Galaxy S8 စီးရီးဖုန်းတွေအတွက် Super Slow Motion နဲ့ AR Emoji လုပ်ဆောင်ချက်ထည့်ပေးလိုက်တဲ့ Samsung

0
1056



Image may contain: text


unicode

Samsung ရဲ့ကင်မရာ လုပ်ဆောင်ချက် Feature သစ်တွေလို့ ဆိုနိုင်တဲ့ Super Slow Motion နဲ့ AR Emoji စနစ်နှစ်မျိုးကို ယခင်က Samsung Galaxy Note9 ၊ Galaxy S9/S9+ တို့မှာပဲ အသုံးပြုနိုင်ပါသေးတယ်။ သို့ပေမယ့် Samsung ဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ပြီး Galaxy Note8 ဖုန်းတွေမှာ Super Slow Motion နဲ့ AR Emoji သုံးနိုင်အောင်  Update လုပ်ပေးခဲ့ပါတယ်။

အခုတော့ ကိုရီးယားကုမ္ပဏီ အနေနဲ့ အဆိုပါစနစ်နှစ်မျိုးကို Galaxy S8 နဲ့ Galaxy S8+ တို့မှာလည်း အသုံးပြုနိုင်အောင် Update ပေးလာပြီ ဖြစ်ပါတယ်။ Update အသစ်မှာ အဆိုပါ စနစ်နှစ်ခု အပြင် စက်တင်ဘာလအတွက် လုံခြုံရေး Update ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Update ဖိုင်အရွယ်အစားက 550MB ရှိပါတယ်။

Image may contain: text

Apple က Depth effect နဲ့ AR core ကို ပေါင်းပြီး ရှိပြီးသား 3D amoji မှာ motion ထညိ့လိုက်တာပါ ။ Samsung ရဲ့ ARamoji ကတော့Google AR core ရယ် Dual Pixel Camera sensor ရယ် ပေါင်းပြီးတော့ Software အကူအညီနဲ့ သင့်ရဲ့ရုပ်နဲ့ တစ်ထပ်တည်း တူတဲ့ AR Emoji ကိုပြုလုပ်ပေးမှာပါ။ ပိုကောင်းတာက အဲ့ AR Emoji ကို Messenger အပြင် တစ်ခြား Third party app တွေမှာပါ သုံးနိုင်မှာပါ

Leave a Reply