ကင္မရာ ၃လုံးတပ္ဆင္လာမယ့္ Galaxy S10 ကို ဗားရွင္း ၃မ်ိဳးနဲ႔ ထုတ္လာႏိုင္

0
685

ကိုရီးယား စမတ္ဖုန္း ထုတ္လုပ္သူ Samsung အေနနဲ႔ S 10 စမတ္ဖုန္းေတြကို လာမယ့္ႏွစ္မွ မိတ္ဆက္မွာ ျဖစ္ပါတယ္။ စမတ္ဖုန္းေတြကို မိတ္ဆက္ဖို႔ အခ်ိန္လိုေသးေပ့မယ္ သူတို႔နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကေတာ့ ေန႔စဥ္လို ထြက္လ်က္ရွိေနပါတယ္။ လြန္ခဲ့တဲ့ ၂ရက္ေလာက္က ထြက္ခဲ့တဲ့ Android Pie firmware မွာေတာ့ မတူညီတဲ့ Galaxy S10 ဗားရွင္း ၄မ်ိဳးကို ေတြ႕ခဲ့ရပါတယ္။

ဒီေန႔မွာေတာ့ အဲဒီထက္ပိုၿပီး သတင္းအခ်က္အလက္ အသစ္တစ္ခုတက္လာပါတယ္။ သတင္းမွာေတာ့ SM-G970F, SM-G973F နဲ႔ SM-G975F ဆိုၿပီး ၃မ်ိဳးထြက္လာပါတယ္။ G970 ေမာ္ဒယ္မွာ 5.8″ flat display နဲ႔ျဖစ္ၿပီး G973 မွာေတာ့ အရြယ္အစား တူညီၿပီး edge display သုံးလာမွာပါ။ G975 ကေတာ့ 6.44-inch curved panelနဲ႔ထြက္လာဖို႔ ရွိေနပါတယ္။ S10+ (G975) ဟာ Note9 ထက္ပိုႀကီးမားတဲ့ မ်က္ႏွာျပင္နဲ႔ ထြက္လာမွာပါ။

high-end S10 စမတ္ဖုန္း ၂မ်ိဳးမွာ Qualcomm ရဲ႕ultrasonic readers ကိုသုံးသြားမွာ ျဖစ္ပါတယ္။ တစ္မ်ိဳးမွာေတာ့ လက္ရွိဖုန္းေတြမွာ သုံးေနတဲ့ လက္ေဗြဖတ္စနစ္ကိုပါ သုံးသြားမယ္လို႔ သိရပါတယ္။ ultrasonic reader ေတြဟာ ပုံမွန္လက္ေဗြဖတ္စနစ္ထက္ ၃ဆေလာက္ပိုမို ျမန္ဆန္မယ္လာမွာ ျဖစ္ပါတယ္။

စမတ္ဖုန္းေတြမွာ Android Pie နဲ႔လာၿပီး 5G ကြန္ရက္ခ်ိတ္ဆက္မႈမွာ သုံးလာႏိုင္မွာပါ။ ေသးငယ္တဲ့  S10 models မွာေတာ့ ေနာက္ေက်ာဘက္ ကင္မရာ၁လုံးသာတပ္ဆင္လာမွာျဖစ္ၿပီး  S10+ မွာေတာ့ ကင္မရာ ၃လုံးတပ္လာဖို႔မ်ားပါတယ္။ တဆက္တည္းမွာပဲ အေရွ႕ဘက္မွလည္း Selfie ကင္မရာ ၂လုံးတပ္ဆင္ေပးလာမယ္လို႔ သိရပါတယ္။

unicode

ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ S 10 စမတ်ဖုန်းတွေကို လာမယ့်နှစ်မှ မိတ်ဆက်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ အချိန်လိုသေးပေ့မယ် သူတို့နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကတော့ နေ့စဉ်လို ထွက်လျက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂ရက်လောက်က ထွက်ခဲ့တဲ့ Android Pie firmware မှာတော့ မတူညီတဲ့ Galaxy S10 ဗားရှင်း ၄မျိုးကို တွေ့ခဲ့ရပါတယ်။

ဒီနေ့မှာတော့ အဲဒီထက်ပိုပြီး သတင်းအချက်အလက် အသစ်တစ်ခုတက်လာပါတယ်။ သတင်းမှာတော့ SM-G970F, SM-G973F နဲ့ SM-G975F ဆိုပြီး ၃မျိုးထွက်လာပါတယ်။ G970 မော်ဒယ်မှာ 5.8″ flat display နဲ့ဖြစ်ပြီး G973 မှာတော့ အရွယ်အစား တူညီပြီး edge display သုံးလာမှာပါ။ G975 ကတော့ 6.44-inch curved panelနဲ့ထွက်လာဖို့ ရှိနေပါတယ်။ S10+ (G975) ဟာ Note9 ထက်ပိုကြီးမားတဲ့ မျက်နှာပြင်နဲ့ ထွက်လာမှာပါ။

high-end S10 စမတ်ဖုန်း ၂မျိုးမှာ Qualcomm ရဲ့ultrasonic readers ကိုသုံးသွားမှာ ဖြစ်ပါတယ်။ တစ်မျိုးမှာတော့ လက်ရှိဖုန်းတွေမှာ သုံးနေတဲ့ လက်ဗွေဖတ်စနစ်ကိုပါ သုံးသွားမယ်လို့ သိရပါတယ်။ ultrasonic reader တွေဟာ ပုံမှန်လက်ဗွေဖတ်စနစ်ထက် ၃ဆလောက်ပိုမို မြန်ဆန်မယ်လာမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေမှာ Android Pie နဲ့လာပြီး 5G ကွန်ရက်ချိတ်ဆက်မှုမှာ သုံးလာနိုင်မှာပါ။ သေးငယ်တဲ့  S10 models မှာတော့ နောက်ကျောဘက် ကင်မရာ၁လုံးသာတပ်ဆင်လာမှာဖြစ်ပြီး  S10+ မှာတော့ ကင်မရာ ၃လုံးတပ်လာဖို့များပါတယ်။ တဆက်တည်းမှာပဲ အရှေ့ဘက်မှလည်း Selfie ကင်မရာ ၂လုံးတပ်ဆင်ပေးလာမယ်လို့ သိရပါတယ်။

Leave a Reply