Huawei ရဲ႕ ပထမဆံုး ေကြးညႊတ္ ဖုန္းဟာ သူ႔ရဲ႕ ပထမဆံုး 5G Phone ျဖစ္လာမည္

0
579

ဟြာေ၀းနဲ႔ ဆမ္ေဆာင္း တို႔ဟာ ေကြးညႊတ္ စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။ အခုေတာ့ ဟြာေ၀းမွ အရာရွိ တစ္ဦး ျဖစ္သူ Ken Hu က Huawei ရဲ႕ ပထမဆံုး ေကြးညႊတ္ ဖုန္းဟာ သူ႔ရဲ႕ ပထမဆံုး 5G Phone ျဖစ္လာမယ္လို႔ ေျပာလိုက္ပါတယ္။ သူ႔ကို ေမွ်ာ္လင့္ထားတာထက္ ေစာစီးစြာ ၂၀၁၉ ခုႏွစ္ လယ္ေလာက္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဟြာေ၀းရဲ႕ ဘရန္းခြဲ Honor ကလည္း 5G Smartphone ကို ဖန္တီးေနပါတယ္။

Hu က 5G ရဲ႕ အဓိက အားသာခ်က္ သံုးခုကိုလည္း ေျပာျပသြားပါတယ္။ 5G ဟာ ပိုမိုျမန္တဲ့ Mobile Broadband ၊ ေလ်ာ့ပါးသြားတဲ့ Latency နဲ႔ Internet of Things တို႔အတြက္ အလြန္ ေကာင္းလာမွာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းရဲ႕ စီအီးအိုက ယခုႏွစ္ကုန္မွာ ေကြးညႊတ္ စမတ္ဖုန္းကို ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။ ဆမ္ေဆာင္းက 5G Modem ကိုလည္း ျပသထားၿပီးျဖစ္ၿပီး ယခုႏွစ္ကုန္မွာ ေရာင္းခ်မယ္လို႔ ေျပာပါတယ္။ ဆမ္ေဆာင္းရဲ႕ ေကြးညႊတ္ စမတ္ဖုန္းဟာ 5G Phone ျဖစ္မလားဆိုတာ မသိရေသးပါဘူး။

ယခင္ သတင္းမ်ားအရ ဟြာေ၀းရဲ႕ ပထမဆံုး 5G Phone ဟာ Mate 30 ျဖစ္ႏုိင္ပါတယ္။ ဟြာေ၀းရဲ႕ Mate Series မ်ားကို ေရာင္းခ်တဲ့ သမိုင္းကို ၾကည့္မယ္ဆိုရင္ ေနာက္ထြက္မယ့္ Mate Phone ကို ၂၀၁၉ ခုႏွစ္ တတိယ ကြာတားမွာ ေရာင္းခ်မွာပါ။ ဒါေပမယ့္ ပထမဆံုး 5G Phone ဟာ ဟြာေ၀းအတြက္ သမိုင္းမွတ္တိုင္တစ္ခု ျဖစ္တဲ့အတြက္ ကုမၸဏီက Series အသစ္ျဖင့္ သူ႔ကို မိတ္ဆက္ႏုိင္ပါတယ္။ ဒီလိုျဖစ္မယ္ဆိုရင္ အဲဒီ အခ်ိန္မွာ Mate 30 နဲ႔ 5G Phone ႏွစ္ခုစလံုးကို ေတြ႕ျမင္ရႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္ ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့အတြက္ အျခား စမတ္ဖုန္း ထုတ္လုပ္သူမ်ားဟာလည္း သူတို႔ရဲ႕ 5G Phone နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ အျခား ကုမၸဏီမ်ားကလည္း ဟြာေ၀းနဲ႔ အခ်ိန္ အတူတူေလာက္မွာပဲ သူတိုု႔ရဲ႕ 5G Phone မ်ားကို ေရာင္းခ်ႏုိင္ပါတယ္။

unicode

Huawei ရဲ့ ပထမဆုံး ကွေးညွှတ် ဖုန်းဟာ သူ့ရဲ့ ပထမဆုံး 5G Phone ဖြစ်လာမည်

ဟွာဝေးနဲ့ ဆမ်ဆောင်း တို့ဟာ ကွေးညွှတ် စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အခုတော့ ဟွာဝေးမှ အရာရှိ တစ်ဦး ဖြစ်သူ Ken Hu က Huawei ရဲ့ ပထမဆုံး ကွေးညွှတ် ဖုန်းဟာ သူ့ရဲ့ ပထမဆုံး 5G Phone ဖြစ်လာမယ်လို့ ပြောလိုက်ပါတယ်။ သူ့ကို မျှော်လင့်ထားတာထက် စောစီးစွာ ၂၀၁၉ ခုနှစ် လယ်လောက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဟွာဝေးရဲ့ ဘရန်းခွဲ Honor ကလည်း 5G Smartphone ကို ဖန်တီးနေပါတယ်။

Hu က 5G ရဲ့ အဓိက အားသာချက် သုံးခုကိုလည်း ပြောပြသွားပါတယ်။ 5G ဟာ ပိုမိုမြန်တဲ့ Mobile Broadband ၊ လျော့ပါးသွားတဲ့ Latency နဲ့ Internet of Things တို့အတွက် အလွန် ကောင်းလာမှာ ဖြစ်ပါတယ်။

ဆမ်ဆောင်းရဲ့ စီအီးအိုက ယခုနှစ်ကုန်မှာ ကွေးညွှတ် စမတ်ဖုန်းကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ ဆမ်ဆောင်းက 5G Modem ကိုလည်း ပြသထားပြီးဖြစ်ပြီး ယခုနှစ်ကုန်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ 5G Phone ဖြစ်မလားဆိုတာ မသိရသေးပါဘူး။

ယခင် သတင်းများအရ ဟွာဝေးရဲ့ ပထမဆုံး 5G Phone ဟာ Mate 30 ဖြစ်နိုင်ပါတယ်။ ဟွာဝေးရဲ့ Mate Series များကို ရောင်းချတဲ့ သမိုင်းကို ကြည့်မယ်ဆိုရင် နောက်ထွက်မယ့် Mate Phone ကို ၂၀၁၉ ခုနှစ် တတိယ ကွာတားမှာ ရောင်းချမှာပါ။ ဒါပေမယ့် ပထမဆုံး 5G Phone ဟာ ဟွာဝေးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တဲ့အတွက် ကုမ္ပဏီက Series အသစ်ဖြင့် သူ့ကို မိတ်ဆက်နိုင်ပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင် အဲဒီ အချိန်မှာ Mate 30 နဲ့ 5G Phone နှစ်ခုစလုံးကို တွေ့မြင်ရနိုင်ပါတယ်။

၂၀၁၈ ခုနှစ် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အခြား စမတ်ဖုန်း ထုတ်လုပ်သူများဟာလည်း သူတို့ရဲ့ 5G Phone နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အခြား ကုမ္ပဏီများကလည်း ဟွာဝေးနဲ့ အချိန် အတူတူလောက်မှာပဲ သူတို့ရဲ့ 5G Phone များကို ရောင်းချနိုင်ပါတယ်။

Leave a Reply