iPhone ဝယ္ဖို႔တန္းဆီေနသူေတြကို Power Bank ေတြအခမဲ့ေဝေပးခဲ့တဲ့ Huawei

0
1190

Apple ရဲ႕ iPhone အသစ္ေတြျဖစ္တဲ့ iPhone XS နဲ႔ XS Max ေတြကိုဒီေန႔စတင္ေရာင္းခ်ၿပီ ျဖစ္ပါတယ္။ မေန႔ညကေတာ့ စမတ္ဖုန္းေစ်းကြက္ရဲ႕ ၿပဳိင္ဘက္ေတြလို႔ သတ္မွတ္ႏိုင္တဲ့ Huawei ဟာ စကာၤပူႏုိင္ငံရဲ႕ Apple Store ရွိရာ Orchard လမ္းေပၚမွ ေစာင့္ဆုိင္းေနသူေတြကို 10000 mAh ရွိတဲ့ Power bank ေတြကို အခမဲ႔ လိုက္လံ ေဝငွေပးခဲ့တယ္လို႔ သိုရပါတယ္။

iPhone XS နဲ႔ XS Max ဝယ္ဖုိ႔ညအိပ္ေစာင့္ဆိုင္းေနတဲ့ Apple fans ေတြဟာ Huawei ရွပ္အကီ်ဝတ္ဆင္ထားတဲ့ သူေတြ ည၁၁နာရီေလာက္မွာ ရုတ္တရက္လာေရာက္ၿပီး ဒီလိုလက္ေဆာင္ေပးခဲ့တာေၾကာင့္အရမ္းကို အံ့အားသင့္ခဲ့ၾကပါတယ္။

“You’ll need it” ဆိုတဲ့ စာတမ္းပါတဲ့ လက္ေဆာင္ပစၥည္းေလးေတြကို  ေပးအပ္ခဲ့ၾကတာ ျဖစ္ၿပီး လက္ေဆာင္ထုတ္ေလးထဲမွာေတာ့ 10000mAh Power Bank ေလးကိုထည့္သြင္းေပးထားပါတယ္။

Huawei ရဲ႕ေစ်းကြက္ပိုင္းဆိုင္ရာ မားကတ္တင္းဆင္းမႈကေတာ့ အ့ံၾသဖို႔ေကာင္းခဲ့ၿပီး လက္ေဆာင္ေပးခဲ့တဲ့ Power Bank တစ္ခုရဲ႕တန္ဘိုးဟာ စင္ကာပူေဒၚလာ ၈၀ ေလာက္တန္ေၾကးရွိပါတယ္။ Mothership.sg ကလာတဲ့ အခ်က္အလက္ေတြအရ Huawei အေနနဲ႔  Power Bank အခုေရေပါင္း ၂၀၀ ေလာက္အထိေပးခဲ့တယ္လို႔ ဆိုပါတယ္။

iPone XS Max မွာ ဘက္ထရီ အရြယ္အစားပမာဏ 3174 mAh, iPhone XS ကေတာ့ 2658 mAh နဲ႔  iPhone XR မွာေတာ့ 2942 mAh ဘက္ထရီစြမ္းအားကို သုံးထားပါတယ္။

Source_mothership.sg

unicode

Apple ရဲ့ iPhone အသစ်တွေဖြစ်တဲ့ iPhone XS နဲ့ XS Max တွေကိုဒီနေ့စတင်ရောင်းချပြီ ဖြစ်ပါတယ်။ မနေ့ညကတော့ စမတ်ဖုန်းဈေးကွက်ရဲ့ ပြိုင်ဘက်တွေလို့ သတ်မှတ်နိုင်တဲ့ Huawei ဟာ စကာၤပူနိုင်ငံရဲ့ Apple Store ရှိရာ Orchard လမ်းပေါ်မှ စောင့်ဆိုင်းနေသူတွေကို 10000 mAh ရှိတဲ့ Power bank တွေကို အခမဲ့ လိုက်လံ ဝေငှပေးခဲ့တယ်လို့ သိုရပါတယ်။

iPhone XS နဲ့ XS Max ဝယ်ဖို့ညအိပ်စောင့်ဆိုင်းနေတဲ့ Apple fans တွေဟာ Huawei ရှပ်အကျီဝတ်ဆင်ထားတဲ့ သူတွေ ည၁၁နာရီလောက်မှာ ရုတ်တရက်လာရောက်ပြီး ဒီလိုလက်ဆောင်ပေးခဲ့တာကြောင့်အရမ်းကို အံ့အားသင့်ခဲ့ကြပါတယ်။

“You’ll need it” ဆိုတဲ့ စာတမ်းပါတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို  ပေးအပ်ခဲ့ကြတာ ဖြစ်ပြီး လက်ဆောင်ထုတ်လေးထဲမှာတော့ 10000mAh Power Bank လေးကိုထည့်သွင်းပေးထားပါတယ်။

Huawei ရဲ့ဈေးကွက်ပိုင်းဆိုင်ရာ မားကတ်တင်းဆင်းမှုကတော့ အံ့သြဖို့ကောင်းခဲ့ပြီး လက်ဆောင်ပေးခဲ့တဲ့ Power Bank တစ်ခုရဲ့တန်ဘိုးဟာ စင်ကာပူဒေါ်လာ ၈၀ လောက်တန်ကြေးရှိပါတယ်။ Mothership.sg ကလာတဲ့ အချက်အလက်တွေအရ Huawei အနေနဲ့  Power Bank အခုရေပေါင်း ၂၀၀ လောက်အထိပေးခဲ့တယ်လို့ ဆိုပါတယ်။

iPone XS Max မှာ ဘက်ထရီ အရွယ်အစားပမာဏ 3174 mAh, iPhone XS ကတော့ 2658 mAh နဲ့  iPhone XR မှာတော့ 2942 mAh ဘက်ထရီစွမ်းအားကို သုံးထားပါတယ်။

Leave a Reply