ကင္မရာေလးလံုးပါမယ့္ Galaxy A9 Star Pro ဆိုတာ ဒီလိုေလးပါ

0
1348

Zawgyi Version

Samsung ကေတာ့ ေစ်းကြက္ထဲမွာ ပထမဆံုးဆိုတာေတြကို အလ်င္စလိုလုပ္ဖုိ႕မစဥ္းတတ္ပါဘူး။ ဒါေပမယ့္လည္း သူမတူတဲ့နည္းလမ္းေတြကို စဥ္းစားပါတယ္။ သူ႕ရဲ႕စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းမွာ ဆန္းသစ္မႈတစ္ခုကို ထည့္သြင္းလုိက္ပါတယ္။ Galaxy A7 (2018) ကုိ ပထမဆံုးကင္မရာသံုးလံုးဖုန္းအျဖစ္နဲ႕ ေၾကညာလုိက္ျပီးေနာက္မွာေတာ့ Galaxy A9 Star Pro မွာ ကင္မရာေလးလံုးတပ္ျပီးေတာ့ Huawei ထက္သာေအာင္လုပ္လိုက္ပါတယ္။
Samsung ကေတာ့ ေအာက္တိုဘာပြဲမွာ “4x fun” ဆိုျပီးေတာ့ ေျပာထားတာရွိပါတယ္။ fun ဆိုတာကို ဘယ္လိုယူဆၾကမလဲ။ ဒီဇုိင္းကေတာ့ Galaxy A7 (2018) ကို ယူထားျပီး ကင္မရာေလးလံုးကေတာ့ အေပၚေအာက္ဆင္ထားတာပါ။
Galaxy A7 ရဲ႕ ကင္မရာသံုးလံုးနဲ႕ေတာ့ မတူပါဘူး။ telephoto မပါ၀င္ေနပါဘူး။ Galaxy A9 Star/Pro ကေတာ့ ထည့္သြင္းေပးထားပါတယ္။ ဒီေတာ့ အေသးစိတ္ၾကည့္ရေအာင္။
• 8 MP wide-angle camera with 120 ° FOV
• 24 MP main camera
• 10 MP zoom camera
• 5 MP zoom camera
Galaxy A9 ကေတာ့ Galaxy A7 ကို သာလြန္ေနပါတယ္။ အေရွ႕ကင္မရာကေတာ့ 24 megapixel f/2.0 ဆိုေတာ့ တူပါတယ္။ 6.28-inch မ်က္ႏွာျပင္နဲ႕ Full HD+ Infinity Display resolution ကိုပဲ သံုးထားမယ္လို႕ ထင္ပါတယ္။ mid-range Snapdragon 660 processor ကို သံုးထားေလာက္မွာပါ။
ကင္မရာေလးလံုးက စြမ္းေဆာင္ရည္သင့္ စမတ္ဖုန္းေစ်းကြက္ကို ဘယ္လိုေတြထိုးေဖာက္မွာလဲ။ အေတာ္ေလးေတာ့ ဂယက္ထမယ္ထင္ပါတယ္။ အခုဆိုရင္ေတာ့ ေစ်းကြက္ခ်ဲ႕ဖို႕အတြက္ နည္းဗ်ဴဟာေတြ ထုတ္သံုးေနတဲ့ ဆမ္ေဆာင္းကို ေတြ႕ျမင္ရမွာပါ။

Unicode Version

Samsung ကတော့ ဈေးကွက်ထဲမှာ ပထမဆုံးဆိုတာတွေကို အလျင်စလိုလုပ်ဖို့မစဉ်းတတ်ပါဘူး။ ဒါပေမယ့်လည်း သူမတူတဲ့နည်းလမ်းတွေကို စဉ်းစားပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်သင့်စမတ်ဖုန်းမှာ ဆန်းသစ်မှုတစ်ခုကို ထည့်သွင်းလိုက်ပါတယ်။ Galaxy A7 (2018) ကို ပထမဆုံးကင်မရာသုံးလုံးဖုန်းအဖြစ်နဲ့ ကြေညာလိုက်ပြီးနောက်မှာတော့ Galaxy A9 Star Pro မှာ ကင်မရာလေးလုံးတပ်ပြီးတော့ Huawei ထက်သာအောင်လုပ်လိုက်ပါတယ်။
Samsung ကတော့ အောက်တိုဘာပွဲမှာ “4x fun” ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ fun ဆိုတာကို ဘယ်လိုယူဆကြမလဲ။ ဒီဇိုင်းကတော့ Galaxy A7 (2018) ကို ယူထားပြီး ကင်မရာလေးလုံးကတော့ အပေါ်အောက်ဆင်ထားတာပါ။
Galaxy A7 ရဲ့ ကင်မရာသုံးလုံးနဲ့တော့ မတူပါဘူး။ telephoto မပါဝင်နေပါဘူး။ Galaxy A9 Star/Pro ကတော့ ထည့်သွင်းပေးထားပါတယ်။ ဒီတော့ အသေးစိတ်ကြည့်ရအောင်။
• 8 MP wide-angle camera with 120 ° FOV
• 24 MP main camera
• 10 MP zoom camera
• 5 MP zoom camera
Galaxy A9 ကတော့ Galaxy A7 ကို သာလွန်နေပါတယ်။ အရှေ့ကင်မရာကတော့ 24 megapixel f/2.0 ဆိုတော့ တူပါတယ်။ 6.28-inch မျက်နှာပြင်နဲ့ Full HD+ Infinity Display resolution ကိုပဲ သုံးထားမယ်လို့ ထင်ပါတယ်။ mid-range Snapdragon 660 processor ကို သုံးထားလောက်မှာပါ။
ကင်မရာလေးလုံးက စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဈေးကွက်ကို ဘယ်လိုတွေထိုးဖောက်မှာလဲ။ အတော်လေးတော့ ဂယက်ထမယ်ထင်ပါတယ်။ အခုဆိုရင်တော့ ဈေးကွက်ချဲ့ဖို့အတွက် နည်းဗျူဟာတွေ ထုတ်သုံးနေတဲ့ ဆမ်ဆောင်းကို တွေ့မြင်ရမှာပါ။

Leave a Reply