NM Card နဲ့ Wireless Charger ပါဝင်တဲ့ Huawei Mate 20 Pro ဓာတ်ပုံများထွက်လာ
0
1549
unicode
စက်တင်ဘာလဟာ Apple ရဲ့ဖုန်းအသစ်တွေနဲ့တင် ပြည့်စုံနေပါပြီ။ အောက်တိုဘာလမှာတော့  စမတ်ဖုန်း ကုမ္ပဏီပေါင်းများစွာရဲ့ ဖုန်းသစ်တွေ မိတ်ဆက်ဖို့ ရှိနေပါတယ်။ သူတို့ကတော့ LG V40 ThinQ ၊ Google Pixel 3 နဲ့ Pixel 3 XL ၊ Razer phone2 ၊ Samsung ရဲ့ mystery Galaxy device ၊ Huawei Mate 20 စီးရီးဖုန်းသစ်တွေနဲ့ OnePlus 6T၊ Asus ROG Phone၊ RED Hydrogen One ဖုန်းတွေပဲ ဖြစ်ပါတယ်။
Huawei အနေနဲ့ Mate 20 Pro စမတ်ဖုန်းကို အောက်တိုဘာလမှာ မြင်တွေ့ရမှာပါ။ Mate 20 Pro  ဖုန်းဟာ ပထမဆုံးအနေနဲ့ Huawei 8-core Kirin 980 ပရိုဆက်ဆာကို သုံးလာမယ့်ဖုန်း ဖြစ်ပါတယ်။  ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကတော့ အတော်လေးထွက်ပြီးနေပါပြီ။
ဒီနေ့မှာတော့ ထပ်ပြီး Mate 20 Pro ဖုန်းရဲ့အရည်အသွေးမြင့် ဓာတ်ပုံတွေ ထွက်ရှိလာပါတယ်။ အဲ့ဒီဓာတ်ပုံတွေမှာတော့ Cases, NM Card နဲ့အတူ  Wireless Charger တို့ကို တွေ့ခဲ့ရပါတယ်။ ကောလာဟလတွေအရတော့ Mate 20 Pro မှာ wireless charging စနစ်ကို ထောက်ပံ့လာမှာ ဖြစ်ပါတယ်။
“NM card” ကတော့ ပိုတိုးတက်လာပြီး 90MB / s နဲ့ 128GB card supports  ပြုလုပ်လာနိုင်မှာပါ။ သူရဲ့နောက်ကျောဘက်မှာ ကင်မရာ ၃လုံးနဲ့ LED Flash ကိုလေးထောင့်သဏ္ဍာန် တပ်ဆင်ထားပါတယ်။ Mate 20 Pro အတွက် မျက်နှာပြင်ပိုင်းမှာတော့ curved edges ကိုသုံးထားပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်ကထွက်ထားတဲ့ Mate 9 Pro လိုမျိုးပုံစံပါ။
သူ့မှာ  6.9 လက်မ AMOLED screen သုံးလာနိုင်ပြီး ကင်မရာပိုင်းမှာတော့ (40MP + 20MP + 8MP)  နောက်ကျောဘက်ကင်မရာနဲ့  ထွက်လာမယ်လို့ သိရပါတယ်။ Android 9.0 နဲ့အတူ  Huawei EMUI 9.0 ကိုတပါတည်း ထည့်သွင်းပေးလာမယ်လို့ သိရပါတယ်။
Leave a Reply