Watch 4 ECG ကို ကေနဒါႏုိင္ငံမွာပါ အသုံးျပဳႏုိင္ေအာင္ Apple ေဆြးေႏြးေန

0
1087

Apple Watch Series 4 ကိုေတာ့ မေန႕က စတင္ေရာင္းခ်လိုက္ၿပီ ျဖစ္ပါတယ္။ GPS ဗားရွင္းေစ်းႏႈန္းက ေဒၚလာ 399 ျဖစ္ၿပီး LTE ဗားရွင္းေစ်းႏႈန္းက ေဒၚလာ 499 ျဖစ္ပါတယ္။  Apple Watch Series 4 ရဲ႕ အေကာင္းဆံုး စနစ္ေတြထဲက တစ္ခုကေတာ့ ECG လို႔ဆိုႏိုင္ပါတယ္။

Image result for apple watch series 4 ecg

Apple အေနနဲ႔  ECG စနစ္ကုိ FDA ရဲ႕ ခြင့္ျပဳခ်က္ ရရွိၿပီး ျဖစ္ေပမယ့္ တပါတည္း ထည့္သြင္းေပးႏုိင္ျခင္း မရွိေသးပါဘူး။ ယခုႏွစ္ ေႏွာင္းပုိင္းမွာ Update ေပးၿပီးေတာ့ အသံုးျပဳႏုိင္ေအာင္ လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။ ဒါအျပင့္ အဲ့ဒီစနစ္ကုိ အေမရိကန္မွာပဲ သံုးႏိုင္ဦးမွာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ Apple ဟာ ECG စနစ္ကုိ ကေနဒါႏုိင္ငံမွာလည္း သံုးႏုိင္ေအာင္ Health Canada နဲ႔ေဆြးေႏြးေနတယ္ဆိုတဲ့ သတင္းထြက္လာပါတယ္။ Watch Series 4 ကုိ 40mm ၊ 44mm ၂မ်ိဳးသာ ေရြးခ်ယ္ႏုိင္ပါမယ္။ WatchOS သစ္က မ်က္ႏွာျပင္အရြယ္အစားႀကီးမႈမွာ ပုိအလုပ္ျဖစ္လာပါတယ္။

Image result for apple watch series 4 ecg

Apple Watch သစ္ကုိ Apple S4 Chipset သစ္ႏွင့္ ပါ၀ါေထာက္ပံ့ထားၿပီး ယမန္ႏွစ္ Chipset ထက္ စြမ္းေဆာင္ရည္ ႏွစ္ဆ ျမင့္မားပါတယ္။  ECG စနစ္ သံုးႏုိင္ေအာင္ Apple ဟာ ႏုိင္ငံအသီးသီးမွ အာဏာပုိင္မ်ားရဲ႕ ေထာက္ခံခ်က္ ရရွိဖို႔ လိုေနတာေတာ့ အမွန္ပါပဲ။

ႏွလံုးခုန္ႏႈန္းတိုင္းတာမႈ ပုိမိုတိက် မွန္ကန္လာပါတယ္။ Digital Crown မွာ လက္ညိဳးကုိ စကၠန္႔သံုးဆယ္ဖိကာ ေက်ာဘက္မွာရွိတဲ့ Sensorနဲ႔ ေပါင္းစပ္ၿပီး မွန္ကန္တဲ့ ႏွလံုးခုန္ႏႈန္းကုိ တုိင္းတာေပးပါမယ္။ အေမရိကန္ FDA ေထာက္ခံခ်က္ ရရွိထားပါတယ္။ ဘက္ထရီပိုင္း ကုိလည္း ပိုေကာင္းေအာင္ လုပ္ေဆာင္လာၿပီး စနစ္အားလံုး အသံုးျပဳမယ္ဆိုရင္ 18 နာရီ အသံုးျပဳႏုိင္ပါမယ္။

unicode

Apple Watch Series 4 ကိုတော့ မနေ့က စတင်ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ GPS ဗားရှင်းဈေးနှုန်းက ဒေါ်လာ 399 ဖြစ်ပြီး LTE ဗားရှင်းဈေးနှုန်းက ဒေါ်လာ 499 ဖြစ်ပါတယ်။  Apple Watch Series 4 ရဲ့ အကောင်းဆုံး စနစ်တွေထဲက တစ်ခုကတော့ ECG လို့ဆိုနိုင်ပါတယ်။

Apple အနေနဲ့  ECG စနစ်ကို FDA ရဲ့ ခွင့်ပြုချက် ရရှိပြီး ဖြစ်ပေမယ့် တပါတည်း ထည့်သွင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ယခုနှစ် နှောင်းပိုင်းမှာ Update ပေးပြီးတော့ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါအပြင့် အဲ့ဒီစနစ်ကို အမေရိကန်မှာပဲ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Apple ဟာ ECG စနစ်ကို ကနေဒါနိုင်ငံမှာလည်း သုံးနိုင်အောင် Health Canada နဲ့ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ Watch Series 4 ကို 40mm ၊ 44mm ၂မျိုးသာ ရွေးချယ်နိုင်ပါမယ်။ WatchOS သစ်က မျက်နှာပြင်အရွယ်အစားကြီးမှုမှာ ပိုအလုပ်ဖြစ်လာပါတယ်။

Apple Watch သစ်ကို Apple S4 Chipset သစ်နှင့် ပါဝါထောက်ပံ့ထားပြီး ယမန်နှစ် Chipset ထက် စွမ်းဆောင်ရည် နှစ်ဆ မြင့်မားပါတယ်။  ECG စနစ် သုံးနိုင်အောင် Apple ဟာ နိုင်ငံအသီးသီးမှ အာဏာပိုင်များရဲ့ ထောက်ခံချက် ရရှိဖို့ လိုနေတာတော့ အမှန်ပါပဲ။

နှလုံးခုန်နှုန်းတိုင်းတာမှု ပိုမိုတိကျ မှန်ကန်လာပါတယ်။ Digital Crown မှာ လက်ညိုးကို စက္ကန့်သုံးဆယ်ဖိကာ ကျောဘက်မှာရှိတဲ့ Sensorနဲ့ ပေါင်းစပ်ပြီး မှန်ကန်တဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါမယ်။ အမေရိကန် FDA ထောက်ခံချက် ရရှိထားပါတယ်။ ဘက်ထရီပိုင်း ကိုလည်း ပိုကောင်းအောင် လုပ်ဆောင်လာပြီး စနစ်အားလုံး အသုံးပြုမယ်ဆိုရင် 18 နာရီ အသုံးပြုနိုင်ပါမယ်။

Leave a Reply