အမုိက္စား ဘက္ထရီပါ၀င္္မႈ 5,000mAh နဲ႔ ထြက္ရွိလာမယ့္ Motorola One Power

0
724

Zawgyi version

Motorola က သူ႔ရဲ႕ ေနာက္ထပ္ထြက္ရွိမယ့္ ဖုန္းအသစ္ျဖစ္တဲ့ Motorola One Power ကို စက္တင္ဘာလ ၂၄ ရက္ေန႔မွာ မိတ္ဆက္မွာပဲ ျဖစ္ပါတယ္။ သူရဲ႕ ထူးျခားေနတာက ဘက္ထရီပို္င္းက 5000mAh ၾကီးေတာင္ဆိုေတာ့ တစ္ျခား Android ဖုန္းေတြရဲ႕ ဘက္ထရီပါ၀င္မႈနဲ႔ အျပိဳင္ယွဥ္နုိင္ပါတယ္။

ဥပမာ- XiaomiMi Max 3 (5,500mAh), Asus Zenfone Max Pro M1 (5,000mAh) နဲ႔ Motorola ရဲ႕ budget ဖုန္းျဖစ္တဲ့ Moto E5 Plus (5,000mAh)  တို႕နဲ႔ အသာေလး ယွဥ္နုိင္ပါတယ္။ သူက တစ္ခါ အားအျပည့္သြင္းထားရင္ standby အေနနဲ႔ ၂ ရက္ထိခံပါတယ္။ သူရဲ႕ features ေတြက Snapdragon 636 နဲ႔ထြက္ရွိလာမွာျဖစ္ျပီး RAM 4GB နဲ႔ storage 64GB ကို microSD ကဒ္ထပ္စိုက္နိုင္ပါေသးတယ္။

မ်က္နွာျပင္ကလဲ ၆.၂လက္မ ကိုမွ Full HD (1080 x 2246) display နဲ႔ထြက္ရွိမွာပါ။ ကင္မရာပိုင္းကေတာ့ ေနာက္ေက်ာဘက္ကင္္ကရာ ၂ လံုးက 16MP+5MP ျဖစ္ျပီး ေရွ႕ကင္မရာကေတာ့  12MP ပဲျဖစ္ပါတယ္။ သူက Android Oreo နဲ႔ထြက္ရိွမွာျဖစ္ျပီး သိပ္မၾကာခင္မွာပဲ Android Pie ကို upgrade ျမွင့္နုိင္မွာျဖစ္ပါတယ္။ သူ႔ကိုေတာ့ ဘယ္ေလာက္နဲ႔ေရာင္းခ်ဦးမယ္ဆုိျပီး ေစ်းကေတာ့ အတိအက်ထြက္မလာေသးပါဘူး။

Unicode version

Motorola က သူ့ရဲ့ နောက်ထပ်ထွက်ရှိမယ့် ဖုန်းအသစ်ဖြစ်တဲ့ Motorola One Power ကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။
သူရဲ့ ထူးခြားနေတာက ဘက်ထရီပိုင်းက 5000mAh ကြီးတောင်ဆိုတော့ တစ်ခြား Android ဖုန်းတွေရဲ့ ဘက်ထရီပါဝင်မှုနဲ့ အပြိုင်ယှဉ်နိုင်ပါတယ်။
ဥပမာ- XiaomiMi Max 3 (5,500mAh), Asus Zenfone Max Pro M1 (5,000mAh) နဲ့ Motorola ရဲ့ budget ဖုန်းဖြစ်တဲ့ Moto E5 Plus (5,000mAh) တို့နဲ့ အသာလေး ယှဉ်နိုင်ပါတယ်။ သူက တစ်ခါ အားအပြည့်သွင်းထားရင် standby အနေနဲ့ ၂ ရက်ထိခံပါတယ်။
သူရဲ့ features တွေက Snapdragon 636 နဲ့ထွက်ရှိလာမှာဖြစ်ပြီး
RAM 4GB နဲ့ storage 64GB ကို microSD ကဒ်ထပ်စိုက်နိုင်ပါသေးတယ်။
မျက်နှာပြင်ကလဲ ၆.၂လက်မ ကိုမှ Full HD (1080 x 2246) display နဲ့ထွက်ရှိမှာပါ။ ကင်မရာပိုင်းကတော့ နောက်ကျောဘက်ကင်ကရာ ၂ လုံးက 16MP+5MP ဖြစ်ပြီး ရှေ့ကင်မရာကတော့ 12MP ပဲဖြစ်ပါတယ်။ သူက Android Oreo နဲ့ထွက်ရှိမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ Android Pie ကို upgrade မြှင့်နိုင်မှာဖြစ်ပါတယ်။
သူ့ကိုတော့ ဘယ်လောက်နဲ့ရောင်းချဦးမယ်ဆိုပြီး ဈေးကတော့ အတိအကျထွက်မလာသေးပါဘူး။

Leave a Reply