Apple A12 Bionic Chip ထက္ Kirin 980 က ပိုျမန္ေၾကာင္း ၾကြားလိုက္တဲ့ Huawei

0
1664

Huawei က IFA 2018 မွာ ေနာက္ဆံုးထုတ္ စြမ္းေဆာင္ရည္ျမင့္ Kirin 980 Chip ကို ျပသခဲ့ပါတယ္။ သူ႔ကို ထည့္သြင္းထားမယ့္ ပထမဆံုး စမတ္ဖုန္းမ်ားကေတာ့ ေအာက္တိုဘာလ ၁၆ ရက္ေန႔မွာ ေၾကညာမယ့္ Mate 20 နဲ႔ Mate 20 Pro တုိ႔ ျဖစ္ပါတယ္။ တရား၀င္ ေၾကညာျခင္း မရွိေသးခင္မွာ ဟြာေ၀းက ဒူဘုိင္းမွာ အဲဒီ ဖုန္းမ်ားရဲ႕ အႀကိဳ မိတ္ဆက္ပြဲကို က်င္းပခဲ့ပါတယ္။ ပြဲမွာ ဟြာေ၀းရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးက iPhone XS, iPhone XS Max, iPhone XR တို႔မွာ ပါတဲ့ Apple A12 Bionic Chip ထက္ Kirin 980 က ပိုျမန္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဟြာေ၀းက သံုးႏွစ္ၾကာ အခ်ိန္ယူ၍ Kirin 980 Chip ကို ဖန္တီးထားတဲ့အတြက္ ဒီလို ယံုၾကည္မႈ ရွိေနတာ ျဖစ္ပါတယ္။ Kirin 980 Chip မွာ စြမ္းေဆာင္ရည္၊ စြမ္းအင္ ေခြ်တာျခင္း၊ ဥာဏ္ရည္တု နည္းပညာ၊ ဆက္သြယ္မႈ အပိုင္းမ်ားကို အဓိကထား ဖန္တီးထားပါတယ္။ သူ႔မွာ Apple A12 Chip မွာလို Transistor ေပါင္း ၆.၉ ဘီလီယမ္ ပါပါတယ္။

Kirin 980 ဟာ ပထမဆံုး 7nm Chipset လို႔ အေစာဆံုး ေၾကညာခဲ့ေပမယ့္ 7nm ကို အေျချပဳ ဖန္တီးထားတဲ့ A12 Bionic Chip ဟာ ေနာက္ဆံုးထုတ္ အိုင္ဖုန္းမ်ားနဲ႔ အတူ ေစ်းကြက္ထဲကို အရင္ ေရာက္လာတာ ျဖစ္ပါတယ္။ Mate 20 Series မ်ား ထြက္လာရင္ေတာ့ Kirin 980 နဲ႔ A12 ဘယ္သူ သာမလဲဆိုတာ သိလာရမွာပါ။ ဒီအေျဖကို သိရဖို႔ ရက္ပိုင္းေလာက္ပဲ လိုပါေတာ့တယ္။

unicode

Apple A12 Bionic Chip ထက် Kirin 980 က ပိုမြန်ကြောင်း ကြွားလိုက်တဲ့ Huawei

Huawei က IFA 2018 မှာ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Kirin 980 Chip ကို ပြသခဲ့ပါတယ်။ သူ့ကို ထည့်သွင်းထားမယ့် ပထမဆုံး စမတ်ဖုန်းများကတော့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာမယ့် Mate 20 နဲ့ Mate 20 Pro တို့ ဖြစ်ပါတယ်။ တရားဝင် ကြေညာခြင်း မရှိသေးခင်မှာ ဟွာဝေးက ဒူဘိုင်းမှာ အဲဒီ ဖုန်းများရဲ့ အကြို မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။ ပွဲမှာ ဟွာဝေးရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက iPhone XS, iPhone XS Max, iPhone XR တို့မှာ ပါတဲ့ Apple A12 Bionic Chip ထက် Kirin 980 က ပိုမြန်ကြောင်း ကြေညာခဲ့ပါတယ်။

ဟွာဝေးက သုံးနှစ်ကြာ အချိန်ယူ၍ Kirin 980 Chip ကို ဖန်တီးထားတဲ့အတွက် ဒီလို ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။ Kirin 980 Chip မှာ စွမ်းဆောင်ရည်၊ စွမ်းအင် ချွေတာခြင်း၊ ဉာဏ်ရည်တု နည်းပညာ၊ ဆက်သွယ်မှု အပိုင်းများကို အဓိကထား ဖန်တီးထားပါတယ်။ သူ့မှာ Apple A12 Chip မှာလို Transistor ပေါင်း ၆.၉ ဘီလီယမ် ပါပါတယ်။

Kirin 980 ဟာ ပထမဆုံး 7nm Chipset လို့ အစောဆုံး ကြေညာခဲ့ပေမယ့် 7nm ကို အခြေပြု ဖန်တီးထားတဲ့ A12 Bionic Chip ဟာ နောက်ဆုံးထုတ် အိုင်ဖုန်းများနဲ့ အတူ ဈေးကွက်ထဲကို အရင် ရောက်လာတာ ဖြစ်ပါတယ်။ Mate 20 Series များ ထွက်လာရင်တော့ Kirin 980 နဲ့ A12 ဘယ်သူ သာမလဲဆိုတာ သိလာရမှာပါ။ ဒီအဖြေကို သိရဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။

Leave a Reply