Samsung ရဲ႕ Galaxy F ေကြးညႊတ္ဖုန္းမွာ Gorilla Glass သုံးလာမွာ မဟုတ္

0
929

Huawei နဲ႔ Samsung တို႔ဟာ လက္ရွိအခ်ိန္မွာေတာ့ ပထမဆုံး foldable စမတ္ဖုန္း ထုတ္လုပ္ႏုိင္ဖုိ႔အတြက္ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။  ေတာင္ကိုရီးယား ကုမၸဏီအေနနဲ႔ကေတာ့ ေကြးညြတ္ႏိုင္တဲ့ မ်က္ႏွာျပင္နဲ႔ စမတ္ဖုန္းကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတာၾကာပါၿပီ။

သူ႕ကိုေတာ့ Galaxy F လို႔နာမည္ေပးထားၿပီး ဒီေန႔ထြက္လာတဲ့ သတင္းမွာေတာ့ အဲ့ဒီဖုန္းရဲ႕ မ်က္ႏွာျပင္ကာကြယ္ႏုိင္စြမ္းအတြက္ Gorilla Glass ကိုသုံးလာမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ယခုႏွစ္ဝက္ေလာက္က ထြက္ခဲ့တဲ့သတင္းေတြအရ foldable Galaxy ဖုန္းကို လာမယ့္ႏွစ္မွာ မိတ္ဆက္ဖို႔ျပင္ဆင္ေနတယ္ ဆုိထားၿပီး foldable OLEDs သုံးလာမယ္လို႔ သိရပါတယ္။ သတင္းေတြအရ ႏိုဝင္ဘာလမွာ က်င္းပသြားမယ့္ Samsung Developers Conference 2018 မွာ အဲဒီေခါက္သိမ္းႏုိင္တဲ့ Galaxy ဖုန္းကို မိတ္ဆက္သြားႏုိင္ၿပီး ဖုန္းနဲ႔ ပတ္သတ္တဲ့ အျခားအခ်က္ေတြကိုေတာ့ ေဖာ္ျပထားျခင္း မရွိေသးပါဘူး။

ကိုရီးယားကုမၸဏီအေနနဲ႔ လက္ရွိအခ်ိန္မွာ Galaxy Note 9 ဖုန္းကို ေရာင္းခ်ထားၿပီး ၊ ၂၀၁၉ခုႏွစ္မွာေတာ့ S10 စီးရီးဖုန္းေတြကို မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

Huawei ကေနဒီရက္ပိုင္းအတြင္း ထြက္လာတဲ့ သတင္းေတြအရ Huawei ရဲ႕  foldable phone ဖုန္းဟာ 5G ဖုန္း ျဖစ္လာမယ္လို႔ သိရပါတယ္။ စမတ္ဖုန္းသစ္ကို ေစာစီးစြာ ရရွိႏုိင္ဖို႔ ျပဳလုပ္လ်က္ရွိၿပီး 2019 ႏွစ္လယ္ပိုင္းေလာက္မွာ ေရာင္းခ်ႏုိင္ဖို႔ ျပင္ဆင္ေနပါတယ္။

unicode

Huawei နဲ့ Samsung တို့ဟာ လက်ရှိအချိန်မှာတော့ ပထမဆုံး foldable စမတ်ဖုန်း ထုတ်လုပ်နိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။  တောင်ကိုရီးယား ကုမ္ပဏီအနေနဲ့ကတော့ ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်နဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတာကြာပါပြီ။

သူ့ကိုတော့ Galaxy F လို့နာမည်ပေးထားပြီး ဒီနေ့ထွက်လာတဲ့ သတင်းမှာတော့ အဲ့ဒီဖုန်းရဲ့ မျက်နှာပြင်ကာကွယ်နိုင်စွမ်းအတွက် Gorilla Glass ကိုသုံးလာမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ယခုနှစ်ဝက်လောက်က ထွက်ခဲ့တဲ့သတင်းတွေအရ foldable Galaxy ဖုန်းကို လာမယ့်နှစ်မှာ မိတ်ဆက်ဖို့ပြင်ဆင်နေတယ် ဆိုထားပြီး foldable OLEDs သုံးလာမယ်လို့ သိရပါတယ်။ သတင်းတွေအရ နိုဝင်ဘာလမှာ ကျင်းပသွားမယ့် Samsung Developers Conference 2018 မှာ အဲဒီခေါက်သိမ်းနိုင်တဲ့ Galaxy ဖုန်းကို မိတ်ဆက်သွားနိုင်ပြီး ဖုန်းနဲ့ ပတ်သတ်တဲ့ အခြားအချက်တွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

ကိုရီးယားကုမ္ပဏီအနေနဲ့ လက်ရှိအချိန်မှာ Galaxy Note 9 ဖုန်းကို ရောင်းချထားပြီး ၊ ၂၀၁၉ခုနှစ်မှာတော့ S10 စီးရီးဖုန်းတွေကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Huawei ကနေဒီရက်ပိုင်းအတွင်း ထွက်လာတဲ့ သတင်းတွေအရ Huawei ရဲ့  foldable phone ဖုန်းဟာ 5G ဖုန်း ဖြစ်လာမယ်လို့ သိရပါတယ်။ စမတ်ဖုန်းသစ်ကို စောစီးစွာ ရရှိနိုင်ဖို့ ပြုလုပ်လျက်ရှိပြီး 2019 နှစ်လယ်ပိုင်းလောက်မှာ ရောင်းချနိုင်ဖို့ ပြင်ဆင်နေပါတယ်။

Leave a Reply