အောက်တိုဘာလနှောင်ပိုင်းမှာ ရောင်းချပေးတော့မယ့် Asus ROG Phone

0
399





Asus ROG Phone pops up on GearBest with a late-October shipping date


unicode

Asus ROG Phone ဖုန်းကို ပြီးခဲ့တဲ့ ဇွန်လက မိတ်ဆက်ထးတာ ဖြစ်တာကြောင့် ၄လဝန်းကျင်လောက် ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် အခုချိန်ထိ ဈေးကွက်ထဲမှာ ရောင်းချခြင်း မရှိသေးပါဘူး။ ဒီနေ့ GearBest  ကထွက်လာတဲ့ စာရင်းအရ ဂိမ်းမင်းဖုန်းသစ်ကို အောက်တိုဘာလလယ်ပိုင်းလောက်မှာ ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်။ ရက်စွဲ့ကတော့ အောက်တိုဘာ 22 ကနေ 24 ရက်ကြား ဖြစ်ပါတယ်။

ASUS ROG game ဖုန်းမှာ 6-inch AMOLED screen နဲ့ Snapdragon 845 chipသုံးထားပါတယ်။  ဒီဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ အပြည့်အစုံထွက်ထားပြီးသားပါ။

ဂိမ်းဆော့ကစားဖို့အတွက်လည်း “AirTrigger”  လို့ခေါ်တဲ့ သုံးစွဲသူတွေစိတ်ကြိုက်ချိန်ညှိနိုင်မယ့် ခလုတ်လေးတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဂိမ်းကစားတဲ့အချိန်မှာ ခလုတ်လေးတွေလို ကိုင်တွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးစွမ်းအားအတွက် Qualcomm Snapdragon 845 ပရိုဆက်ဆာကိုပါဝင်ပြီး clocks speed ကို  2.8GHz ကနေ 2.96GHz တိုးမြင့်ပေးနိုင်ပါတယ်။

8GB  RAM နဲ့အတူ သုံးစွဲသူစိတ်ကြိုက် 128GB (သို့) 512GB storage ကိုရွေးချယ်ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းကတော့ 8GB RAM /128GB Model ကို ၁၃၂၀ ဒေါ်လာနဲ့ 8/512GB Model ကို ၁၆၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply