iPhone XS နဲ႔ Huawei P20 Pro ကင္မရာပိုင္း ဘယ္သူပိုသာသလဲ ?

0
2406

Apple ရဲ႕ စမတ္ဖုန္းသစ္ေတြ ျဖစ္တဲ့  iPhone XS နဲ႔ iPhone XS Max  ေတြဟာ အခုဆိုရင္ ေစ်းကြက္ထဲမွာ တရားဝင္ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ေတြမွာ Bionic A12 နဲ႔အတူ  dual card dual standby လို hardware ပိုင္းဆိုင္ရာစြမ္းေဆာင္ခ်က္ေတြ ထည့္သြင္းလာပါတယ္။ ကင္မရာပိုင္းမွာလည္း ပိုေကာင္းတဲ့ စြမ္းေဆာင္ခ်က္ေတြ ပါဝင္လာတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ကင္မရာပိုင္းမွာ ထိပ္တန္းအဆင့္ရွိတဲ့  Huawei P20 Pro နဲ႔ XS တို႔ကို ႏိႈင္းယွဥ္ ေပးသြားမွာပါ။ ကင္မရာပိုင္းအေနနဲ႔  iPhone XS မွာ 12MP wide-angle + telephoto dual-lens ကိုတပ္ဆင္ေပးထားပါတယ္။

Huawei P20 Pro                                    iPhone XS

wide-angle lens ဟာ f/1.8 aperture ထိရၿပီး telephoto lens ကေတာ့ f/2.4 ထိေပးထားပါတယ္။ ကင္မရာ ၂ခုလုံးမွာ optical image stabilization ကိုေထာက္ပံ့ေပးတဲ့ အျပင္  2x optical zoom နဲ႔ 10x digital Zoom ကိုလည္း ထည့္ေပးထားပါတယ္။

Huawei P20 Pro ရဲ႕ကင္မရာပိုင္းမွာေတာ့ tri-fold optical zoom, Penta-fold 3-shot zoom နဲ႔ ten times digital zoom ေထာက္ပံ့ေပးထားတဲ့ Leica triple ကင္မရာကို သုံးထားပါတယ္။ အဓိက ကင္မရာကေတာ့

40MP, 1 /1.73″RGB sensor, Quad Bayer structure, f/1.8 aperture lens နဲ႔ျဖစ္ၿပီး၊ ဒုတိယကင္မရာငယ္ကေတာ့  20MP, 1/2.78″ monochrome sensor, f/1.6 aperture lens ကိုသုံးထားပါတယ္။ တတိယကင္မရာမွာေတာ့8MP, 1/4.4″ RGB sensor, f/2.4 aperture lens နဲ႔ျဖစ္ပါတယ္။  ဒါဟာကင္မရာ စြမ္းေဆာင္ခ်က္ေတြထဲမွာ အေတာ္ႀကီးကို အဆင့္ျမင့္တယ္လို႔ ဆိုႏိုင္မွာပါ။

စမတ္ဖုန္း ၂မ်ိဳးနဲ႔ ပတ္သတ္ၿပီး ဓာတ္ပုံေတြရိုက္ၾကည့္တဲ့ အခါမွာေတာ့ ပထမဆုံးအေနနဲ႔  portrait mode ကိုစမ္းရိုက္ၾကည့္ထားပါတယ္။ ဒီလိုရိုက္တဲ့ အခ်ိန္မွာ P20 Pro ရဲ႕ဓာတ္ပုံထုတ္ေပးမႈဟာ ျပင္ပအေျခအေနနဲ႔ နည္းနည္းေလးလြဲေနတာမ်ိဳးေတြ ရွိၿပီး၊  iPhone XS ကေတာ့ သဘာဝအေရာင္အတိုင္းကို အတိက်ဆုံး ထုတ္ေပးထားတာကို ေတြ႕ရပါတယ္။

night scene ေတြကို ရိုက္ၾကည့္လိုက္တဲ့ အခါမွာေတာ့ iPhone XS ဟာ ညအေမွာင္ထဲမွာ ရွိေနတဲ့အလင္းတစ္ခုျခင္းဆီကို စစ္ထုတ္ၿပီး အေသးစိတ္က်တဲ့ ပုံရိပ္တစ္ခု အျဖစ္ထုတ္ေပးသလို၊ P20 Pro မွာလည္း ထိုနည္း၎ပါဘဲ။ တစ္ခါတစ္ရံမွာေတာ့ underexposed ျဖစ္သြားတာမ်ိဳးေတြ ရွိပါတယ္။ သိုေပမယ့္ စမတ္ဖုန္း ၂မ်ိဳးလုံးဟာ ဒီအပိုင္းမွာ သိပ္ကြဲျပားေနတာ မေတြ႕ရပဲ ဘယ္သူကပိုေကာင္းတယ္ ဆိုတာခြဲျခားဖုိ႔ ခက္ပါတယ္။ အဆုံးစြန္ဆုံးထိ ခဲြျခားၾကည့္

