Apple Device ၃ ခုကို တစ္ၿပိဳင္နက္ အားသြင္းေပးႏိုင္တဲ့ Belkin ရဲ႕ Boostup Wireless Dock

0
1510

Belkin ရဲ႕ ေနာက္ဆံုးထုတ္ Charging Dock က Apple Device ၃ ခုကို တစ္ၿပိဳင္နက္ အားသြင္းေပးႏိုင္ပါတယ္။ သူ႔ရဲ႕ အမည္က Boostup Wireless Charging Dock ျဖစ္ၿပီး သူက iPhone , Apple Watch တို႔ကို ႀကိဳးုမဲ့ အားသြင္းေပးႏိုင္ပါတယ္။ ဒါ့အျပင္ AirPods Case လို ကိရိယာကို USB Type-A Port ကေန အားသြင္းေပးပါတယ္။

အသစ္ထြက္ XS Max အပါအ၀င္ ႀကိဳးမဲ့ အားသြင္း နည္းပညာပါတဲ့ အိုင္ဖုန္း အားလံုးကို သူက 7.5W ႏႈန္းျဖင့္ အားသြင္းေပးပါတယ္။ Dock ကိုေတာ့ 45W AC Adapter ျဖင့္ အားသြင္းေပးရပါတယ္။ Apple ရဲ႕ AirPower Charging Pad ကေတာ့ အပူလြန္ကဲတဲ့ ျပႆနာမ်ား ရွိေနတဲ့အတြက္ ထုတ္လုပ္ေရာင္းခ်ဖို႔ ေႏွာင့္ေႏွးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

Belkin ရဲ႕ Dock ဟာ AirPower ေလာက္ေတာ့ စြမ္းရည္ မျမင့္မားပါဘူး။ ဒါေပမယ့္ ႀကိဳးမ်ားျဖင့္ ရႈပ္ယွက္ခတ္ မေနေအာင္ေတာ့ သူက ကူညီေပးႏုိင္ပါတယ္။ Belkin က သမား ရိုးက် Lightning Jack ပါတဲ့ PowerHouse Charge Dock ကိုလည္း အဆင့္ျမွင့္ေပးလိုက္ပါတယ္။

Boostup Wireless Charging Dock ကို ဒီဇင္ဘာလမွာ စတင္ ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းက ၁၅၉.၉၉ ေဒၚလာ ျဖစ္ပါတယ္။ PowerHouse Model ကို ႏို၀င္ဘာလမွာ ၉၉.၉၉ ေဒၚလာျဖင့္ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

Apple Device ၃ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Belkin ရဲ့ Boostup Wireless Dock

Belkin ရဲ့ နောက်ဆုံးထုတ် Charging Dock က Apple Device ၃ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ သူ့ရဲ့ အမည်က Boostup Wireless Charging Dock ဖြစ်ပြီး သူက iPhone , Apple Watch တို့ကို ကြိုးုမဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် AirPods Case လို ကိရိယာကို USB Type-A Port ကနေ အားသွင်းပေးပါတယ်။

အသစ်ထွက် XS Max အပါအဝင် ကြိုးမဲ့ အားသွင်း နည်းပညာပါတဲ့ အိုင်ဖုန်း အားလုံးကို သူက 7.5W နှုန်းဖြင့် အားသွင်းပေးပါတယ်။ Dock ကိုတော့ 45W AC Adapter ဖြင့် အားသွင်းပေးရပါတယ်။ Apple ရဲ့ AirPower Charging Pad ကတော့ အပူလွန်ကဲတဲ့ ပြဿနာများ ရှိနေတဲ့အတွက် ထုတ်လုပ်ရောင်းချဖို့ နှောင့်နှေးနေတယ်လို့ သတင်းထွက်နေပါတယ်။

Belkin ရဲ့ Dock ဟာ AirPower လောက်တော့ စွမ်းရည် မမြင့်မားပါဘူး။ ဒါပေမယ့် ကြိုးများဖြင့် ရှုပ်ယှက်ခတ် မနေအောင်တော့ သူက ကူညီပေးနိုင်ပါတယ်။ Belkin က သမား ရိုးကျ Lightning Jack ပါတဲ့ PowerHouse Charge Dock ကိုလည်း အဆင့်မြှင့်ပေးလိုက်ပါတယ်။

Boostup Wireless Charging Dock ကို ဒီဇင်ဘာလမှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းက ၁၅၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။ PowerHouse Model ကို နိုဝင်ဘာလမှာ ၉၉.၉၉ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply