ေစ်းၾကီးသေလာက္ အၾကမ္းလည္းခံတဲ့ iPhone XS Max

0
2113

Zawgyi Version

iPhone XS ကေတာ့ ဒီႏွစ္အတြက္ ထိပ္တန္းစမတ္ဖုန္းေလးေတြထဲမွာ ေစ်းအမ်ားဆံုးလို႕ ဆိုရမွာပါ။ သိန္းဆယ္ခ်ီသြားတဲ့အခါမွာေတာ့ ငါးလေလာက္သံုးျပီးတာနဲ႕ ပ်က္စီးသြားမယ္အျဖစ္မ်ိဳးကို ဘယ္သူကလိုခ်င္မွာတဲ့လဲ။ YouTube channel JerryRigEverything ကေတာ့ ဘယ္လိုေတြအၾကမ္းခံလဲဆိုတာကိုသိဖို႕အတြက္ အၾကမ္းခံစစ္ေဆးခ်က္ကို စမ္းသပ္ထားပါတယ္။
iPhone 6 Plus ကို စမ္းသပ္တုန္းကေတာ့ အပူေပးလိုက္တဲ့အခါ က်ရွံဳးသြားခဲ့ပါတယ္။ Apple ကလည္း အဲဒီကတည္းက ျပင္ဆင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း Apple ဟာ သံုးစြဲသူေတြအတြက္ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္ေပးေနတယ္လို႕ သူက ေျပာထားပါတယ္။
Apple ဟာ အခုဆိုရင္ေတာ့ သာမန္ aluminum ဖရိန္အစား stainless steel ဖရိန္ေလးေတြကို အသံုးျပဳေပးထားပါတယ္။ ဒီေတာ့ ပိုမိုၾကံ႕ခိုင္ျပီး ၊ အပြန္းအစင္းလည္း ခံႏုိင္သြားပါတယ္။ ျခစ္ရာထင္ႏုိင္ေပမယ့္လည္း မလြယ္လွပါဘူး။ steel ဟာ အပူကူးမႈနည္းပါးတဲ့အတြက္ေၾကာင့္ အပူနဲ႕ထိေတြ႕ခ်ိန္မွာလည္း အလြယ္တကူမပူႏုိင္ေတာ့ပါဘူး။

iPhone XS Max ရဲ႕ screen ဟာ အရင္ iPhone ေတြေလာက္နီးနီး အျခစ္ရာခံႏုိင္ပါတယ္။
ဟုတ္ပါတယ္။ level 6 ကေန အခုဆိုရင္ေတာ့ level 7 ေရာက္သြာပါျပီ။ ကင္မရာအတြက္ကေတာ့ sapphire မဟုတ္ေသးပါဘူး။
iPhone XS Max ကေတာ့ အၾကမ္းခံျပီးေတာ့ အေကြးႏုိင္ဆံုး စမတ္ဖနု္းတစ္လံုးျဖစ္ေနပါတယ္တဲ့။ ဖန္သားျပင္ကိုအေနာက္ဘက္မွာအသံုးျပဳထားတဲ့အတြက္ေၾကာင့္ လဲမယ္ဆိုရင္ေတာ့ ေဒၚလာ၅၉၉ က်သင့္မွာပါ။ သတိေတာ့ထားေပါ့ေလ။

Unicode Version

iPhone XS ကတော့ ဒီနှစ်အတွက် ထိပ်တန်းစမတ်ဖုန်းလေးတွေထဲမှာ ဈေးအများဆုံးလို့ ဆိုရမှာပါ။ သိန်းဆယ်ချီသွားတဲ့အခါမှာတော့ ငါးလလောက်သုံးပြီးတာနဲ့ ပျက်စီးသွားမယ်အဖြစ်မျိုးကို ဘယ်သူကလိုချင်မှာတဲ့လဲ။ YouTube channel JerryRigEverything ကတော့ ဘယ်လိုတွေအကြမ်းခံလဲဆိုတာကိုသိဖို့အတွက် အကြမ်းခံစစ်ဆေးချက်ကို စမ်းသပ်ထားပါတယ်။
iPhone 6 Plus ကို စမ်းသပ်တုန်းကတော့ အပူပေးလိုက်တဲ့အခါ ကျရှုံးသွားခဲ့ပါတယ်။ Apple ကလည်း အဲဒီကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Apple ဟာ သုံးစွဲသူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနေတယ်လို့ သူက ပြောထားပါတယ်။
Apple ဟာ အခုဆိုရင်တော့ သာမန် aluminum ဖရိန်အစား stainless steel ဖရိန်လေးတွေကို အသုံးပြုပေးထားပါတယ်။ ဒီတော့ ပိုမိုကြံ့ခိုင်ပြီး ၊ အပွန်းအစင်းလည်း ခံနိုင်သွားပါတယ်။ ခြစ်ရာထင်နိုင်ပေမယ့်လည်း မလွယ်လှပါဘူး။ steel ဟာ အပူကူးမှုနည်းပါးတဲ့အတွက်ကြောင့် အပူနဲ့ထိတွေ့ချိန်မှာလည်း အလွယ်တကူမပူနိုင်တော့ပါဘူး။

iPhone XS Max ရဲ့ screen ဟာ အရင် iPhone တွေလောက်နီးနီး အခြစ်ရာခံနိုင်ပါတယ်။
ဟုတ်ပါတယ်။ level 6 ကနေ အခုဆိုရင်တော့ level 7 ရောက်သွာပါပြီ။ ကင်မရာအတွက်ကတော့ sapphire မဟုတ်သေးပါဘူး။
iPhone XS Max ကတော့ အကြမ်းခံပြီးတော့ အကွေးနိုင်ဆုံး စမတ်ဖနု်းတစ်လုံးဖြစ်နေပါတယ်တဲ့။ ဖန်သားပြင်ကိုအနောက်ဘက်မှာအသုံးပြုထားတဲ့အတွက်ကြောင့် လဲမယ်ဆိုရင်တော့ ဒေါ်လာ၅၉၉ ကျသင့်မှာပါ။ သတိတော့ထားပေါ့လေ။

Leave a Reply