မယ္ဆိုရင္ေတာ့ ကင္မရာ၂လုံးသာ တပ္ထားတဲ့ iPhone XS ကပိုသာ သေယာင္ပါ။ စမတ္ဖုန္း ၂မ်ိဳးလုံးမွာ အနည္းငယ္သာကြဲျပားတဲ့ အားသာခ်က္၊အားနည္းခ်က္ေတြ ရွိေနတယ္လို႔ ေကာက္ခ်က္ခ်ရပါလိမ့္မယ္။ video ပိုင္းကိုဦးစားေပးတယ္ဆိုရင္ iPhone XS ကိုညႊန္းလိုၿပီး၊ ဓာတ္ပုံပိုင္းအတြက္ဆိုရင္ေတာ့ P20 Pro ကိုညႊန္းလိုပါတယ္။

unicode

Apple ရဲ့ စမတ်ဖုန်းသစ်တွေ ဖြစ်တဲ့  iPhone XS နဲ့ iPhone XS Max  တွေဟာ အခုဆိုရင် ဈေးကွက်ထဲမှာ တရားဝင်ရောင်းချနေပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်တွေမှာ Bionic A12 နဲ့အတူ  dual card dual standby လို hardware ပိုင်းဆိုင်ရာစွမ်းဆောင်ချက်တွေ ထည့်သွင်းလာပါတယ်။ ကင်မရာပိုင်းမှာလည်း ပိုကောင်းတဲ့ စွမ်းဆောင်ချက်တွေ ပါဝင်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ကင်မရာပိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့  Huawei P20 Pro နဲ့ XS တို့ကို နှိုင်းယှဉ် ပေးသွားမှာပါ။ ကင်မရာပိုင်းအနေနဲ့  iPhone XS မှာ 12MP wide-angle + telephoto dual-lens ကိုတပ်ဆင်ပေးထားပါတယ်။

wide-angle lens ဟာ f/1.8 aperture ထိရပြီး telephoto lens ကတော့ f/2.4 ထိပေးထားပါတယ်။ ကင်မရာ ၂ခုလုံးမှာ optical image stabilization ကိုထောက်ပံ့ပေးတဲ့ အပြင်  2x optical zoom နဲ့ 10x digital Zoom ကိုလည်း ထည့်ပေးထားပါတယ်။

Huawei P20 Pro ရဲ့ကင်မရာပိုင်းမှာတော့ tri-fold optical zoom, Penta-fold 3-shot zoom နဲ့ ten times digital zoom ထောက်ပံ့ပေးထားတဲ့ Leica triple ကင်မရာကို သုံးထားပါတယ်။ အဓိက ကင်မရာကတော့

40MP, 1 /1.73″RGB sensor, Quad Bayer structure, f/1.8 aperture lens နဲ့ဖြစ်ပြီး၊ ဒုတိယကင်မရာငယ်ကတော့  20MP, 1/2.78″ monochrome sensor, f/1.6 aperture lens ကိုသုံးထားပါတယ်။ တတိယကင်မရာမှာတော့8MP, 1/4.4″ RGB sensor, f/2.4 aperture lens နဲ့ဖြစ်ပါတယ်။  ဒါဟာကင်မရာ စွမ်းဆောင်ချက်တွေထဲမှာ အတော်ကြီးကို အဆင့်မြင့်တယ်လို့ ဆိုနိုင်မှာပါ။

စမတ်ဖုန်း ၂မျိုးနဲ့ ပတ်သတ်ပြီး ဓာတ်ပုံတွေရိုက်ကြည့်တဲ့ အခါမှာတော့ ပထမဆုံးအနေနဲ့  portrait mode ကိုစမ်းရိုက်ကြည့်ထားပါတယ်။ ဒီလိုရိုက်တဲ့ အချိန်မှာ P20 Pro ရဲ့ဓာတ်ပုံထုတ်ပေးမှုဟာ ပြင်ပအခြေအနေနဲ့ နည်းနည်းလေးလွဲနေတာမျိုးတွေ ရှိပြီး၊  iPhone XS ကတော့ သဘာဝအရောင်အတိုင်းကို အတိကျဆုံး ထုတ်ပေးထားတာကို တွေ့ရပါတယ်။

night scene တွေကို ရိုက်ကြည့်လိုက်တဲ့ အခါမှာတော့ iPhone XS ဟာ ညအမှောင်ထဲမှာ ရှိနေတဲ့အလင်းတစ်ခုခြင်းဆီကို စစ်ထုတ်ပြီး အသေးစိတ်ကျတဲ့ ပုံရိပ်တစ်ခု အဖြစ်ထုတ်ပေးသလို၊ P20 Pro မှာလည်း ထိုနည်း၎င်းပါဘဲ။ တစ်ခါတစ်ရံမှာတော့ underexposed ဖြစ်သွားတာမျိုးတွေ ရှိပါတယ်။ သိုပေမယ့် စမတ်ဖုန်း ၂မျိုးလုံးဟာ ဒီအပိုင်းမှာ သိပ်ကွဲပြားနေတာ မတွေ့ရပဲ ဘယ်သူကပိုကောင်းတယ် ဆိုတာခွဲခြားဖို့ ခက်ပါတယ်။ အဆုံးစွန်ဆုံးထိ ခွဲခြားကြည့်

မယ်ဆိုရင်တော့ ကင်မရာ၂လုံးသာ တပ်ထားတဲ့ iPhone XS ကပိုသာ သယောင်ပါ။ စမတ်ဖုန်း ၂မျိုးလုံးမှာ အနည်းငယ်သာကွဲပြားတဲ့ အားသာချက်၊အားနည်းချက်တွေ ရှိနေတယ်လို့ ကောက်ချက်ချရပါလိမ့်မယ်။ video ပိုင်းကိုဦးစားပေးတယ်ဆိုရင် iPhone XS ကိုညွှန်းလိုပြီး၊ ဓာတ်ပုံပိုင်းအတွက်ဆိုရင်တော့ P20 Pro ကိုညွှန်းလိုပါတယ်။

Leave a Reply