
0
692




unicode

Snapdragon 710 ပါတဲ့ တန်ဖိုးနည်း Meizu X8

Meizu က တန်ဖိုးနည်း X8 ကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Specs များက အထင်သေးလို့ မရပါဘူး။ သူ့မှာ ၆.၂ လက်မ Full HD+ (2220x1080p) Display ထည့်သွင်းထားပါတယ်။ 2.2GHz Octa-Core CPU ပါတဲ့ Qualcomm Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ 4/64GB , 6/64GB , 6/128GB Model များ ထုတ်လုပ်ပေးထားပါတယ်။

အနောက်ဘက်မှာ 12MP f/1.9 Main Camera နဲ့ 5MP Camera များ ထည့်သွင်းထားပြီး Portrait Photo များကို ဖန်တီးပေးနိုင်ပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 20MP ဖြစ်ပါတယ်။ Face AE လို့ အမည်ပေးထားတဲ့ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်တဲ့ စွမ်းရည် ပါပါတယ်။ မျက်နှာအာရုံခံ နည်းပညာဟာ AI ပါတဲ့ Flyme OS ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ သူဟာ Android Oreo အခြေပြု ဖြစ်ပါတယ်။

ဘက်ထရီက 3210mAh ဖြစ်ပြီး USB-C Port ကို ဖုန်းရဲ့ အောက်ခြေမှာ ထည့်သွင်းထားပါတယ်။ 3.5mm Jack လည်း ပါပါနတယ်။ အပြာ၊ အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 4/64GB ကို ယွမ် ၁၅၉၈ (၂၃၀ ဒေါ်လာ) , 6/64GB ကို ယွမ် ၁၇၉၈ ( ၂၆၂ ဒေါ်လာ) , 6/128GB ကို ယွမ် ၁၉၉၈ ( ၂၉၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ မီဇူး ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

Leave a Reply