Geekbench မှာထွက်ရှိလာတဲ့ 8GB RAM နဲ့ Realme 2 Pro

0
552





unicode

Realme 2 Pro စမတ်ဖုန်းကို နောက်တစ်ပတ်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဖုန်းသစ်မှာ Snapdragon 660 chipset သုံးလာမယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ codenamed သတ်မှတ်မှု OPPO RMX1807 ဆိုတဲ့နာမည်နဲ့Realme 2 Pro ဖုန်းရဲ့ စမ်းသပ်ချက်တွေ Geekbench မှာထွက်ရှိလာပါတယ်။ သူ့မှာ 8GB RAM သုံးထားပါတယ်။

Geekbench စမ်းသပ်ချက်မှာ single-core score အတွက် 1452 ရရှိထားပြီး၊ multi-core မှာတော့ 5511 scoreရရှိထားပါတယ်။ ဒီဖုန်းအတွက် မျော်လင့်စရာက Android 8.1 အခြေပြု Oppo ရဲ့ Color OS 5.1 သုံးလာနိုင်ခြေ ရှိတာပါ။ Realme 2 Pro ဖုန်းကို စက်တင်ဘာ ၂၇ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး 128 GB storage ဗားရှင်းပါ ထွက်လာပါလိမ့်မယ်။

Realme 2 မှာပိုကြီးတဲ့ ဘက်ထရီနဲ့  display သုံးထားပြီး နောက်ကျောဘက်မှာ dual ကင်မရာတပ်ဆင်ပေးထားပါတယ်။ Realme 2 Pro မှာတော့ 2 ထက်ပိုကောင်းတဲ့ပရိုဆက်ဆာ သုံးလာနိုင်ပါတယ်။ Realme 2 ကိုစက်တင်ဘာ ၁၂ရက်နေ့က စတင်ရောင်းချထားပါတယ်။

Realme 2 မှာ Snapdragon 450 နဲ့အတူ 4GB RAM နဲ့ဖြစ်ကာ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 32GB ၊ 64GB ဖြစ်ကာ ထပ်မံတိုးလို့လည်း ရနိုင်ပါတယ်။ Realme 2 Pro နဲ့ပတ်သတ်တဲ့ အခြား အချက်အလက်တွေကိုတော့မသိရသေးပါဘူး။

Leave a Reply