ေဘးေဘာင္မွာ လက္ေဗြဖတ္စနစ္ပါလာမယ့္ GalaxyJ6 Plus နဲ႔ J4 Plus

0
570

Samsung အေနနဲ႔  flagship series လို႔သတ္မွတ္ႏုိင္တဲ့ ဖုန္းေမာ္ဒယ္ ၂မ်ိဳးရွိၿပီး သူတို႔ကေတာ့ Galaxy S နဲ႔ Note series ေတြပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ စီးရီးဖုန္းေတြကေတာ့ mid-end ကိုရည္ရြယ္ၿပီး ထုတ္လုပ္ေပးလ်က္ရွိ ေနပါတယ္။

အခုဆိုရင္ ကိုရီးယားကုမၸဏီဟာ အလယ္အလတ္ဆင့္ စမတ္ဖုန္းေတြကိုပါ လုပ္ေဆာင္ခ်က္ခပ္ျမင့္ျမင့္ေတြ သုံးၿပီး ထုတ္လာပါၿပီ။ အဲ့ဒါေတြကေတာ့ Galaxy A နဲ႔ J စီးရီးဖုန္းေတြပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္က ထြက္လာတဲ့သတင္းမွာဆိုGalaxy A7(2018) ကို ေနာက္ေက်ာဘက္ ကင္မရာ ၃လုံးနဲ႔ ထုတ္ထားတာကို ေတြ႕ရပါတယ္။

ဒီေန႔မွာေတာ့ Galaxy J6 Plus/Galaxy J4 Plus  ဖုန္းေတြမွာ ပါဝင္လာမယ့္ လုပ္ေဆာင္ခ်က္ေတြ ထြက္လာပါတယ္။ ဖုန္းသစ္ျဖစ္တဲ့  Samsung Galaxy J6 Plus  မွာထူးျခားခ်က္အေနနဲ႔ ပုံမွန္ လက္ေဗြဖတ္စနစ္ကေန ေသြဖယ္ၿပီး side fingerprint sensor ကိုသုံးလာမယ္လို႔ သိရပါတယ္။ အဲ့လို လက္ေဗြဖတ္စနစ္မ်ိဳးကို A7(2018) မွာလည္း သုံးထားပါတယ္။ J6 Plus ဖုန္းကို 3GB/4GB  memory ေတြနဲ႔ျဖစ္ၿပီး 32GB/64GB storage ေပးလာမွာပါ။

ေနာက္ေက်ာဘက္မွာ ကင္မရာ၂လုံးတပ္ဆင္ထားမွာျဖစ္ၿပီး မ်က္ႏွာျပင္ 6-inch 18.5:9 display နဲ႔ျဖစ္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ Qualcomm Snapdragon 425  ကိုသုံးလာဖို႔ ရွိၿပီး 3,300mAh ဘက္ထရီ စြမ္းအားနဲ႔ ထြက္လာမွာပါ။

low-end ဖုန္းလို႔ ဆိုႏုိင္မယ့္ Galaxy J4 Plus မွာေတာ့ fingerprint recognition လုပ္ေဆာင္ခ်က္ ထည့္သြင္းထားမွာ မဟုတ္ပဲ  face unlock နည္းပညာေထာက္ပံ့လာမယ္လို႔ သိရပါတယ္။ 2GB/3GB memory + 16GB. /32GB storage နဲ႔ျဖစ္ၿပီး microSD slots နဲ႔အတူ dual SIM card slots ပါဝင္ပါလိမ့္မယ္။ ေစ်းႏႈန္းနဲ႔ ရရွိမယ့္ အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

unicode

Samsung အနေနဲ့  flagship series လို့သတ်မှတ်နိုင်တဲ့ ဖုန်းမော်ဒယ် ၂မျိုးရှိပြီး သူတို့ကတော့ Galaxy S နဲ့ Note series တွေပဲ ဖြစ်ပါတယ်။ နောက်ထပ် စီးရီးဖုန်းတွေကတော့ mid-end ကိုရည်ရွယ်ပြီး ထုတ်လုပ်ပေးလျက်ရှိ နေပါတယ်။

အခုဆိုရင် ကိုရီးယားကုမ္ပဏီဟာ အလယ်အလတ်ဆင့် စမတ်ဖုန်းတွေကိုပါ လုပ်ဆောင်ချက်ခပ်မြင့်မြင့်တွေ သုံးပြီး ထုတ်လာပါပြီ။ အဲ့ဒါတွေကတော့ Galaxy A နဲ့ J စီးရီးဖုန်းတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ထွက်လာတဲ့သတင်းမှာဆိုGalaxy A7(2018) ကို နောက်ကျောဘက် ကင်မရာ ၃လုံးနဲ့ ထုတ်ထားတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ Galaxy J6 Plus/Galaxy J4 Plus  ဖုန်းတွေမှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေ ထွက်လာပါတယ်။ ဖုန်းသစ်ဖြစ်တဲ့  Samsung Galaxy J6 Plus  မှာထူးခြားချက်အနေနဲ့ ပုံမှန် လက်ဗွေဖတ်စနစ်ကနေ သွေဖယ်ပြီး side fingerprint sensor ကိုသုံးလာမယ်လို့ သိရပါတယ်။ အဲ့လို လက်ဗွေဖတ်စနစ်မျိုးကို A7(2018) မှာလည်း သုံးထားပါတယ်။ J6 Plus ဖုန်းကို 3GB/4GB  memory တွေနဲ့ဖြစ်ပြီး 32GB/64GB storage ပေးလာမှာပါ။

နောက်ကျောဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားမှာဖြစ်ပြီး မျက်နှာပြင် 6-inch 18.5:9 display နဲ့ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Qualcomm Snapdragon 425  ကိုသုံးလာဖို့ ရှိပြီး 3,300mAh ဘက်ထရီ စွမ်းအားနဲ့ ထွက်လာမှာပါ။

low-end ဖုန်းလို့ ဆိုနိုင်မယ့် Galaxy J4 Plus မှာတော့ fingerprint recognition လုပ်ဆောင်ချက် ထည့်သွင်းထားမှာ မဟုတ်ပဲ  face unlock နည်းပညာထောက်ပံ့လာမယ်လို့ သိရပါတယ်။ 2GB/3GB memory + 16GB. /32GB storage နဲ့ဖြစ်ပြီး microSD slots နဲ့အတူ dual SIM card slots ပါဝင်ပါလိမ့်မယ်။ ဈေးနှုန်းနဲ့ ရရှိမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

Leave a Reply