Smartphone Trending

ေနာက္ေက်ာဘက္ ကင္မရာ ၃လုံးနဲ႔အတူ ဆန္းသစ္တဲ့လက္ေဗြဖတ္စနစ္ပါလာတဲ့ Samsung Galaxy A7 (2018)

Samsung အေနနဲ႔ ကင္မရာ ၃လုံးတပ္ဆင္ထားတဲ့ စမတ္ဖုန္းကို ျပဳလုပ္ေနတယ္ဆိုတဲ့ သတင္းထြက္ေနတာေတာ့ၾကာပါၿပီ။ ၿပီးခဲ့တဲ့ရက္ကတင္ စမတ္ဖုန္းနဲ႔  ပတ္သတ္တဲ့ ဓာတ္ပုံေတြ ထြက္ရွိထားပါေသးတယ္။ အဲ့ဒီပုံေတြမွာ ေနာက္ေက်ာဘက္ ကင္မရာ၃လုံးကို အလည္တည့္တည့္မွာ တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

Image result for galaxy a7 2018

သို႔ေပမယ့္ ဒီေန႔မွာေတာ့ ကိုရီးယားစမတ္ဖုန္း ထုတ္လုပ္သူဟာ ေနာက္ေက်ာဘက္မွာ ကင္မရာ ၃လုံးကို ေဘးေထာင္မွာကပ္လ်က္ ေထာင္လိုက္အေနအထားနဲ႔ တပ္ဆင္ထားတဲ့ စမတ္ဖုန္းသစ္ကို ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။

Galaxy A7 (2018) ျဖစ္ၿပီး သူ႕မွာ triple camera နဲ႔အတူ Super AMOLED display ကိုသုံးထားပါတယ္။  Galaxy A7 (2018) ဟာ မ်က္ႏွာျပင္ ခပ္က်ယ္က်ယ္ 6 လက္မနဲ႔ျဖစ္ၿပီး 1080 x 2220 pixel resolution မွာ  notch တပ္ဆင္ထားျခင္း မရွိပါဘူး။ Galaxy A7 ရဲ႕ေျပာင္းလဲမႈလုိ႔ ဆိုႏိုင္မယ့္ အဓိကကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ ၃လုံးတပ္ဆင္ထားပါတယ္။

Image result for galaxy a7 2018

အဓိကကင္မရာဟာ  24MP f/1.7 lens နဲ႔ျဖစ္ၿပီး၊ ဒုတိယတစ္ခုကေတာ့ 120° viewing angle စြမ္းေဆာင္ႏုိင္မယ့္ ultra-wide 8MP f/2.4 နဲ႔ျဖစ္ပါတယ္။  ၃ခုေျမာက္ကင္မရာကေတာ့ 5MP အရည္အေသြး  depth sensor ျဖစ္ပါတယ္။ အေရွ႕ဘက္ SELFIE  ပိုင္းအတြက္လည္း အၾကမ္းစား 24 MP, f/2.0 ကိုသုံးထားပါတယ္။

Image result for galaxy a7 2018

ပရိုဆက္ဆာပိုင္းအတြက္ေတာ့ octa-core 2.2GHz CPU လို႔ဆိုေပမယ့္ ဘာအမ်ိဳးအစားကို သုံးလာတယ္ဆိုတာေတာ့ မသိရပါဘူး။ ကုမၸဏီကထုတ္တဲ့ ပရိုဆက္ဆာပဲ ျဖစ္ဖုိ႔မ်ားပါတယ္။ memory ပိုင္းမွာ ၃မ်ိဳးခြဲ ထုတ္ထားၿပီး 4GB/64GB, 4GB/128GB နဲ႔ 6GB/128GB တို႔ျဖစ္ပါတယ္။

Tech specs

OS ပိုင္းအတြက္ Android 8.0 ကိုသုံးလာၿပီး ဘက္ထရီစြမ္းအားကေတာ့  3,300 mAh ပါဝါစြမ္းအားနဲ႔ပါ။ ကင္မရာပိုင္းတင္ ေျပာင္းလဲတာတာမဟုတ္ပဲ fingerprint reader ကိုလည္း ကိုယ္ထည္ရဲ႕ ညာဘက္အျခမ္း အေပၚဘက္ ေထာင့္ေလးမွာ ထည့္သြင္းေပးထားပါတယ္။ ေစ်းႏႈန္းကေတာ့  ေဒၚလာ ၄၁၀ (€350  ) နဲ႔စတင္ေရာင္းခ်လာမွာျဖစ္ပါတယ္။

unicode

Samsung အနေနဲ့ ကင်မရာ ၃လုံးတပ်ဆင်ထားတဲ့ စမတ်ဖုန်းကို ပြုလုပ်နေတယ်ဆိုတဲ့ သတင်းထွက်နေတာတော့ကြာပါပြီ။ ပြီးခဲ့တဲ့ရက်ကတင် စမတ်ဖုန်းနဲ့  ပတ်သတ်တဲ့ ဓာတ်ပုံတွေ ထွက်ရှိထားပါသေးတယ်။ အဲ့ဒီပုံတွေမှာ နောက်ကျောဘက် ကင်မရာ၃လုံးကို အလည်တည့်တည့်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

သို့ပေမယ့် ဒီနေ့မှာတော့ ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူဟာ နောက်ကျောဘက်မှာ ကင်မရာ ၃လုံးကို ဘေးထောင်မှာကပ်လျက် ထောင်လိုက်အနေအထားနဲ့ တပ်ဆင်ထားတဲ့ စမတ်ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Galaxy A7 (2018) ဖြစ်ပြီး သူ့မှာ triple camera နဲ့အတူ Super AMOLED display ကိုသုံးထားပါတယ်။  Galaxy A7 (2018) ဟာ မျက်နှာပြင် ခပ်ကျယ်ကျယ် 6 လက်မနဲ့ဖြစ်ပြီး 1080 x 2220 pixel resolution မှာ  notch တပ်ဆင်ထားခြင်း မရှိပါဘူး။ Galaxy A7 ရဲ့ပြောင်းလဲမှုလို့ ဆိုနိုင်မယ့် အဓိကကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ ၃လုံးတပ်ဆင်ထားပါတယ်။

အဓိကကင်မရာဟာ  24MP f/1.7 lens နဲ့ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ 120° viewing angle စွမ်းဆောင်နိုင်မယ့် ultra-wide 8MP f/2.4 နဲ့ဖြစ်ပါတယ်။  ၃ခုမြောက်ကင်မရာကတော့ 5MP အရည်အသွေး  depth sensor ဖြစ်ပါတယ်။ အရှေ့ဘက် SELFIE  ပိုင်းအတွက်လည်း အကြမ်းစား 24 MP, f/2.0 ကိုသုံးထားပါတယ်။

ပရိုဆက်ဆာပိုင်းအတွက်တော့ octa-core 2.2GHz CPU လို့ဆိုပေမယ့် ဘာအမျိုးအစားကို သုံးလာတယ်ဆိုတာတော့ မသိရပါဘူး။ ကုမ္ပဏီကထုတ်တဲ့ ပရိုဆက်ဆာပဲ ဖြစ်ဖို့များပါတယ်။ memory ပိုင်းမှာ ၃မျိုးခွဲ ထုတ်ထားပြီး 4GB/64GB, 4GB/128GB နဲ့ 6GB/128GB တို့ဖြစ်ပါတယ်။

OS ပိုင်းအတွက် Android 8.0 ကိုသုံးလာပြီး ဘက်ထရီစွမ်းအားကတော့  3,300 mAh ပါဝါစွမ်းအားနဲ့ပါ။ ကင်မရာပိုင်းတင် ပြောင်းလဲတာတာမဟုတ်ပဲ fingerprint reader ကိုလည်း ကိုယ်ထည်ရဲ့ ညာဘက်အခြမ်း အပေါ်ဘက် ထောင့်လေးမှာ ထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းကတော့  ဒေါ်လာ ၄၁၀ (€350  ) နဲ့စတင်ရောင်းချလာမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.