်ရ Wireless Charger ကိုပါ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဖုန်းများကို အဲဒီမှာ စိုက်ထားရင် ကြိုးများ ချိတ်ဆက်စရာ မလိုဘဲ အားသွင်းပေးမှာ ဖြစ်သလို ဖုန်းရဲ့ စကရင်ဟာ ပွင့်နေမှာ ဖြစ်ပြီး Image Slideshows , Notifications , Reminders , Clock များကို ပြသထားမှာ ဖြစ်ပါတယ်။

နေအိမ်မှ Google Home Smart Speaker များကို ဖုန်းများကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုတော့ Pixel Stand ရဲ့ Animation Photo တစ်ခု 9to5Google ကနေ ထွက်ရှိလာပါတယ်။ ပုံမှာ Pixel 3 ကို Pixel Stand မှာ ဒေါင်လိုက် စိုက်ထားပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာ Pixel 3 , Pixel 3XL , Pixel Charger တို့ အပြင် Google Home Smart Speaker နဲ့ Smart Display များကိုပါ ကြေညာနိုင်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရ Google Home Hub ဟာ စမတ် မျက်နှာပြင် ဖြစ်ပြီး ၇ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ သူ့မှာ Google Assistant ပါရှိပြီး မေးခွန်းများ မေးခြင်း၊ အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်ခြင်းနဲ့ အခြား အလုပ်များအတွက် သူ့ကို အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။

Leave a Reply