ေအာက္တိုဘာ ၄ရက္ေန႔မွာ စမတ္ဖုန္းသစ္မိတ္ဆက္သြားမယ့္ HMD Global

0
551

HMD Global အေနနဲ႔ ဒီေန႔မွာေတာ့ စမတ္ဖုန္းသစ္ မိတ္ဆက္ပြဲအတြက္ ဖိတ္စာေတြကို စတင္ေဝေနၿပီ ျဖစ္ပါတယ္။ ပြဲကိုေတာ့ ေအာက္တိုဘာ ၄ရက္ေန႔ လန္ဒန္မွာ ျပဳလုပ္မွာပါ။ အသစ္မိတ္ဆက္မယ့္ ဖုန္းနဲ႔ ပတ္သတ္ၿပီး အျခားအခ်က္ေတြ မသိရေသးေပ့မယ့္  Nokia 7.1 Plus  ျဖစ္လာမယ္လို႔ေတာ့ ထင္ေၾကေပးေနၾကပါတယ္။ HMD Global ဟာ Nokia 9 ကုိလည္း မိတ္ဆက္လာႏုိင္ပါတယ္။ သိုေပမယ့္ ဒီသတင္းကေတာ့ အတည္ျပဳဖုိ႔ ခက္ခဲပါတယ္။

ဘာေၾကာင့္လဲဆိုရင္ မၾကာေသးမီတုန္းက HMD Global ဟာ Nokia 9 ကုိ လာမယ့္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလမွာမွ မိတ္ဆက္ဖို႔ ေရႊ႕ဆိုင္းထားေၾကာင္း သတင္းထြက္ခဲ့ပါတယ္။HDM Global ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Nokia 8 Sirocco ကုိ ေၾကညာခဲ့တာေၾကာင့္ ယခုႏွစ္မွာလည္း အဆင့္ျမင့္စမတ္ဖုန္းကုိ ျမင္ေတြ႕ရဖို႔ Nokia ပရိသတ္ေတြ ေမ်ာ္လင့္ေနၾကတာပါ။ ဒီေမွ်ာ္လင့္ခ်က္ကေတာ့ ျပည့္လာမယ္လို႔ မထင္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ Nokia 7.1 Plus ကိုမိတ္ဆက္ဖုိ႔ ေသခ်ာသေလာက္ ရွိေနလို႔ပါ။

အဲ့ဒီဖုန္းသစ္ရဲ႕ အေရွ႕ဘက္ျခမ္းမွာ Notch ဒီဇုိင္းပါ၀င္လာမယ့္အျပင္ ေက်ာဘက္ကင္မရာႏွစ္လံုးကုိ Zeiss Lens သံုးလာမယ္လို႔ သိရပါတယ္။ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 710 ၊ RAM6GB နဲ႔ပါ၀ါေထာက္ပံ့လာမွာ ျဖစ္ၿပီး Android One ဖုန္းျဖစ္လာပါမယ္။ သူ႕မွာ 6.1 လက္မနဲ႔အတူ Corning Gorilla Glass 3 ကာကြယ္ေပးထားမွာပါ။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာမွာ 12 MP, f/1.9, 1/2.55″ နဲ႔ 5 MP, depth sensor တို႔ေပါင္းစပ္ေပးထားမွာ ျဖစ္ပါတယ္။

unicode

HMD Global အနေနဲ့ ဒီနေ့မှာတော့ စမတ်ဖုန်းသစ် မိတ်ဆက်ပွဲအတွက် ဖိတ်စာတွေကို စတင်ဝေနေပြီ ဖြစ်ပါတယ်။ ပွဲကိုတော့ အောက်တိုဘာ ၄ရက်နေ့ လန်ဒန်မှာ ပြုလုပ်မှာပါ။ အသစ်မိတ်ဆက်မယ့် ဖုန်းနဲ့ ပတ်သတ်ပြီး အခြားအချက်တွေ မသိရသေးပေ့မယ့်  Nokia 7.1 Plus  ဖြစ်လာမယ်လို့တော့ ထင်ကြေပေးနေကြပါတယ်။ HMD Global ဟာ Nokia 9 ကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။ သိုပေမယ့် ဒီသတင်းကတော့ အတည်ပြုဖို့ ခက်ခဲပါတယ်။

ဘာကြောင့်လဲဆိုရင် မကြာသေးမီတုန်းက HMD Global ဟာ Nokia 9 ကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာမှ မိတ်ဆက်ဖို့ ရွှေ့ဆိုင်းထားကြောင်း သတင်းထွက်ခဲ့ပါတယ်။HDM Global ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Nokia 8 Sirocco ကို ကြေညာခဲ့တာကြောင့် ယခုနှစ်မှာလည်း အဆင့်မြင့်စမတ်ဖုန်းကို မြင်တွေ့ရဖို့ Nokia ပရိသတ်တွေ မျော်လင့်နေကြတာပါ။ ဒီမျှော်လင့်ချက်ကတော့ ပြည့်လာမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် Nokia 7.1 Plus ကိုမိတ်ဆက်ဖို့ သေချာသလောက် ရှိနေလို့ပါ။

အဲ့ဒီဖုန်းသစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ Notch ဒီဇိုင်းပါဝင်လာမယ့်အပြင် ကျောဘက်ကင်မရာနှစ်လုံးကို Zeiss Lens သုံးလာမယ်လို့ သိရပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 710 ၊ RAM6GB နဲ့ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး Android One ဖုန်းဖြစ်လာပါမယ်။ သူ့မှာ 6.1 လက်မနဲ့အတူ Corning Gorilla Glass 3 ကာကွယ်ပေးထားမှာပါ။ ကင်မရာပိုင်းအတွက် နောက်ကျောမှာ 12 MP, f/1.9, 1/2.55″ နဲ့ 5 MP, depth sensor တို့ပေါင်းစပ်ပေးထားမှာ ဖြစ်ပါတယ်။

Leave a Reply