Red Hydrogen One ရဲ့ Titanium ဗားရှင်းအတွက် FCC ခွင့်ပြုချက်ရပြီ

0
1433





unicode

Red အနေနဲ့  Hydrogen One စမတ်ဖုန်းကို အောက်တိုဘာ ၉ရက်နေ့မှာ  ပရီအော်ဒါစတင် ပေးတော့မှာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့  အဲ့ဒီစမတ်ဖုန်းဟာ FCC ရဲ့ခွင့်ပြုချက်ကိုလည်း အပြည့်အစုံရရှိ နေပြီဖြစ်ပါတယ်။

FCC ကထွက်လာတဲ့ ပုံမှာတော့ တိုင်တေနီယမ် model အမျိုးအစားဖြစ်ပါတယ်။ Red Hydrogen One ဖုန်းကို AT&T နဲ့ Verizon stores တို့ကနေ နိုဝင်ဘာ ၂ရက်နေ့မှာ ဒေါ်လာ 1295 နဲ့ရောင်းချ လာနိုင်ပါတယ်။

Red ကင်မရာကုမ္ပဏီက ထုတ်တဲ့အတိုင်း ကင်မရာကတော့ အပျံစားထွက်လာမှာပါ။ ဒါပေမယ့် ဒီဖုန်းကို အားလုံး စိတ်ဝင်စားနေကြတာက သူ့ရဲ့ 3D ဟိုလိုဂရမ် Display ကြောင့် ဖြစ်ပါတယ်။ မျက်မှန်မလိုဘဲ 3D ပုံရိပ်တွေကို Display နဲ့ ဆော့ဖ်ဝဲစွမ်းဆောင်ရည်နဲ့တင် ထုတ်ပေးမှာဆိုတော့ ဘယ်လောက်ကောင်းမလဲ စောင့်ကြည့်ရမှာပါ။

Red Hydrogen One ရဲ့ Titanium ဖုန်းဈေးနှုန်းဟာ $1,595 ဝန်းကျင်နဲ့ဖြစ်ပြီး မော်ဒယ်နံပါတ်  H1T1000 လို့ပေးထားပါတယ်။ ဒီ့အပြင် မော်ဂျူလာဒီဇိုင်းကိုလည်း ဒီဖုန်းမှာ   ပြန်လည်မြင်တွေ့ရဖို့ ရှိပြီး၊ နောက်ထပ်ကင်မရာအစိတ်အပိုင်းတွေ၊ ဘက်ထရီ အစိတ်အပိုင်းတွေကို ဖုန်းမှာ ထပ်တပ်လို့ရမှာပါ။

Leave a Reply